ကျောက်မဲမြို့နယ် ဖမ်းခံရသည့် အမျိုးသားကို စစ်ကောင်စီ ရိုက်နှက်စစ်ဆေးခံရ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် နမ့်ဟူတောင်းကျေးရွာအုပ်စု ပန်မောင်ကျေးရွာ နေ အသက် ၆၀ကျော် အရွယ်ရှိ လုံးပညာ ကို စစ်ကောင်စီက SSPP/SSA အတွက် အခွန်ကောက်ဟုဆိုကာ ဖမ်းဆီးထားပြီး ရိုက်နှက် စစ်ဆေးမှုပြုလုပ်ကြောင်း စုံစမ်းသိရှိရသည်။

စစ်ကောင်စီဖမ်းသွားသည့် လုံးပညာ

လုံးပညာကို SSPP ၏ ဆက်ကြေးကောက်ပေးသူဟုဆိုပြီး စစ်ကောင်စီမှ စက်တင်ဘာ ၂၈ရက် နံနက်ပိုင်းတွင် ဖမ်းဆီးသွားခဲ့ပြီး ကျောက်မဲမြို့နယ် ရဲစခန်းတွင် ချုပ်နှောင်းထားသည်။

ထိုဖမ်းဆီးပြီးနောက် စစ်ကောင်စီဘက်မှ ရိုက်နှက်စစ်ဆေးမှုကိုလည်းခံရကြောင်း နိုဝင်ဘာ(၁၉)ရက်တွင် လုံးပညာနှင့် ၎င်းမိသားစုဝင်များဖုန်းဖြင့် စကားပြောခဲ့ချိန်တွင် ပြောပြခဲ့သည်။

“ ၁၉ ရက်နေ့က သူနဲ့ ပထမဆုံးစကားပြောရတာ။ သူကအခု ကျောက်မဲရဲစခန်းထဲမှာ ရေဖို၊ မီးဖိုအတွက်ဆိုပြီး ငွေ ၅ သောင်းတောင်းခဲ့တယ်။ အဲတာပေးလိုက်တယ်။ လူတော့မပေးတွေ့ဘူး။ ဖုန်းပဲပြောရတာ။ ပြီးတော့ သူရိုက်နှိက် စစ်ဆေးခံထားရတယ်လို့ ပြောတယ်” ဟု လုံးပညာ၏ မိသားစုဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိအချိန်ထိ လုံးပညာကို ကျောက်မဲမြို့ ရဲစခန်းတွင် ချုပ်နှောင်ထားပြီး မည်သည့်အမှုဖွင့် စွဲထားသည် ကိုမိသားစုဝင်များက မသိရှိရသေးကြောင်းပေ။

“ သူတို့ပြောတာ ရုံးထုတ်မှ လူတွေ့ခွင့်ပေးမယ်တဲ့။ သူကို နေ့တိုင်းသွားတောင်းတွေ့လည်း သူတို့က မပေးတွေ့ဘူး။ ဘာအမှုနဲ့ တရားစွဲထားလဲ မသိရသေးဘူး။ အခုထိ ကျောက်မဲမြို့ ရဲစခန်းထဲမှာပဲ” ဟု မိသားစုဝင်က ပြောသည်။

လုံပညာသည် ရှမ်းပြည်တိုးတက်ရေးပါတီ ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) အတွက် အခွန်ကောက်ပေးသည် ဟုဆိုပြီး ဒေသခံအချို့ စစ်ကောင်စီဘက်ကိုတိုင်းကြားသည့်အတွက် ၎င်းကို လာရောက်ဖမ်းဆီးသွားသည်ဟု သိရသည်။

လက်ရှိအချိန်ထိ လုံးပညာဖမ်းဆီးခံထားရသည့်အပေါ် SSPP/SSA ဘက်မှ တစ်စုံတစ်ရာ ကူညီပေးခြင်းမရှိသေးကြောင်း သိရသည်။

“ ကျမသူတို့ကို SSPP က လူကို တစ်ခါဖုန်းထပ်ဆက်တယ်။ သူတို့ခရီးသွားနေလို့ဆိုပြီးတော့ ဘာမှ ပြန်လုပ်မပေးဘူး။ အခုထိလည်း ဘာမှ ပြန်မပြောလာသေးဘူး” ဟု ၎င်းမိသားစုဝင်က ဆိုသည်။

အလားတူ သျှမ်းသံတော်ဆင့်မှလည်း SSPP/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းဆု နှင့် ဗိုလ်မှူး စိုင်းဖုန်းဟန်ကို အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း စက်ပိတ်ထားသည်။

SSPP/SSA သည် အာဏာသိမ်းစစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်အရ သြဂုတ် ၃ရက်တွင် ပထမအကြိမ်နှင့် စက်တင်ဘာ ၂၈ရက်တွင် ဒုတိယအကြိမ်အနေဖြင့် သွားရောက်တွေ့ဆုံခဲ့သည့် အဖွဲ့တစ်ဖွဲ့လည်း ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...