RCSS နှင့် SSPP နှစ်ဘက်ထိပ်သီးခေါင်ဆောင်များ ကွန်ဟိန်းမြို့တွင်တွေ့ဆုံ

သျှမ်းပြည် ကွန်ဟိန်းမြို့နယ်တွင်  သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)တို့ ထိပ်သီးခေါင်းဆောင်များ ယုံကြည်မှု တည်ဆောက်သည့်သဘောဖြင့် အလွတ်တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။ 

ပြီးခဲ့သည့် (မတ် ၂)ရက်တွင် ကွန်ဟိန်းမြို့နယ် မွေတော်နမ့်ဆွမ်စေတီ ထီးတင်ပွဲသို့ RCSS/SSA တပ်ဖွဲ့မှ ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် SSPP /SSA ဘက်မှ ဒုတိယဉက္ကဌ (၃) ဗိုလ်ချုပ်ကြီး ဆေပိုင်ဖ၊ အတွင်းရေးမှူး ဗိုလ်မှူးကြီး စိုင်းဆုတို့ အပါအဝင် နှစ်ဘက် ထိပ်သီးခေါင်းဆောင်များ ချစ်ကြည်ရင်းနှီးမှု ၊ယုံကြည်မှု ပြန်လည်တည်ဆောက်သည့် အနေဖြင့် အလွတ်သဘောတွေ့ဆုံခဲ့ကြောင်း SSPP ဘက်မှ စစ်ရေးသတင်းရင်းမြစ်တစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ 

“နှစ်ဖက်တွေ့ဆုံတာကတော့ ဟုတ်ပါတယ်။ကွန်ဟိန်းဖက်မှာတွေ့ဆုံကြတာပါ။ဘယ်အကြောင်းအရာ တွေတွေ့ဆုံဆွေးနွေးလည်းဆိုတာကတော့ မသိရပါဘူး။ ဘယ်နေရာတွေ့လည်းဆိုတာလည်း အဓိကျတော့ မသိဘူး။နှစ်ဘက်လုံးက လူကြီးတွေတွေ့ဆုံကြတာပါ။”ဟု SSPP  စစ်ရေးသတင်း အရင်းမြစ်တစ်ဦးက ပြောသည်။ 

ထို့နောက် နှစ်ဘက်ထိပ်သီးခေါင်းဆောင်များသည် ညစာစားပွဲကို ပြုလုပ်ပြီး နှစ်ဘက်အပြန်အလှန် အလွတ်သဘောဖြင့် ဆွေးနွေးခဲ့သည်။ 

ထိုဆွေးနွေးမှုနှင့်ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာပေါ်တွင်လည်း RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် ပြောဆိုခဲ့သည့် “သျှမ်းပြည်က သျှမ်းပဲပိုင်တာမဟုတ်ဘူး။ သျှမ်း၊ ‘ဝ’ ၊လားဟူ၊ အာခါ၊ ပလောင်တွေလည်း အတူတူပိုင်တာ။ အရင်ကတိုက်ခိုက်တာမရှိဘူး။ အေးအေးချမ်းချမ်းပဲ၊ အခုအချင်းချင်းကြား ဘာကြောင့်တိုက်ခိုက်နေတာလဲ နောက်ကွယ်က သွေးထိုးလှုံ့ဆော်နေတဲ့သူတွေရှိလို့ပဲ” ဟု သျှမ်းဘာသာဖြင့်ပြောဆိုခဲ့သည်။ 

RCSS နှင့် SSPP ထိပ်သီးခေါင်းဆောင်များ အလွတ်သဘောဖြင့် တွေ့ဆုံ ဆွေးနွေးပြီး၊ ယုံကြည်မှု တည်ဆောက်သည့်ကိစ္စသည် အလွန်ကောင်းမွန်သည့် လက္ခဏာဖြစ်ကြောင်း၊ သျှမ်းအချင်းချင်း တိုက်ခိုက်နေမည့်အစား တွေ့ဆုံဆွေးနွေးပြီး ငြိမ်းချမ်းရေး ကို တည်ဆောက်ရန်လိုအပ်ကြောင်းလည်း သျှမ်းလူငယ် အမျိုးသား တစ်ဉီးက ပြောသည်၊၊ 

“ကျနော်တို့ သျှမ်းတပ်(၂)တပ် ခေါင်းဆောင်တွေ အလွတ်သဘောနဲ့တွေ့တာတောင် ကျနော်က ပျော်နေပြီ။ ကျနော်တို့တွေက ဘာသာစကားလည်း တူတယ်။ ရိုးရာလည်း တူတယ်။ အချင်းချင်းတိုက်နေတာ မဖြစ်ချင်ဘူး။ အချင်းချင်းတိုက်တာ နှစ်ဘက်စလုံးမှာ ဆုံးရှုံးမှုကြီးတယ်။ နောက်လူငယ်တွေကလည်းအချင်းချင်းတိုက်တော့ သျှမ်းတပ်ကိုမလုပ်ချင်သလို နိုင်ငံရေးလည်း စိတ်မဝင်စားတော့ဘူး” ဟု ၎င်းလူငယ် အမျိုးသားက ဆိုသည်။ 

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်( မတ်လ ၂ ရက်) တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ၊ သျှမ်းပြည်တပ်မတော် (RCSS/ SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့သည် ကွန်ဟိန်းမြို့နယ် လိုက်ကမ်ကျေးရွာအုပ်စုတွင် ထိတွေ့ တိုက်ပွဲများဖြစ်ပွားခဲ့ကြသည်။

၂၀၂၃ ခုနှစ် (နိုဝင်ဘာလ ၂၉ ရက်)တွင် (RCSS/SSA)  နှင့် (SSPP/SSA) အဖွဲ့တို့သည် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ ထို့နောက်ပိုင်း သျှမ်းတပ် (၂)တပ် စစ်ရေး တင်းမာမှု ဖြေလျော့လာခဲ့သည်။ 

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ငြိမ်းချမ်းရေး မျှော်လင့်ချက်ကြားက လွိုင်တိုင်းလျန်း

0
ဖုန်တထောင်းထောင်း ထနေသည့် မြန်မာ-ထိုင်းနယ်စပ်တစ်နေရာ မြေသားလမ်းပေါ်ရှိ ထိုင်းဘက်ခြမ်း စစ်ဆေးရေးဂိတ်ရှေ့တွင် စာရေးသူတို့ စီးနင်းလာသောကား ရုတ်တရက် ရပ်တန့်သွားသည်။ “အားလုံး ကားပေါ်က ဆင်းပေးကြပါ” ဟူသော ထိုင်းဘာသာစကားဖြင့် ပြောသည့် ညွှန်ကြားသံနှင့်အတူ ခရီးသည်အားလုံး ကားပေါ်မှ ဆင်းလိုက်ကြရသည်။ စစ်ယူနီဖောင်းဝတ် ထိုင်းစစ်သားများကို ရုတ်တရက် မြင်လိုက်ရချိန်မှာတော့ ကားပေါ်ပါလာသည့် ခရီးသည်များ၏...

ရပ်စောက်-နောင်ချိုကြား SSPP စစ်ဆေးရေးဂိတ်များကို စစ်ကော်မရှင်တပ်ဆုတ်ခိုင်း

0
သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ်အတွင်း ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) စစ်ဆေးရေးဂိတ်များ ဖြုတ်သိမ်း ဆုတ်ခွာခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ ဒုတိယပတ်အတွင်း ရပ်စောက်နှင့် နောင်ချိုမြို့နယ်ကြား ပြည်ထောင်စုလမ်မကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) စစ်ဆေးရေးဂိတ်အချို့ကို ဖယ်ရှားပေးရန် စစ်ကော်မရှင်တပ်က ဖိအားပေးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ် တစ်ဦးက...

MNDAA နှင့် TNLA တို့ကြား စစ်ရေးတင်းမာမှု လူထုအခက်အခဲကြုံတွေ့

0
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တို့ကြား နှစ်ဖက်စစ်ရေး တင်းမာမှုကြောင့် ပြည်သူလူထု အခက်အခဲ ကြုံတွေ့နေကြောင်း စုံစမ်းသိရသည်။ လက်ရှိတွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ကြား...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

RCSS ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီးယွက်စစ် ပြန်ရွေးချယ်ခံရ

0
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီး ယွက်စစ်အား ပြန်လည်ရွေးချယ်လိုက်ပြီး နိုင်ငံရေးပြဿနာများကို တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းမှတစ်ဆင့် ဆက်လက်အဖြေရှာသွားမည်ဟု RCSS ယနေ့ (ဖေဖော်ဝါရီလ ၂၀ ရက်) တွင် ထုတ်ပြန်သည်။ ဖေဖော်ဝါရီလ ၁၆ ရက်မှ ၁၈ ရက်အထိ သုံးရက်ကြာ ကျင်းပခဲ့သည့် RCSS ၏...