လွိုင်လင်မြို့နယ်မြေပြိုဒဏ်ခံရသည့် နေရာအချို့ အကူအညီလိုအပ်နေဆဲ 

 သျှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်တွင် ရေဘေးကြောင့် မြေပြိုခဲ့သော နောင်စံဖူးကျေးရွာမှ ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ပျက်စီးဆုံးရှုံးမှုများရှိကြောင်းသိရသည်။

စက်တင်ဘာလ ပထမအပတ်မှ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီးနောက် လွိုင်လင်မြို့နယ် နောင်စံဖူးကျေးရွာ အတွင်း မြေပြို၊ မြေကွဲမှုများဖြစ်ပေါ်ခဲ့သောကြောင့် နေအိမ် ၁၁ လုံးနှင့် ကျေးရွာဘုန်းကြီးကျောင်းရှိဇရပ်တစ်လုံး ပျက်စီးဆုံးရှုံးခဲ့သည်။

လက်ရှိတွင် ကျေးရွာတွင်းဒေသခံများ ပြောင်းရွေ့နေထိုင်နေရပြီး အကူအညီများစွာ လိုအပ်နေကြောင်း  သွားရောက် ကူညီပေးနေသည့် မိုင်းပွန်မြို့ မင်္ဂလာဦးကျောင်းဆရာတော်မှ သျှမ်းသံတော်ဆင့်သို့ မိန့်ကြားသည်။ 

နောင်စံဖူးကျေးရွာ မြေအက်ကွဲမှု

“ရွာက တောင်ပြို၊ မြေတွေကွဲပြီး အိမ်း ၁၁ လုံး ပျက်စီးတယ်၊ အနီးနားကအိမ်ခြေကလူတွေကလည်း ညညဆို တောင်တွေ၊ မြေကြီးတွေလှုပ်နေပြီး အသံကျယ်ကြီးကြားရတယ်လို့ပြောတယ်၊ ကိုယ့်အိမ်ကိုယ် လန့်ပြီး မအိပ်ရဲကြဘူး အနီးနားက ကျေးရွာရပ်ကွက်တွေဆီပြောင်းနေရတယ်” ဟု ဆရာတော် ဦးဝိဇ္ဇာနန္ဒ ကမိန့်သည်။ 

ကျေးရွာဒေသခံများမှာ တောင်ပြိုမည့် အန္တရာယ်ကို စိုးရိမ်သောကြောင့် ညဘက်တွင် မိမိတို့၏ နေအိမ်များတွင် မအိပ်ရဲကြကြောင်းသိရသည်။ 

နောင်စံဖူးကျေးရွာသည် အိမ်ခြေ ၁၂၀ ခန့်ရှိကာ မိုင်းပွန်မြို့နယ်မှ ၁ နာရီခွဲ့ခန့်သွားရပြီး လက်ရှိတွင် တောင်ပြို၊ မြေပြိုမှုများကြောင့် ကားများဝင်၍မရတော့ပဲ ဆိုင်ကယ်များဖြင့်သာဝင်၍ရကြောင်း ဆရာတော်မှ မိန့်ကြားသည်။

“တောဖက် ဆိုတော့ လျှပ်စစ်မီးမရှိ ဖုန်းလိုင်းမရှိ၊ ဖုန်းဆက်ချင်ရင် လိုင်းမိတဲ့ တောင်ပေါ်တက်ပြီး ခြင်အကိုက်ခံပြီးပြောရတယ်၊ အလှူရှင်တွေမသိကြတော့၊ ဦးဇင်းပဲ ဦးစီးပြီးအကူအညီတောင်းရတာ” ဟု ဆရာတော်က မိန့်သည်။ 

နောင်စံဖူးကျေးရွာ မြေအက်ကွဲမှု

နောင်စံဖူးရွာဒေသခံများမှာ ကော်ဖီ၊ ထောပတ်၊ လက်ဖက်စသည်တို့ကို စိုက်ပျိုးကြပြီး လက်ရှိမြေပြိုမှုကြောင့် ခြံများပျက်စီးဆုံးရှုံးမှုများရှိကြောင်းလည်း သိရသည်။

စက်တင်ဘာလအတွင်း မုန်းတိုင်ရာဂီတိုက်ခတ်မှုကြောင့် သျှမ်းပြည်တောင်ပိုင်းတွင် မိုးသည်းသန်စွာရွာသွန်းခဲ့ပြီး နေရာအနှံ့ ရေကြီးမှုများစွာကြုံတွေ့ခဲ့ရပြီး လက်ရှိတွင်လည်း နောက်ဆက်တွဲ မြေပြိုမှု အန္တရာယ်များကို ပြည်သူအများအပြား ရင်ဆိုင်ကြုံတွေ့နေရပြီး ပြန်လည်ထူထောင်ရေးအတွက် အကူအညီများစွာလိုအပ်နေကြကြောင်း သိရသည်။

အလုပ်သင် သတင်းထောက် ယူဂျင်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းငေါ့မြို့နယ်တွင် ရေကြီးမြေပြိုမှုကြောင့် လူ ၂ ဦးသေဆုံး၊ နိုင်ငံတစ်ဝန်း ရေးဘေးသင့်သူ ၆ သောင်းကျော်ရှိလာ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ ဖြစ်ပွားခဲ့သည့် ရေနစ်မှုနှင့် မြေပြိုမှုဖြစ်စဉ်များကြောင့် ရက်ပိုင်းအတွင်း ဒေသခံ ၂ ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၅ ရက်နေ့က မိုင်းငေါ့မြို့နယ် ဟဲခမ်းကျေးရွာရှိ နမ့်မီချောင်းအတွင်း သူငယ်ချင်းများနှင့်အတူ ရေဆင်းကစားရာမှ ပျောက်ဆုံးသွားခဲ့သည့် အသက် ၁၅...

မြန်မာ့အရေးထဲက သယံဇာတ တူးဖော်ရေးနဲ့ သဘာဝပတ်ဝန်းကျင် အရေးကိုလည်း မမေ့သင့်ပါ

0
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ သုံးရက်ကြာ ကျင်းပတဲ့ “အကျပ်အတည်းနှင့် ဖြစ်နိုင်ချေကြား မြန်မာပြည်ကူးပြောင်းရေး အသံ” ဆိုတဲ့ ဆွေးနွေးပွဲကို ကျင်းပခဲ့ပါတယ်။ ဒါဟာ (၅) ကြိမ်မြောက် ကျင်းပခဲ့တဲ့ မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေးညီလာခံ (International Conference on Burma/Myanmar) ဖြစ်ပြီး ကျနော်အနေနဲ့ ပထမဆုံးအကြိမ် တက်ရောက်ခဲ့တာပါ။ ညီလာခံကို ၂၀၂၆ သြဂုတ်လ ၁၄ ရက်ကနေ...

လွိုင်လင်၊ ပင်လုံနှင့် မိုင်းပွန်တွင် ရွေးကောက်ပွဲ ဆန္ဒမဲပေးသူနည်းပါး၊ လူထုစိတ်မဝင်စား

0
သျှမ်းပြည် လွိုင်လင်မြို့နယ်ရှိ လွိုင်လင်၊ ပင်လုံနှင့် မိုင်းပွန်မြို့များတွင် စစ်ကော်မရှင် ကျင်းပပြုလုပ်သည့် ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးသူ နည်းပါးကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် စစ်ကော်မရှင် စတင်ကျင်းပသည့် ရွေးကောက်ပွဲ ပထမပိုင်းတွင် လွိုင်လင်မြို့နယ်လည်း ပါဝင်ပြီး လွိုင်လင်မြို့၊ ပင်လုံမြို့၊ မိုင်းပွန်မြို့နှင့်...

ပင်းတယ ရေကြီးမြေပြိုမှု ပြန်လည်ထူထောင်ရေးအတွက် ခက်ခဲနေဆဲ

0
သျှမ်းပြည်တောင်ပိုင်း ၊ပင်းတယမြို့နယ် ကုန်းစောင်းကျေးရွာတွင် ရေကြီး မြေပြိုမှုကြောင့် နေအိမ်များ ပျက်စီးခဲ့ရပြီး ယနေ့အချိန်ထိ ပြန်လည်ထူထောင်ရန် ခက်ခဲနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၈ ရက် နံနက် ၃ နာရီချိန်တွင် ပင်းတယမြို့နယ် ကုန်းစောင်းရွာ၌ တောင်ကျရေကြောင့် နေအိမ်များ ကျောက်တုံး၊ မြေခဲများ ရေစီးနှင့်အတူမျောပါသွားပြီး...

မြစ်ကြီးနားမြို့ ရှမ်းမျိုးနွယ်စုစစ်ဘေးရှောင်စခန်းရှိ လူဦးရေ ၂၀၀၀ ကျော် အကူအညီများလိုအပ်

0
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ရှမ်းမျိုးနွယ်စုစစ်ဘေးရှောင်စခန်းသို့ တိမ်းရှောင်လာသည့် စစ်ဘေးရှောင် (၂၀၀၀) ကျော်အတွက် ကျန်းမာရေးစောက်ရှောက်မှုနှင့် အခြားသော အကူအညီများ လိုအပ်နေ‌ကြောင်း စုံစမ်းသိရသည်။ ကချင်လွတ်လပ်ရေးတပ် KIA နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲများကြောင့် မြစ်ကြီးနားမြို့သို့ ရောက်ရှိလာသည့် စစ်ဘေးရှောင်များကို လက်ခံကူညီပေးသည့် ရှမ်းမျိုးနွယ်စု စစ်ဘေးရှောင်စခန်းတွင် စစ်ဘေးရှောင်လူဦးရေ (၂၀၀၀)...