Thursday, May 2, 2024

ကျေးသီးမြို့

ကျေးသီးမြို့ ကိုဗစ် -၁၉ လူနာ(၂)ဦး စတွေ့ စစ်ရှောင်များအတွက် စိုးရိမ်နေရ

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့တွင် ယမန့် ( ဇူလိုင် ၈) ရက် ကိုဗစ်-၁၉ အတည်ပြုလူနာ ၂ ဦး စတင်တွေ့ ရှိလာသဖြင့် စစ်ရှောင်များအတွက် စိုးရိမ်နေရကြောင်း စုံစမ်းသိရသည်။ ထို ကိုဗစ် -၁၉ အတည်ပြုလူနာ ၂ ဦးသည် ကျေးသီးမြို့ စစ်ကောင်စီ ၏...

ကျေးသီးစစ်ဘေးရှောင်စခန်းထိ သေနတ်သံကြားနေရသဖြင့် စစ်ရှောင်များ စိုးရိမ်ထိတ်လန့်နေ

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့ စစ်ဘေးရှောင်စခန်း အထိ သေနတ်သံကြားနေရသဖြင့် စစ်ရှောင်များ စိုးရိမ်ထိတ်လန့် နေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ ၁ ရက်မှ စတင်ပြီး ယနေ့အချိန်ထိ သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့ရှိ လွယ်ဟွန်းတောင်ကြော တစ်လျှောက် တိုက်ပွဲဖြစ်ပွားသည့် သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေး...

ကျေးသီးမြို့ပေါ်သို့ စစ်ရှောင် (၇၀၀)ကျော်ထိ ရှိလာ

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် အနီး သျှမ်းတပ်(၂)တပ် တိုက်ပွဲဖြစ်ပွားမှုကြောင့် ကျေးသီးမြို့ပေါ်သို့စစ်ရှောင် (၇၀၀)ကျော်ထိ ရောက်ရှိလာကြောင်း စုံစမ်းသိရသည်။ ဇွန်(၂)ရက်မှစတင်ကာ ဇွန်(၄)ရက်ထိ သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA)နှင့် သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)တို့ တိုက်ပွဲကြောင့် ပြည်သူ (၇၀၀)ကျော် စစ်ဘေးရှောင်နေရသည်။ “ ဒီနေ့ထပ်ရောက်လာတာ စုစုပေါင်း (၄၂၀)ကျော်ရှိတယ်။ အားလုံးကတော့ (၇၀၀)ကျော်ရှိပြီ၊...

ကျေးသီးမြို့ အနီး သျှမ်းတပ်(၂)တပ် အပြန်အလှန် နယ်မြေကျူးလွန်မှု တိုက်ပွဲဖြစ်

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့အနီးတွင် သျှမ်းလက်နက်ကိုင် (၂)ဖွဲ့ အပြန်အလှန် နယ်မြေကျူးလွန်မှု ဟု ပြောဆိုကာ တိုက်ပွဲ ၂ရက်ဆက်တိုက် ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ကျေးသီးမြို့နယ် နှင့် မိုင်းနောင်ကြား လွိုင်ဟွန်းတောင်အနီးတွင် ယမန်(ဇွန် ၁)ရက် မနက်ပိုင်းမှ စတင်ကာ သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)နှင့် သျှမ်းပြည်တိုးတက်ရေး ပါတီ...

ကျေးသီး ရဲ၊တပ် နှောက်ယှက်မှုကြောင့် ဆန္ဒထုတ်ဖော်မှု၊ သံဗုံးတီးမှု ရပ်လိုက်ရ

သျှမ်းတောင် ကျေးသီးမြို့ပြည်သူများ စစ်အာဏာကျဆုံးရေး အတွက်ဆန့်ကျင်ဆန္ဒထုတ်ဖော်ရာတွင် စစ်ကား၊ ရဲကားများက အနှောက်အယှက်ပြုလုပ်သဖြင့် ဒေသခံပြည်သူများ ဆန္ဒထုတ်ဖော်မှုကို ရပ်ဆိုင်းထားရကြောင်း စုံစမ်းသိရသည်။ ဖေဖော်ဝါရီ ၁ရက်နေ့ မနက်ပိုင်းတွင် တပ်မတော် မှ နိုင်ငံတော် အာဏာကို သိမ်းယူလိုက်ကြောင်း ကြေညာပြီးနောက် မြန်မာတဝှမ်းပြည်သူများသည် ယနေ့ထိတိုင် စစ်အာဏာကျဆုံးရေး အတွက် ဆန့်ကျင်ဆန္ဒပြနေကြသည်။ မြန်မာတဝှမ်းနည်းတူ...

ကန့်ကွက်သူမရှိပါက ကျေးသီးမြို့နယ်ရှိ မြေယာဧက ၁၀၀၀ ကျော် သိမ်းခံရမည်ဟု မြို့နယ်မြေယာဌာနထုတ်ပြန်

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် အတွင်းရှိ မြေဧက ၁၀၀၀ ကျော် ကို ကန့်ကွက်သူမရှိပါက သိမ်းဆည်းခံရမည် ဟု ကျေးသီးမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန က ထုတ်ပြန်ကြေညာလိုက်သည်။ အဆိုပါ ကျေးသီးမြို့နယ် မြို့မြောက်ပိုင်းနေ အုပ်စု မြေဧက ၁၀၀၀ ကျော်ကို ကန့်ကွက်လိုပါက ယခုလ (သြဂုတ်...

သိမ်းဆည်းခံရ ကျေးသီးမှ မြေယာဧက ၅၀၀၀ ကျော်ရှိ လူထု၏မြေများပြန်လည်တောင်းဆိုနိုင်ရေး ကွင်းဆင်းတိုင်းတာစစ်ဆေးမည်

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်း နှစ်ပေါင်း ၂၀ ကျော်ကြာ သိမ်းဆည်းခံထားရသော လယ်ယာမြေဧက ၅၀၀၀ ကျော်အနက် လယ်ယာမြေများအား မြေတိုင်းဦးစီးဌာနနှင့်အတူ ကွင်းဆင်းတိုင်းတာနိုင်ရန် လယ်ယာပိုင်ရှင် နှင့် ရပ်ရွာအကြီးအကဲများ လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်းသိရသည်။ နို၀င်ဘာလ ၆ ရက်နေ့ မနက်ပိုင်းက ကျေးသီးမြို့ မိုင်းကောင်ဝ်အုပ်စု မိုင်းကောဝ် ဘုန်းကြီးကျောင်းတွင်...

တပ်မှသိမ်းသွားသည့်လူထု၏မြေဧက ၅၀၀၀ ကျော်အား ပင်းပက်သံမဏိစက်ရုံသို့လွှဲပေးသည့်အပေါ် ကျေးသီးဒေသခံများကန့်ကွက်

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်တွင် တပ်တိုးချဲ့မြေအဖြစ် စစ်တပ်မှ သိမ်းဆည်းထားသော မြေဧက ၅၀၀၀ ကျော်အား ပင်းပက်သံမဏိစက်ရုံသို့ အစိုးရမှ လွှဲပြောင်းပေးရာတွင် မြေလွှဲလျှောက်ထားချက်အပေါ် သတ်မှတ်ရက် ၁၅ ရက်အတွင်း ကန့်ကွက်လွှာတင်သွင်းရန် ကျေးသီးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ကြေငြာချက်တစောင် ထုတ်ပြန်သည့်အပေါ် ဒေသခံများက ကန့်ကွက်နေသည်။ ၄င်းနှင့်ပတ်သက်ပြီး မြေသိမ်းခံရသော...

Latest news