Friday, April 19, 2024

ကျေးသီးမြို့

ကျေးသီးမြို့ ဈေးတန်းအတွင်း ဗုံးကျည် တစ်လုံး တူးဖော်တွေ့ရှိ

သျှမ်းပြည် လွိုင်လင်ခရိုင် ကျေးသီးမြို့နယ်၊ ကျေးသီးမြို့ မြို့မဈေးတန်းအတွင်း မြေတူးရာမှ ဗုံးကျည် တစ်လုံး တူးဖော်တွေ့မိကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ မေလ ၁၅ ရက်နေ့ မနက်ပိုင်းအချိန်တွင် ကျေးသီးမြို့မ ဈေးအတွင်း ဈေးတန်းသစ် တည်ဆောက်ရန် အတွက် မြေကျင်းတူးရာမှ နှစ်ပေါင်း ၈၀ နီးပါးရှိသည့် ဗုံးကျည်...

SSPP ဌာနချုပ် ဝမ်ဟိုင်း အနီး စစ်ကောင်စီ အင်အားဖြည့်တင်းနေ

သျှမ်းပြည် လွိုင်လင်ခရိုင် ကျေးသီးမြို့နယ် SSPP ဌာနချုပ် ဝမ်ဟိုင်းဒေသအနီး မြို့/မြို့နယ်များရှိ အခြေစိုက် တပ်များ ရှိရာသို့ စစ်ကောင်စီတပ်ဖွဲ့မှ စစ်အင်အား ဖြည့်တင်းနေကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီ ၂၆) ရက်တွင် လားရှိုးမြို့ အခြေစိုက် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် (ရပခ) မှ စစ်အင်အား...

ကျေးသီးမြို့နယ်အတွင်း သူခိုးများကို ဒေသခံများ ဝိုင်းဝန်းဖမ်းဆီး

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်း ဆိုင်ကယ်များကို လိုက်လံခိုးယူနေသည့် သူခိုးအဖွဲ့ကို ဒေသခံများနှင့် ဒေသတွင်း အာဏာပိုင်များ ပူးပေါင်းပြီး ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၂ ရက်တွင် ကျေးသီးမြို့နယ် မြို့မဈေးသို့ ဆိုင်ကယ်ခိုးယူသွားသည့် ဆိုင်ကယ် သူခိုးအဖွဲ့သည် ယင်းနေ့တွင်ပင် ပြည်သူ့ဆေးရုံအတွင်းမှ ဝန်ထမ်းတစ်ဦး၏ ဆိုင်ကယ်ကိုလည်း...

ကျေးသီးမြို့နယ်ထဲ ကျောက်မီးသွေးတူးဖော်ရန် ကုမ္ပဏီများက ပြင်ဆင်နေ

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် မိုင်းကောင်ကျေးရွာအုပ်စုထဲတွင် ကုမ္ပဏီ ၅ ခုလောက်က ကျောက်မီးသွေးတူးဖော်ရန် ပြင်ဆင်နေကြောင်း စုံစမ်းသိရှိရသည်။ လက်ရှိတွင် မိုင်းကောင်ကျေးရွာအုပ်စုထဲတွင် ကျောက်မီးသွေးတူးဖော်ရန်အတွက် မြေတူးစက်၊ ၁၂ ဘီးကား စသည့် ပစ္စည်းများကို ချထားပြီး ဖြစ်ကြောင်း သိရသည်။ “သူတို့ ကျောက်မီးသွေးတူးဖော်ဖို့ သုံးတဲ့ပစ္စည်းတွေ လာချထားတာ တစ်လ...

ကျေးသီးမြို့ ပြည်သူပိုင် မြေယာ ကြံ့ခိုင်ရေးပါတီ နှင့် သစ်တော ဦးစီး အဓမ္မသိမ်းယူ

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့ထဲရှိ ပြည်သူပိုင်မြေယာများကို ကြံ့ခိုင်ရေးပါတီ နှင့် သစ်တောဦးစီးတို့က အဓမ္မသိမ်းယူလိုက်ကြောင်း စုံစမ်းသိရသည်။ ထိုမြေယာကို ၂၀၀၆ ခုနှစ်ကတည်းက ကြက်ဆူပင် စီမံကိန်းဟုဆိုပြီး ကြံ့ခိုင်ရေးပါတီက လာရောက် သိမ်းယူထားပြီး လက်ရှိအချိန်အထိ ပြည်သူများထံ ပြန်လည်ပေးအပ်ခဲ့ခြင်းမရှိကြောင်း မြေယာသိမ်းခံရသူတစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။ “သူတို့ ၂၀၀၆ ခုနှစ်ကနေ...

လွိုင်လင်ခရိုင်အတွင်း စစ်ကောင်စီမှ စစ်ဆေး ပိုက်ဆံတောင်းမှုပြုလုပ်နေ

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင်အတွင်းတွင် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့မှ ကားလမ်းမကြီးတစ်လျောက် ရှောင်တခင် စစ်ဆေးပြုလုပ်ပြီး ပြည်သူများထံ ပိုက်ဆံတောင်းယူမှုများ ပြုလုပ်နေကြောင်း သတင်းသိရသည်။ ယခုလ ဒုတိယပတ်အတွင်း ကျေးသီး နှင့် မိုင်းနောင်ကြား ကားလမ်းမ ဘေးတစ်နေရာတွင် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့မှ လမ်းသွားလာသည့် မော်တော်ယာဥ်များကို တားမြစ်စစ်ဆေးပြီး ပိုက်ဆံတောင်းမှု...

ကျေးသီး ကိုရင်လေး သေဆုံးမှုကိစ္စ ရိုက်နှက်သည့် ဦးဇင်းကို အရေးယူမှုမရှိ

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်၊ မိုင်ကောင်းကျေးရွာတွင် ညနွားနို့သောက်မှုကြောင့် ဦးဇင်းတပါးမှ ကိုရင်လေး ရိုက်နှက်ခဲ့ပြီးသေဆုံးသွားသည့် ကိစ္စ အရေးယူဆောင်ရွက်မှု မရှိကြောင်း စုံစမ်းသိရသည်။ လက်ရှိ ကိုရင်လေး သေဆုံးမှုကိစ္စတွင် နှစ်ဦး နှစ်ဖက် ဖြေရှင်းကြပြီး ကျေအေးသွားပြီးဖြစ်သဖြင့် လက်ရှိမှာ ကိုရင်လေးကို ရိုက်ခဲ့သည့် ဦးဇင်းကို အရေးမယူတော့ကြောင်း သတင်းရရှိသည်။ ကိုရင်းလေးကို ရိုက်ပြီးဆုံးမခြင်းကို...

ကျေးသီးမြို့မဈေးရှိ ဆိုင်းခန်းများ မကြာခဏ ဖောက်ထွင်းခိုးခံရ

သျှမ်းပြည်တောင်ပိုင်း ကျေးသီး မြို့မဈေးအတွင်းရှိ ဆိုင်ခန်းများကို ဖောက်ထွင်းခိုးခံရကြောင်း စုံစမ်းသိရသည်။ ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ကျေးသီးမြို့နယ်ရှိ မြို့မဈေးကြီးကို (၂) လနီးပါး ပိတ်ထားရသဖြင့် သြဂုတ် (၂၄) ရက် မနက် ၂ နာရီခန့် ဖုန်းဆိုင် တစ်ဆိုင်ကို ဖောက်ပြီး ဖုန်းငွေဖြည့်ကဒ် နှင့် ဖုန်းဟန်းဆက်များ...

လဲချား မှာ ရွာသစ်ထပ်ထောင်သည့် ကျေးသီးစစ်ရှောင်များ

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်ဘက်မှ စစ်ရှောင်လာသည့် ဒေသခံများ တစ်ချို့ လဲချားမြို့နယ် ဝမ်ထီရွာတွင် ရွာသစ်ပြန်လည်ထူထောင်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ ထိုရွာသစ်ပြန်လည်ထူထောင်သွားရာမှာ လိုအပ်ချက်များစွာ ရှိသည့်အတွက် အလှူရှင်များကိုလည်း မျှော်လင့်နေရကြောင်း သတင်းရရှိသည်။ “ခုတော့ သူတို့နေဖို့အတွက် အကွက်တွေရိုက်ပြီးသွားပြီ။ ခုလောလောဆယ် နေဖို့အတွက် ချုံတွေရှင်းပြီး သန့်ရှင်းရေးတွေ လုပ်နေတယ်။အသစ်ပြန်စမယ်ဆိုတော့ အကုန်လိုအပ်နေတာပေါ့နော်” ဟု လဲချားမြို့မှ...

ကျေးသီး အရပ်သား(၂)ဦးကျည်ထိမှန်သည့်အပါ် သျှမ်းတပ်(၂)တပ် အပြန်အလှန်ငြင်းဆို

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် လွယ်ဟွန်းတောင်ကြောတွင် တစ်လကျော် ဖြစ်ပွားသည့် သျှမ်း တပ် (၂) တပ် တိုက်ပွဲကြောင့် အရပ်သား ပြည်သူ ၂ ဦး ကျည်ဆန်ထိမှန် ဒဏ်ရာရှိပြီး ဆေးကုသမှုခံယူ နေရကြောင်း သိရသည်။ အဆိုပါ သျှမ်းတပ် (၂) တပ် တိုက်ပွဲကြား အရပ်သား...

Latest news