ဟိုပုံး တောင်ပြိုမှုကြား သေဆုံးအလောင်း နှစ်လောင်း တစ်ပတ်ကျော်ကြာမှ ထုတ်နိုင်ခဲ့

သျှမ်းပြည် ဟိုပုံးမြို့နယ် စံဖူးကျေးရွာအုပ်စု ဗန်းစောက်ကျေးရွာတွင် ဖြစ်ပွားခဲ့သည့် တောင်ပြိုကြောင့် သေဆုံးသွားသော မြေအဖွား နှစ်ဦး အလောင်းကို တစ်ပတ်ကျော်ကြာမှ ပြန်သယ်ထုတ်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။ 

ပြီးခဲ့သည့် (စက်တင်ဘာလ ၁၁ ရက်) တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဟိုပုံးမြို့နယ် ဗန်းစောက်ရွာတွင် တောင်ပြိုမှု ဖြစ်ပွားကာ  မြေးအဖွား ၂ ဦး မြေပိသေဆုံးခဲ့သည်။  

ထိုအလောင်းနှစ်လောင်းကို တစ်ပတ်ကျော်ကြား ယမန်နေ့ (စက်တင်ဘာလ ၁၈ )ရက်တွင်  ရွာသားများစုပေါင်းပြီး တူးဖော်သယ်ထုတ်နိုင်ခဲ့ကြောင်း  ဗန်းစောက်ကျေးရွာ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ 

ဗန်စောက်ကျေးရွာ

“သူတို့အိပ်ပျော်နေတဲ့အချိန်မှာ တောင်ပြိုပြီး မြေတွေကအိမ်အောက်ကိုဝင်လာ မြေပြိသွားတာ။ သူတို့အိမ်က တောင်ခြေမှာရှိတာ” ဟု ၎င်းကပြောသည်။ 

သေဆုံးသူမှာ အဖွားဖြစ်သူ ဒေါ်မြနှင့် မြေးမလေးဖြစ်သူ နန်းသက်နွယ်ဦး ဖြစ်ကြသည်။

တောင်ပြိုမြေပိသေသွားသည့် မြေးအဘွားနှစ်ဉီး

အလားတူ ဗန်းစောက်ကျေးရွာအတွင်းတွင်  တောင်ပြိုမှုကြောင့်  နုန်းမြေနှင့်အတူပါသွားသော အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၂ ဦးတို့၏ အလောင်းကိုလည်း ယခုအချိန်ထိ ရှာမတွေ့သေးကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကိုပြောသည်။ 

ပျောက်ဆုံးသူများမှာ သျင်းမွိုးဆန်း၊ သျင်းဖါပျာ့နှင့် ခွန်ထွန်းဖေတို့ဖြစ်ကြပြီး ၎င်းတို့၏ အလောင်းများကို ရှာမတွေ့သေးသောကြောင့် မိသားစုဆွေးမျိုးတို့က ကုသိုလ်ပြုပြီး လှူဒါန်းပေးခဲ့သည်ဟု သိရသည်။ 

ထို့အပြင် ရေကြီးရေလျှံ၊ မြေပြို၊ တောင်ပြိုမှုများကြောင့် ဗန်စောက်ရွာမှ နေအိမ်စုစုပေါင်း ၄၀ ခန့် ပျက်စီးသွားကြောင်း သိရသည်။ 

တောင်ပြို မြေပိ

စက်တင်ဘာလ ၁၀ ရက်မှစ၍ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် တောင်ကြီးခရိုင်အတွင်းရှိ မြို့နယ်နှင့် ကျေးရွာအပါအဝင် လွိုင်လင်မြို့နယ်နှင့် မောက်မယ်မြို့နယ်တွင် ရေကြီးခြင်း၊ တောင်ပြိုခြင်းနှင့် မြေပြိုခြင်းများ ရုတ်တရက် ဖြစ်ပေါ်ခဲ့သောကြောင့် လူ ၁၄၀ ဦး သေဆုံးခဲ့သည်ဟု ပအိုဝ်းလူငယ်အစည်းအရုံး PYO က ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းငေါ့မြို့နယ်တွင် ရေကြီးမြေပြိုမှုကြောင့် လူ ၂ ဦးသေဆုံး၊ နိုင်ငံတစ်ဝန်း ရေးဘေးသင့်သူ ၆ သောင်းကျော်ရှိလာ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ ဖြစ်ပွားခဲ့သည့် ရေနစ်မှုနှင့် မြေပြိုမှုဖြစ်စဉ်များကြောင့် ရက်ပိုင်းအတွင်း ဒေသခံ ၂ ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၅ ရက်နေ့က မိုင်းငေါ့မြို့နယ် ဟဲခမ်းကျေးရွာရှိ နမ့်မီချောင်းအတွင်း သူငယ်ချင်းများနှင့်အတူ ရေဆင်းကစားရာမှ ပျောက်ဆုံးသွားခဲ့သည့် အသက် ၁၅...

မြန်မာ့အရေးထဲက သယံဇာတ တူးဖော်ရေးနဲ့ သဘာဝပတ်ဝန်းကျင် အရေးကိုလည်း မမေ့သင့်ပါ

0
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ သုံးရက်ကြာ ကျင်းပတဲ့ “အကျပ်အတည်းနှင့် ဖြစ်နိုင်ချေကြား မြန်မာပြည်ကူးပြောင်းရေး အသံ” ဆိုတဲ့ ဆွေးနွေးပွဲကို ကျင်းပခဲ့ပါတယ်။ ဒါဟာ (၅) ကြိမ်မြောက် ကျင်းပခဲ့တဲ့ မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေးညီလာခံ (International Conference on Burma/Myanmar) ဖြစ်ပြီး ကျနော်အနေနဲ့ ပထမဆုံးအကြိမ် တက်ရောက်ခဲ့တာပါ။ ညီလာခံကို ၂၀၂၆ သြဂုတ်လ ၁၄ ရက်ကနေ...

ဟိုပုံးမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်များ၌ ရေကြီးရေလျှံမှုများဖြစ်ပွား

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့တွင် မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် ယနေ့ (ဩဂုတ်လ ၁၀ ရက်) နံနက်ပိုင်းမှစတင်ကာ မြို့ပေါ်ရှိ မြေနိမ့်ပိုင်းရပ်ကွက်များအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ (၉) ရက်နေ့ ညပိုင်းမှစတင်ကာ မိုးအဆက်မပြတ် ရွာသွန်းခဲ့ခြင်းကြောင့် ယခုကဲ့သို့ ရေဝင်ရောက်မှုများ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး၊ မြို့ပေါ်ရပ်ကွက်အချို့ရှိ...

နှစ်စဉ် ရေကြီး တောင်ပြိုသည့် ဟိုပုံးဒေသ သစ်ပင်စိုက်ရန် စစ်အစိုးရ တပင် ကျပ်လေးရာဖြင့်ရောင်းချနေ

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသတွင် နှစ်စဉ်ကြုံတွေ့နေရသည့် ရေကြီး၊ တောင်ပြိုမှုကို ကာကွယ်ရန်အတွက် စစ်အစိုးရ၏ လက်အောက်ခံ သစ်တောဉီးစီးဌာနက သစ်ပင် ပြန်စိုက်ရန် တစ်ပင်လျှင် ကျပ်ငွေလေးရာ(၄၀၀))ဖြင့် ရောင်းချနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ (၂၈) ရက်နေ့တွင် သစ်တောဦးစီးဌာနက ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသအတွက် ကော်ဖီပင် ပိုမိုစိုက်ပျိုးနိုင်ရန်နှင့်...

ဟိုပုံးမြေသိမ်းမှု ကန့်ကွက်သူ ၆ ဦး သတင်းအစနမရ

0
သျှမ်းပြည်တောင်ပိုင်း၊ဟိုပုံးမြို့နယ် ညောင်ပင်ကျေးရွာမှ မြေယာသိမ်းဆည်းမှုကို ကန့်ကွက်ခဲ့သည့် ရွာသူကြီးအပါအဝင် ဒေသခံ ၆ဦးသည် ယနေ့ (မေ ၂၇)ရက်အထိ ပြန်လည်မလွတ်မြောက်သေးဘဲ သတင်းအစန မရရှိသေးကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ ပအိုဝ်းပြည်သူ့စစ် ( PNO)...