SSPP ဌာနချုပ် ဝမ်ဟိုင်း အနီး စစ်ကောင်စီ အင်အားဖြည့်တင်းနေ

သျှမ်းပြည် လွိုင်လင်ခရိုင် ကျေးသီးမြို့နယ် SSPP ဌာနချုပ် ဝမ်ဟိုင်းဒေသအနီး မြို့/မြို့နယ်များရှိ အခြေစိုက် တပ်များ ရှိရာသို့ စစ်ကောင်စီတပ်ဖွဲ့မှ စစ်အင်အား ဖြည့်တင်းနေကြောင်း သတင်းသိရသည်။

မိုင်းရယ်မြို့မှ ကျေးသီးဘက် ဦးတည်သွားသည့် စစ်ယာဥ်တန်းများ

ယမန်နေ့ (ဇန်နဝါရီ ၂၆) ရက်တွင် လားရှိုးမြို့ အခြေစိုက် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် (ရပခ) မှ စစ်အင်အား ကား အစီး ၂၀ သည် မိုင်းရယ်မြို့ ရှိ ခမရ ၃၂၅ တပ်သို့ ဝင်ရောက်လာပြီး မွန်းလွဲပိုင်း၌ မိုင်းရယ်မြို့မှ တစ်ဆင့် ကျေးသီးဘက်သို့ စစ်ကားအစီး ၃၀ ဆက်လက် ထွက်ခွာသွားကြောင်း မြင်တွေ့ရသည့် ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မိုင်းရယ်မြို့မှ ထွက်ခွာသွားသည့် စစ်ကား အစီး ၃၀ သည် ကျေးသီးမရောက်ခင် မိုင်းရယ်မြို့ တောင်ဘက်ရှိ မန်ဖျက်ကျေးရွာမှ စစ်ကောင်စီတပ် ခြေမြန်တပ်ရင်း (ခမရ – ၂၂ ) သို့ အစီး ၁၀ နီးပါး ဝင်သွားကြောင်း အမည်မဖော်လိုသူ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မိုင်းရယ်ကနေ ကျေးသီးဘက်ကို ဦးတည် ထွက်သွားတဲ့ စစ်ကား ၃၀ ထဲက ၁၀ စီးက မန်ဖျက်တပ် ခမရ ၂၂ မှာ ဝင်တယ်၊ ကျန်တာကတော့ ကျေးသီးဘက် ဆက်သွားတယ်၊ အခု စစ်ကောင်စီတပ်ဖွဲ့ လှုပ်ရှားမှု ရှိနေတဲ့ မြို့တွေ က ဝမ်ဟိုင်းဌာနချုပ်နဲ့ နီးတဲ့ စစ်ကောင်စီ အခြေစိုက်ရှိတဲ့ မြို့တွေပဲဖြစ်တယ် ” ဟု အမည်မဖော်လိုသူ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် ယနေ့ (ဇန်နဝါရီ ၂၇) ရက် နံနက်ပိုင်း ၉ နာရီဝန်းကျင်တွင်လည်း မိုင်းရယ်မြို့ အမြောက်တပ် နှင့် ခမရ ၃၂၅ တပ်တို့မှ စစ်ကောင်စီ တပ်အင်အား နောက်ထပ် ၂၄ စီး ကျေးသီးဘက်သို့ ဦးတည်ထွက်ခွာသွားကြောင်း မျက်မြင်တွေ့ရသူများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့နည်းတူ ယမန်နေ့ (ဇန်နဝါရီ ၂၆) ရက်တွင် သျှမ်းပြည် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ရလခ တပ်မှ စစ်အင်အား အပြည့်ပါသည့် စစ်ကား ၁၀ စီးသည် မိုင်းနောင်မြို့ရှိ အမှတ် (၂) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၂) ထဲသို့ ဝင်ရောက်ခဲ့ကြောင်းလည်း သတင်း သိရသည်။

“ခိုလမ်ကနေ စစ်ကား ၁၀ စီးက မိုင်းနောင်မြို့က စကခ ၂ ဆီကို ဝင်လာတယ်၊ အခု မိုင်းနောင်နဲ့ ဝမ်ဟိုင်းဌာနချုပ် နဲ့ မိုင် ၂၀ ကျော်လောက်ပဲ ဝေးတယ်၊ ကျေးသီးဘက်ကိုလည်း စစ်အင်အား ဖြည့်လာတယ်လို့ သတင်း သိရတယ်၊ ဒီပုံအရဆိုရင် ဝမ်ဟိုင်း နဲ့ နီးသမျှ သူတို့ စစ်အင်အား ဖြည့်နေတဲ့ ပုံပဲ” ဟု မိုင်းနောင်မှ အမည်မဖော်လိုသူ အသက် ၃၀ ဝန်းကျင် အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိ စစ်ကောင်စီ တပ်ဖွဲ့ အင်အား လှုပ်ရှားမှုများရှိရာ မိုင်းရယ်မြို့၊ ကျေးသီးမြို့နှင့် မိုင်းနောင်မြို့တို့သည် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် SSPP/SSA ဌာနချုပ်ရှိရာ ဝမ်ဟိုင်းဒေသနှင့် နီးစပ်လျက် နေရာများဖြစ်ကြကြောင်း သိရသည်။

ဇန်နဝါရီလ ၂၄ ရက်နေ့ နံနက် ၁၁ နာရီ ၅၀ မိနစ်ဝန်းကျင်တွင် Yak -130 အမျိုးအစား စစ်ကောင်စီ ဂျက်ဖိုက်တာ သည် အမြင့်ပေ ၃၀၀ ကျော်ဖြင့် ဝမ်ဟိုင်းဌာနချုပ်ပေါ်၌ လာရောက် ပျံဝဲခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်မှာလည်း SSPP/SSA ၏ ဌာနချုပ်ရှိရာ ဝမ်ဟိုင်းဒေသတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့မှ လေကြောင်း တိုက်ခိုက်မှု အပါအဝင် စစ်အင်အား အများအပြားဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှု ရှိခဲ့ဖူးသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...