ကန့်ကွက်သူမရှိပါက ကျေးသီးမြို့နယ်ရှိ မြေယာဧက ၁၀၀၀ ကျော် သိမ်းခံရမည်ဟု မြို့နယ်မြေယာဌာနထုတ်ပြန်

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် အတွင်းရှိ မြေဧက ၁၀၀၀ ကျော် ကို ကန့်ကွက်သူမရှိပါက သိမ်းဆည်းခံရမည် ဟု ကျေးသီးမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန က ထုတ်ပြန်ကြေညာလိုက်သည်။

အဆိုပါ ကျေးသီးမြို့နယ် မြို့မြောက်ပိုင်းနေ အုပ်စု မြေဧက ၁၀၀၀ ကျော်ကို ကန့်ကွက်လိုပါက ယခုလ (သြဂုတ် ၁၅)ရက်တွင် နောက်ဆုံးထားပြီး စာတင်ရမည်ဖြစ်ပြီး၊ ကန့်ကွက်စာ မတင်ပါက ထိုမြေယာများ သိမ်းဆည်းခံရမည် ဖြစ်ကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဉီးစီးဌာနက ထုတ်ပြန်ခဲ့ကြောင်းသိရသည်။

ထို ကြေညာစာအား ဇူလိုင် ၁၆ရက် တွင် မြို့နယ် လယ်ယာမြေ က ထုတ်ခဲ့ပြီး၊ ဒေသခံ လူထုများက သြဂုတ် (၂) ရက်တွင် လက်ခံရရှိခဲ့သည်။

သြဂုတ် ၁၅ ရက်ထက်ကျော်လွန်ပြီး ကန့်ကွက်စာမပေးပို့ပါက ကျေးသီးမြို့ မြောက်ဘက်ရှိ (၀မ်ဝပ်ကျေးရွာအုပ်စု မှ ၉ ရွာနှင့် ပန်စေ့အုပ်စုမှ ၁၂ ရွာအတွင်းရှိ) မြေဧက ၁၀၀၀ ကျော်တွင် ATTITUDE & HONESTY CO.Ltd နှင့် NAMPAN DEVELOPEMENT & INVESTMENT Co.Ltd တို့အား ကြက်ဆူပင်၊ ပန်းနီပင်စိုက်ပျိုးရန်နှင့် ကျွဲနွားစားကျက်အဖြစ်ပြုလုပ်ရန် ခွင့်ပြုတော့မည်ဖြစ်ကြောင်း ကြေညာချက်တွင် ရေးသားထားသည်။

ထိုကိစ္စနှင့် ပတ်သက်ပြီး ပန်စေ့အုပ်စု ဥက္ကဌ လုံးစိုင်းတင့်က – “ကျနော်တို့ လယ်ယာမြေတွေပါ။ ကျေးသီးက ကိုယ်စားလှယ်တွေက ကျနော်တို့ကိုလာပြီးလက်မှတ်ထိုးခိုင်းပါတယ်။ ရွာသားတွေလက်မှတ်မထိုးပေးပါဘူး။ ကျနော်လည်းမထိုးခဲ့ပါဘူး။ စိုက်ပျိုးမြေမရှိရင်ရွာသားတွေဘာလုပ်ကိုင်စားသောက်နိုင်တော့မှာလဲ။ ကျနော်တို့ သဘောမတူပါဘူး။မနက်ဖြန်ကျနော်တို့ ကန့်ကွက်စာသွားတင်ပါမယ် ”- ဟုသျှမ်းသံတော်ဆင့်အားပြောသည်။

လူထု၏ကန့်ကွက်စာ

ကျေးရွာ အုပ်စု ၂ ခုရှိ လယ်ယာမြေများကိုမြေလွှတ်မြေရိုင်းဟုဆိုကာ လာရောက်လျှောက်ထားတောင်းဆိုနေသည့် ကုမ္ပဏီ များမှာ ATTITUDE & HONESTY CO.Ltd မှ မြေ ၃၀၀ ဧက၊ NAMPAN DEVELOPEMENT & INVESTMENT Co.Ltd အမည်ဖြင့် မြေဧက ၃၀၀ တို့ဖြစ်သည်။

ထို့အပြင် လားရှိုးမှတ်ပုံတင်နံပတ်ဖြင့် နန်းဆိုင်နွမ်မှ ဧက ၅၀၊ တောင်ကြီးမှတ်ပုံတင်နံပတ်ဖြင့် ဦးထွန်းထွန်းလွင်မှ ဧက ၃၅၀ ၊ရန်ကုန်မြို့ မှတ်ပုံတင်နံပတ်ဖြင့် ဦးထွန်းညိုမှ ဧက ၅၀ တို့ဖြစ်ကြောင်း ကျေးရွာ ဒေသခံများ ပြောပြချက်အရသိရသည်။

ကျေးသီးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်စိုင်းစံမိန်း -“အစိုးရထံမှာ ကုမ္မဏီက တောင်းနေတဲ့ကိစ္စ ၊ အဲတာစိုးရိမ်စရာမရှိပါဘူး။ ဒေသခံလူထုကနေ ဒါကို သဘောမတူနိုင်ဘူးလို့ကန့်ကွက်လိုက်ရင် ကုမ္မဏီဘက်ကလည်းဘာမှမတတ်နိုင်ဘူးလေ။ ကျနော်တို့ကတော့ လူထုဘက်က ရပ်တည်သွားမယ်။” – ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

၄င်းနှင့်ပတ်သက်ပြီး သြဂုတ်လ ၅ ရက်နေ့က ပန်စေ့အုပ်စု ၊ ၀မ်ဝပ်အုပ်စု တို့မှ ရွာပေါင်း ၂၁ ရွာမှ လူဉီးရေ ၄၆၈ ဉီးတို့နှင့် အတူ ကျေးသီးမြို့နယ်အတွင်းရှိ ဆရာတော် သံဃာတော်များ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ လွှတ်တော်ကိုယ်စားလှယ်များက ပန်စေ့အုပ်စု ဘုန်းကြီးကျောင်းတွင်တွေ့ဆုံဆွေးနွေးကာ ဒေသခံလူထုအများစုက သဘောမတူဟု ပြောဆိုခဲ့ကြသည်။

သြဂုတ်လ ၅ ရက်နေ့က ပန်စေ့အုပ်စု ၊ ၀မ်ဝပ်အုပ်စု တို့မှရွာသားများ ပန်စေ့အုပ်စု ဘုန်းကြီးကျောင်းတွင်တွေ့ဆုံဆွေးနွေး

အဆိုပါမြေနေရာများသည် သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA ထိန်းချုပ်လှုပ်ရှားရာနယ်မြေဒေသဖြစ်သဖြင့် ဒေသခံလူထုဘက်မှ ရပ်တည်ဖြေရှင်းပေးမည်ဟု မျှော်လင့်ကြောင်း ကျေးသီးဒေသခံလယ်သမားများကပြောဆိုသည်။

ဒီနေရာတွေက မြေလွှတ်မြေရိုင်းနေရာတွေလို့ သူတို့ပြောကြတယ်။ မဟုတ်ပါဘူး။ ကျနော်တို့နှစ်တိုင်း စိုက်ပျိုးစားသောက်တဲ့နေရာတွေဖြစ်တယ်။ ယာစိုက်တယ်ဆိုတဲ့သဘောတရားက နေရာရွှေ့ပြီးစိုက်ရတယ်လေ။ ကျနော်တို့အခု ပြသနာဖြစ်နေနဲ့နေရာ က SSPP/SSA ထိန်းချုပ်နေရာထဲမှာပါနေတော့ အဲဒီက လူကြီးတွေ ကျနော်တို့ကို ကူညီဖြေရှင်းပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်” – ဟု ၀မ်ဝပ်ကျေးရွာနေဒေသခံတဉီးကပြောသည်။

၄င်းနှင့်ပတ်သက်ပြီး SSPP/SSA ဘက်မှ မည်သို့ဆောင်ရွက်ဖြေရှင်းပေးမည်ကို သျှမ်းသံတော်ဆင့်မှ ဆက်သွယ်သော်လည်း ဆက်သွယ်မရခဲ့ပေ။

အတည်မပြုနိုင်သည့်သတင်းများအရ အဆိုပါဒေသသည် ကျောက်မီးသွေးများရှိသဖြင့် စိုက်ပျိုးရေး မွေးမြူရေးအတွက် ကုမ္မဏီမှ တောင်းသည်မှာ အမည်ခံသာဖြစ်ကြောင်း၊ အဓိကမှာ ကျောက်မီးသွေးတူးဖော်ရန်အတွက်သာဖြစ်ကြောင်းလည်းကြားသိရသည်။

ကျောက်မီးသွေးတူးဖော်ပါက လယ်ယာမြေများပျက်စီးခြင်း၊ ရေထွက်ဉီးနှင့် သဘာဝ ချောင်းရေမြောင်းရေများ ပျက်စီးကာ စိုက်ပျိုးရေးအတွက် အခက်အခဲဖြစ်မည်ဖြစ်ကြောင်း ဒေသခံများကပြောဆိုနေကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

MNDAA နှင့် TNLA တို့ကြား စစ်ရေးတင်းမာမှု လူထုအခက်အခဲကြုံတွေ့

0
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တို့ကြား နှစ်ဖက်စစ်ရေး တင်းမာမှုကြောင့် ပြည်သူလူထု အခက်အခဲ ကြုံတွေ့နေကြောင်း စုံစမ်းသိရသည်။ လက်ရှိတွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ကြား...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

 RCSS နှင့် SSPP နှစ်ဘက်ထိပ်သီးခေါင်ဆောင်များ ကွန်ဟိန်းမြို့တွင်တွေ့ဆုံ

0
သျှမ်းပြည် ကွန်ဟိန်းမြို့နယ်တွင်  သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)တို့ ထိပ်သီးခေါင်းဆောင်များ ယုံကြည်မှု တည်ဆောက်သည့်သဘောဖြင့် အလွတ်တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။  ပြီးခဲ့သည့် (မတ် ၂)ရက်တွင် ကွန်ဟိန်းမြို့နယ် မွေတော်နမ့်ဆွမ်စေတီ ထီးတင်ပွဲသို့ RCSS/SSA တပ်ဖွဲ့မှ ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် SSPP /SSA ဘက်မှ ဒုတိယဉက္ကဌ (၃) ဗိုလ်ချုပ်ကြီး ဆေပိုင်ဖ၊...

မိုင်းရယ် တောင်ယာထဲ ကျားဖြန့်လုပ်ကိုင်သူများ ပုန်းအောင်းနေခြင်းကြောင့် ဒေသခံစိုးရိမ်ထိတ်လန့်

0
သျှမ်းပြည် မိုင်းရယ်မြို့နယ် ဟိုယကျေးရွာအုပ်စုရှိ တောင်ယာများတွင် အွန်လိုင်းငွေလိမ် ( ကျားဖြန့်)လုပ်ကိုင်သူများ လာရောက်ပုန်းအောင်းနေခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေရကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ တတိယပတ်မှ စတင်ပြီး မိုင်းရယ်မြို့နယ် ဟိုယကျေးရွာအုပ်စုရှိ တောင်ယာတဲများသို့ သီပေါမြို့နယ် မန်မော်ကျေးရွာအုပ်စုဘက်မှ ထွက်ပြေးလာသည့် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်သူများ လာရောက်ပုန်းအောင်းနေခြင်းကြောင့် ဒေသခံများမှာ လုံခြုံရေးနှင့်...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...