လွိုင်လင်ခရိုင်အတွင်း စစ်ကောင်စီမှ စစ်ဆေး ပိုက်ဆံတောင်းမှုပြုလုပ်နေ

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင်အတွင်းတွင် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့မှ ကားလမ်းမကြီးတစ်လျောက် ရှောင်တခင် စစ်ဆေးပြုလုပ်ပြီး ပြည်သူများထံ ပိုက်ဆံတောင်းယူမှုများ ပြုလုပ်နေကြောင်း သတင်းသိရသည်။

ယခုလ ဒုတိယပတ်အတွင်း ကျေးသီး နှင့် မိုင်းနောင်ကြား ကားလမ်းမ ဘေးတစ်နေရာတွင် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့မှ လမ်းသွားလာသည့် မော်တော်ယာဥ်များကို တားမြစ်စစ်ဆေးပြီး ပိုက်ဆံတောင်းမှု ပြုလုပ်ခဲ့ကြောင်း ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျေးသီးနဲ့ မိုင်းနောင်ကြားက လမ်းဘေးတစ်နေရာမှာ စစ်ကောင်စီ တပ်ဖွဲ့က စစ်ကားနဲ့ ထိုင်ခုံနဲ့ လာစောင့်ပါတယ်၊ စစ်သားအင်အားတော့ သိပ် မများဘူး၊ ဘယ်ကလာလဲ ဘယ်ကိုသွားမလဲဆိုတာပဲမေးပြီး လက်ဘက်ရည်ဖိုးဆိုပြီး ကျနော် ပိုက်ဆံ ၂၀၀၀ ကျပ် ပေးလိုက်ရတယ်။ အဲ့လမ်းမှာ အမြဲတမ်းလာစောင့်နေတာတော့မဟုတ်ဘူး” ဟု ၎င်းအမျိုးသားက ပြောသည်။

မိုင်းနောင် – ကျေးသီး

အဆိုပါ စစ်ကောင်စီတပ်သားတို့သည် လမ်းသွားလမ်းလာပြည်သူများထံ ပိုက်ဆံတောင်းသည့်အခါတွင် ၂၀၀၀ နှင့် အထက် တောင်းခံနေကြပြီး တချို့ဈေးသည်များ နှင့် အရေးပေါ်ကိစ္စသွားလာခြင်းများ ပြုလုပ်သည့် ပြည်သူ များအတွက် အခက်အခဲဖြစ်ကြောင်း ၎င်းက ပြောသည်။

ထို့အပြင် ယခု လဆန်းပိုင်းတွင် လဲချားမြို့နယ် မှ လားရှိုးဘက်သွားသည့် ခရီးသည်တင် ကားသမားကိုလည်း လဲချား – ပင်လုံလမ်းကြား၌ စစ်ကောင်စီတပ်သားများက တားမြစ်ပြီး ပိုက်ဆံတောင်းခဲ့ကြောင်း သိရသည်။

“ကျနော်တို့က ဒီလမ်းကို အမြဲတမ်းသွားလာနေကြလေ၊ ဒါပေမဲ့ ပြီးခဲ့တဲ့တခေါက် ကျနော်လဲချားကထွက်တော့ ပင်လုံမရောက်ခင်မှာ စစ်သားတွေက သံဆူးကြိုးကာနဲ့ လမ်းကို ပိတ်ထားပြီး ပိုက်ဆံတောင်းတာ ကြုံခဲ့ရတယ်၊ မြို့ဝင်မြို့ထွက်နဲ့ တပ်ရှိတဲ့ နေရာကလွဲရင် ပိုက်ဆံပေး ရတယ် ဆိုတာ မရှိခဲ့ပါဘူး” ဟု တောင်ကြီး -လားရှိုး ကားမောင်းတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီတပ်သားများ ပင်လုံမြို့၊ လွိုင်လင်မြို့၊ လဲချားမြို့၊ ကျေးသီး၊ မိုင်းနောင်၊ နမ့်စန် နှင့် ကွန်ဟိန်းစသည့် ကားလမ်းတလျောက်တွင် စစ်ဆေးမှုပြုလုပ်ပြီး ပိုက်ဆံကောက်ယူနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...