ကျေးသီးမြို့ ပြည်သူပိုင် မြေယာ ကြံ့ခိုင်ရေးပါတီ နှင့် သစ်တော ဦးစီး အဓမ္မသိမ်းယူ

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့ထဲရှိ ပြည်သူပိုင်မြေယာများကို ကြံ့ခိုင်ရေးပါတီ နှင့် သစ်တောဦးစီးတို့က အဓမ္မသိမ်းယူလိုက်ကြောင်း စုံစမ်းသိရသည်။

ထိုမြေယာကို ၂၀၀၆ ခုနှစ်ကတည်းက ကြက်ဆူပင် စီမံကိန်းဟုဆိုပြီး ကြံ့ခိုင်ရေးပါတီက လာရောက် သိမ်းယူထားပြီး လက်ရှိအချိန်အထိ ပြည်သူများထံ ပြန်လည်ပေးအပ်ခဲ့ခြင်းမရှိကြောင်း မြေယာသိမ်းခံရသူတစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

“သူတို့ ၂၀၀၆ ခုနှစ်ကနေ ၂၀၀၈ အထိ ၃ နှစ် ကြက်ဆူပင်စီမံကိန်းနဲ့ လာသိမ်းသွားတာ။ ကြက်ဆူပင်တွေ စိုက်ပြီးတော့ ကျနော်တို့ကို မြေယာက ပြန်မပေးဘူး။ အခုချိန်ထိ သိမ်းထားလိုက်တာ။ ကျနော်တို့လည်း သွားလုပ်စားလို့မရဘူး” ဟု ၎င်းက ပြောသည်။

ပြည်သူပိုင် မြေယာများကို သိမ်းထားသည့် ပုံ

၂၀၁၇ ခုနှစ်တွင်လည်း NLD အစိုးရလက်ထက်တွင် ထိုမြေယာများကို ပြည်သူများထံ ပြန်ပေးအပ်မည်ဟု ပြောဆိုခဲ့သော်လည်း ပြန်ပေးခဲ့ခြင်းမရှိပေ။

ထိုအပြင် ပြည်သူများကို ပေးအပ်ခဲ့ခြင်းမရှိပဲ ကြံ့ခိုင်ရေးပါတီ နှင့် သစ်တောဦးစီးတို့က ၎င်းတို့ဝန်ထမ်းများနှင့် ပုံစံ (၇) ပုံစံ (၁၀၅) လုပ်ယူပြီး မြေယာကို အပိုင်သိမ်းယူသွားခဲ့ကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

မြေယာသိမ်းယူပြီး နောက်ပိုင်းတွင်လည်း ကြံ့ခိုင်ရေးပါတီမှ မည်သည့်တစုံတရာ လုပ်ဆောင်ခြင်းမရှိဘဲ ပြည်သူများက စိုက်ပျိုးရေး သွားလုပ်သောအခါလည်း လုပ်ကိုင်ခွင့် မပေးကြောင်း သိရသည်။

“၂၀၁၇ မှာ စွန့်လွတ်မြေဆိုပြီး ကြက်ဆူစိုက်ထားတဲ့ မြေတွေကို အကုန်ပေးပါတယ်။ ကျနော်တို့ ကျေးသီးမြို့တစ်ခု ပဲ ပြန်မရတာ။ တစ်ချို့မြို့နယ်တွေက အကုန်ပြန်ရတယ်။ အခုက သူတို့ မြေယာဆိုပြီးတော့ ပုံစံ (၇) တွေလုပ် ပြီးတော့ သိမ်းယူသွားလိုက်တာ။ ကျနော်တို့က ဘာမှ မသိတော့ ပေးသွားလိုက်ရတယ်” ဟု ဒေသခံ အမျိုးသားတစ်ဦးကပြောသည်။

ထိုမြေယာအတွက် ပြည်သူများက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ကတည်းက ကျေးသီးမြို့ ထွေအုပ်ရုံးထဲတွင် စာတင်ထားသော်လည်း လက်ရှိအချိန် ပြန်လည်ဖြေကြားပေးခြင်းမရှိကြောင်း သိရသည်။

ပြည်သူ့ပိုင် မြေယာများကို အဓမ္မသိမ်းယူထားသည့် ပုံ

“ကျနော်တို့ အရင်နှစ်က ထွေအုပ်ရုံးကို စာတင်ထားတယ်။ အခုချိန်ထိ ဘာမှ အကြောင်းကြားထားတာမရှိဘူး။ ဘာမှလည်းပြန်မပြောလာဘူး။ ဒီတိုင်းပဲ ထားထားတာ။ ကျနော်တို့က ကျနော်တို့ မြေကွက်ကို ပြန်လိုချင်တယ်” ဟု အထက်ပါ အမျိုးသားက ပြောသည်။

ထိုမြေယာများကို ကြံ့ခိုင်ရေးပါတီ စိုင်းကျော်ခိုင် နှင့် သစ်တောဦးစီး ဝင်းနိုင်တို့က ပေါင်းပြီးသိမ်းထားကြောင်း သိရသည်။

သိမ်းခံရသည့် မြေကွက် စုစုပေါင်း (၂၂) ဧက ရှိပြီး၊ လက်ရှိအချိန်ထိလည်း ထိုမြေယာများကို တစ်ခြားသုံးယူမှုမရှိဘဲ ၎င်းတို့ ကိုယ့်ကျိုးအတွက် သုံးဖို့ ယူသွားကြောင်း သိရသည်။

ပြည်သူများက စိုက်ပျိုးရေးပြန်လုပ်ရန်အတွက် ၎င်းတို့ မြေယာကို ပြန်လိုချင်ကြောင်း၊ လက်ရှိ ကာလမှာ စားဝတ်နေရေး ခက်ခဲနေချိန်ဖြစ်ကာ မြေယာများတွင် ပြန်အလုပ်လုပ်လိုကြောင်းလည်း အသက် (၅၆) နှစ်အရွယ် အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူတို့ အဲ့မြေကွက်ကိုလည်းဘာမှ သုံးတာမဟုတ်ဘူး။ သူတို့ကိုယ်ကျိုးအတွက်ပဲ သုံးနေတာ။ ပြန်ရောင်းစား နေကြတာ။ ကျနော်တို့က ကိုယ့်မြေကွက်ကို ပြန်လိုချင်တယ်။ စိုက်ပျိုးရေးတွေ လုပ်ကိုင်ဖို့လိုတယ်။ ကျနော်တို့ စားဝတ်နေရေးအတွက်က ခက်ခဲတယ်” ဟု ၎င်းက ဆိုသည်။ ။

ထိုမြေယာများကိုလည်း ၁၉၇၈ ဘိုးဘွားအစဉ်လာ ပြည်သူများက လုပ်ကိုင်စားသောက်ခဲ့ကြောင်းသိရသည်။ ထိုအပြင် ကြံ့ခိုင်ရေးပါတီ နှင့် သစ်တောဦးစီးများက ပြည်သူများ မြေယာဥပဒေအကြောင်း နားမလည် သောကြောင့် အတင်းအဓမ္မသိမ်းယူလိုက်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...