Tuesday, January 27, 2026

ကျေးသီး ကိုရင်လေး သေဆုံးမှုကိစ္စ ရိုက်နှက်သည့် ဦးဇင်းကို အရေးယူမှုမရှိ

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်၊ မိုင်ကောင်းကျေးရွာတွင် ညနွားနို့သောက်မှုကြောင့် ဦးဇင်းတပါးမှ ကိုရင်လေး ရိုက်နှက်ခဲ့ပြီးသေဆုံးသွားသည့် ကိစ္စ အရေးယူဆောင်ရွက်မှု မရှိကြောင်း စုံစမ်းသိရသည်။

လက်ရှိ ကိုရင်လေး သေဆုံးမှုကိစ္စတွင် နှစ်ဦး နှစ်ဖက် ဖြေရှင်းကြပြီး ကျေအေးသွားပြီးဖြစ်သဖြင့် လက်ရှိမှာ ကိုရင်လေးကို ရိုက်ခဲ့သည့် ဦးဇင်းကို အရေးမယူတော့ကြောင်း သတင်းရရှိသည်။

ကိုရင်းလေးကို ရိုက်ပြီးဆုံးမခြင်းကို နောင်တချိန်တွင် ထပ်မံ မဖြစ်စေရန်အတွက် ထိုဦးဇင်းကို ဆုံးမထားကြောင်း၊ ဘုရားဝိနည်းအရ စေတနာဖြင့် ရိုက်နှက်သဖြင့် ပြစ်မှားမှုမရှိသောကြောင့် အရေးယူသွားမည်မဟုတ်ကြောင်း ကျေးသီမြို့နယ် သံဃာနယက တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လွန်ခဲ့သည့် စက်တင်ဘာ (၁၀)နေ့က မိုင်ကောင်းကျေးရွာရှိ ဘုန်းကြီးကျောင်းတွင် ကိုရင်လေးသေဆုံးသွားရသည့် နှင့်ပတ်သတ်ပြီး မည်ကဲ့သို့ အပြစ်ပေးသင့်ကြောင်း အစည်းအဝေး ပြုလုပ်ခဲ့ကြသေးကြောင်း သိရသည်။

“ ကျနော်တို့ အစည်းဝေးလုပ်ပြီးပြီး။ သူတို့ မိဘကလည်းအဝေးမှာဆိုတော့ ဘယ်လိုမှ အရေးယူလို့မရဘူး။ ဒါပေမယ့် ကိုရင်လေးရဲ့ဆွမ်းကိုတော့ လုပ်ခိုင်းတယ်။ ရိုက်တဲ့ ဦးဇင်းကလည်း ကျောင်းမှာပဲ။ အရေးယူမှုတော့မရှိပါဘူး။ နောက်လာဒီလိုထပ်မဖြစ်အောင်တော့ ဆုံးမပြောဆိုထားတယ်။ သူရိုက်ခဲ့တာလည်း သေတဲ့အထိ ရိုက်ဖို့ရည်ရွယ် ခဲ့တာမဟုတ်တာကြောင့် ဘုရားဝိနည်းအရမမှားဘူး” ကျေးသီးမြို့ သံဃာနယက ကသျှမ်းသံတော်ဆင့်ကို ပြောသည်။

ကိုရင်လေး နေထိုင်ခဲ့သည့် ကျောင်း

ကိုရင်လေးကို ရိုက်သည့် ကိစ္စနှင့်ပတ်သတ်ပြီး မိဘ အနေဖြင့် အရေးမယူလိုကြောင်း၊ သံဃာပိုင်းမှာ တာဝန်ယူဖြေရှင်းရန်၊ သံဃာပိုင်းမှာ မည်ကဲ့သို့ ဆုံဖြတ်မှုမရှိပါက ဝမ်းနည်းရပါကြောင်း ကိုရင်လေး၏ ဖခင်ဖြစ်သူက ပြောသည်။

“ ကျနော်တို့ဘက်ကတော့ ရိုက်တဲ့ဦးဇင်းကနေ ကျနော်သားအတွက် ဆွမ်းကပ်ပေးစေချင်တယ်။ အရေးတွေတော့မယူချင်တော့ဘူး။ အရေးယူတဲ့ အပိုင်းကတော့ သံဃာတွေကိုပဲ အပ်လိုက်ပြီ။ သူတို့ဘက်ကတော့ ဘယ်လိုယူသွားကြမလဲမသိဘူး။ ဘုရားရဲ့ဝိနည်းအရ မှားတဲ့သူကိုပဲ အပြစ်ယူသင့်ရင်ယူရမယ်လေ။ သူတို့ဖက်ကနေ တစ်စုံတစ်ရာ တုန့်ပြန်မှုမရှိဘူးဆိုရင် သံဃာဘောင်အတွက် ကျနော်ဝမ်းနည်းမိတယ်” ဟု သေဆုံးသွားသည့်ကိုရင်လေး၏ ဖခင်က ဆိုသည်။

ထိုသို့ ဦးဇင်းက ရိုက်လိုက်သည့် ကိစ္စအပေါ်တွင် နောင်လာတွင် မဖြစ်စေရန်အတွက် ပညာပေးအနေဖြင့် အရေးသွားသင့်ကြောင်း တောင်ကြီမြို့ ရှေ့နေတဦးက ပြောသည်။

“ အခုချိန်မှာသက်သေအထောက်ထားတွေနဲ့ဆိုတော့ လျင်မြန်စွာ အရေးယူသင့်ပါတယ်။ ဖြစ်ရိုးဖြစ်စဉ်ပိုသိလာရင် ပြည်သူတွေလည်း နာလည်းလာမယ်။ ဥပဒေကိုသိလာမယ်။ နောင်လာမဲ့ ကလေးတွေဒီလိုမျိုးမဖြစ်မှာလေ။ တဦးတယောက်ကနေ တရားလိုလုပ်ပြီး အရေးယူသင့်ပါတယ်” ဟု တောင်ကြီးမြို့‌ရှေ့နေတဦး ကပြောသည်။

ထိုသို့ ယခုလို ကိစ္စမျိုးကို အရေးယူမှုမရှိပါက နောင်လာမည့်အချိန်တွင် ကလေးသူငယ်များအပေါ်စိုးရိမ်ရကြောင်း၊ ဥပဒေကို လူထုက မလေးစားတော့ကြောင်း ၊ ကလေးတွေ အနာဂတ်ကို စိတ်ပူရမည်ဖြစ်ကြောင်း ၎င်း က ထပ်လောင်းပြောသည်။

“ ဒါကို အရေးမယူဘူးဆိုရင် နောင်လာမဲ့ ကလေးတွေအတွက်စိုးရိမ်းရတယ်။ ကလေးတွေရဲ့ အနာဂတ်က စိတ်ပူရတာပေါ့။ နောက်ပြီး ပြည်သူတွေက ဥပဒေကို မလေးစားတော့ဘူးလေ။ ဥပဒေ အထက်ပေါ်မှာ ပြည်သူတွေက ရှိနေတော့မှာလေ။ တကယ်ဆို ဥပဒေအောက်မှာ ပြည်သူတွေက နေထိုင်ရမှာ။” ဟု အထက်ပါ ရှေ့နေက ထပ်လောင်းပြောသည်။

မိုင်ကောင်းကျေးရွာတွင် လွန်ခဲ့သည့် ဩဂုတ် (၂၄) ရက်နေ့တွင် ကိုရင်လေး (၁၇) ပါး နွားနို့ခိုးသောက်ရာမှ ရိုက်နှက်ခဲ့ပြီး ထိုရိုက်ခံရသည့် ဒဏ်ကြောင့် စက်တင်ဘာ (၃)ရက်တွင် ကိုရင်လေး ပျံလွန်သွားကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်အုပ်စု၏ အကျဉ်းထောင်များအတွင်း ဥပဒေမဲ့သတ်ဖြတ်မှုများ ပိုများလာနေ

0
နိဒါန်း “ပြစ်မှု” ကျူးလွန်ကြောင်း တစုံတရာမပြနိုင်ဘဲ မြန်မာပြည်သူများကို လူထုလူတန်းစားမရွေး၊ ကျားမ မရွေး၊ ကလေးလူကြီး မရွေး ဖမ်းဆီးချုပ်နှောင်ကာ နီးစပ်ရာ ရဲစခန်း၊ အချုပ်ခန်းများထံ ခေါ်ဆောင်သွားခြင်း၊ ထိုမှတဆင့် အမှုပြင်ဆင်ခြင်း၊ အမှုဖွင့်ခြင်းနှင့် တရားစွဲခြင်းတို့ကို အကန့်အသတ်မဲ့ ပြုလုပ်လျက်ရှိသော အာဏာသိမ်းစစ်အုပ်စုသည် အကျဉ်းထောင်များအတွင်း ၎င်းတို့အဓမ္မ ဖမ်းဆီးထားသည့်...

ကျေးသီးမြို့ ဈေးတန်းအတွင်း ဗုံးကျည် တစ်လုံး တူးဖော်တွေ့ရှိ

0
သျှမ်းပြည် လွိုင်လင်ခရိုင် ကျေးသီးမြို့နယ်၊ ကျေးသီးမြို့ မြို့မဈေးတန်းအတွင်း မြေတူးရာမှ ဗုံးကျည် တစ်လုံး တူးဖော်တွေ့မိကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ မေလ ၁၅ ရက်နေ့ မနက်ပိုင်းအချိန်တွင် ကျေးသီးမြို့မ ဈေးအတွင်း ဈေးတန်းသစ် တည်ဆောက်ရန် အတွက် မြေကျင်းတူးရာမှ နှစ်ပေါင်း ၈၀ နီးပါးရှိသည့် ဗုံးကျည်...

SSPP ဌာနချုပ် ဝမ်ဟိုင်း အနီး စစ်ကောင်စီ အင်အားဖြည့်တင်းနေ

0
သျှမ်းပြည် လွိုင်လင်ခရိုင် ကျေးသီးမြို့နယ် SSPP ဌာနချုပ် ဝမ်ဟိုင်းဒေသအနီး မြို့/မြို့နယ်များရှိ အခြေစိုက် တပ်များ ရှိရာသို့ စစ်ကောင်စီတပ်ဖွဲ့မှ စစ်အင်အား ဖြည့်တင်းနေကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီ ၂၆) ရက်တွင် လားရှိုးမြို့ အခြေစိုက် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် (ရပခ) မှ စစ်အင်အား...

ကျောက်မဲမြို့နယ် ဖမ်းခံရသည့် အမျိုးသားကို စစ်ကောင်စီ ရိုက်နှက်စစ်ဆေးခံရ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် နမ့်ဟူတောင်းကျေးရွာအုပ်စု ပန်မောင်ကျေးရွာ နေ အသက် ၆၀ကျော် အရွယ်ရှိ လုံးပညာ ကို စစ်ကောင်စီက SSPP/SSA အတွက် အခွန်ကောက်ဟုဆိုကာ ဖမ်းဆီးထားပြီး ရိုက်နှက် စစ်ဆေးမှုပြုလုပ်ကြောင်း စုံစမ်းသိရှိရသည်။ လုံးပညာကို SSPP ၏ ဆက်ကြေးကောက်ပေးသူဟုဆိုပြီး စစ်ကောင်စီမှ စက်တင်ဘာ ၂၈ရက်...

ကျေးသီးမြို့နယ်အတွင်း သူခိုးများကို ဒေသခံများ ဝိုင်းဝန်းဖမ်းဆီး

0
သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်း ဆိုင်ကယ်များကို လိုက်လံခိုးယူနေသည့် သူခိုးအဖွဲ့ကို ဒေသခံများနှင့် ဒေသတွင်း အာဏာပိုင်များ ပူးပေါင်းပြီး ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၂ ရက်တွင် ကျေးသီးမြို့နယ် မြို့မဈေးသို့ ဆိုင်ကယ်ခိုးယူသွားသည့် ဆိုင်ကယ် သူခိုးအဖွဲ့သည် ယင်းနေ့တွင်ပင် ပြည်သူ့ဆေးရုံအတွင်းမှ ဝန်ထမ်းတစ်ဦး၏ ဆိုင်ကယ်ကိုလည်း...