ကျေးသီးစစ်ဘေးရှောင်စခန်းထိ သေနတ်သံကြားနေရသဖြင့် စစ်ရှောင်များ စိုးရိမ်ထိတ်လန့်နေ

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့ စစ်ဘေးရှောင်စခန်း အထိ သေနတ်သံကြားနေရသဖြင့် စစ်ရှောင်များ စိုးရိမ်ထိတ်လန့် နေကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် ဇွန်လ ၁ ရက်မှ စတင်ပြီး ယနေ့အချိန်ထိ သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့ရှိ လွယ်ဟွန်းတောင်ကြော တစ်လျှောက် တိုက်ပွဲဖြစ်ပွားသည့် သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA ) တို့သည် စစ်ဘေးရှောင်စခန်း အနီးတွင် ပစ်ခတ်မှုကြောင့် စစ်ရှောင်များ စိုးရိမ်ထိတ်လန့် နေကြောင်း သိရသည်။

“ ကျနော်တို့ စစ်ရှောင်တွေ နေတဲ့နေရာထိတောင် သေနတ်သံကြားနေရတယ်။ လွယ်ဟွန်းတောင် နားက စစ်ရှောင်တွေနေတဲ့ နမ့်အုပ်ဘုန်းကြီးကျောင်းထိ လက်နက်ကျတယ်။ သေနတ်သံက ဆက်တိုက်ကြားရတော့ စိုးရိမ်စိတ်က ရှိနေတုန်းပဲ” ဟု စစ်ဘေးရှောင် တစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

လွယ်ဟွန်းတောင် အနီးရှိ စစ်ဘေးရှောင်များနေထိုင်သည့် နမ့်အုပ်ဘုန်းကြီးကျောင်း ကို ဇွန် (၇)ရက် တွင် လက်နက်ကြီး (၂)လုံးကျခဲ့ပြီး၊ ထိုအနီးပတ်ဝန်းကျင်တွင်လည်း သေနတ်သံများ ယနေ့ထိ ဆက်တိုက်ကြားနေရသဖြင့် စစ်ရှောင်တချို့က ကျေးသီးမြို့ပေါ် တိမ်းရှောင်နေရကြောင်း လည်း သတင်းရရှိသည်။

“ စစ်ဘေးရှောင်တွေနေတဲ့နေရာတောင် လုံခြုံမှုမရှိတော့ဘူး။ တိုက်ပွဲဖြစ်တဲ့နေရာနဲ့နီးတော့ ကြောက်နေရတယ်။ တချို့ကျေးသီးမြို့ပေါ် ဆွေမျိုးတွေရှိတဲ့သူဆိုရင် မြို့ပေါ်ပြောင်းသွားကြပြီ” ဟု ကျေးသီး စစ်ဘေးရှောင်များကို ကူညီပေးနေသူ တစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

ထို့အပြင် စစ်ဘေးရှောင် ရွာသားတချို့သည် လက်ရှိ အချိန်သည် စိုက်ပျိုးရေးရာသီ ဖြစ်သဖြင့် နေရပ်ပြန်သွားကြသည့် သူများရှိကြသော်လည်း ရွာအနီးတွင် တိုက်ပွဲများ ဖြစ်ပွားနေသဖြင့် စစ်ဘေးပြန်ရှောင်လာရကြောင်းသိရသည်။

“ကျနော်တို့ မပြန်ရဲတော့ပါဘူး၊ မနေ့က စစ်ဘေးရှောင်တစ်ချို့က နေရပ်ပြန်သွားကြပါတယ်၊ဒါပေမယ့် ရွာနားမှာ နှစ်ဖက်လက်နက်ကိုင်တွေက သောင်းကျန်းနေကြလို့ စစ်ဘေးရှောင်စခန်းကို ပြန်လာကြရတယ်” ဟု စစ်ဘေးရှောင်စခန်းမှ ပြည်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သျှမ်းတပ် (၂)တပ်သည် ယနေ့ အချိန်ထိ စစ်ရေး တင်းမာနေပြီး ၊ စစ်အင်အားဆက်လပ်ဖြည့်ဆည်းမှုပြုလုပ်ကာ ကျေးရွာလမ်းကို အသုံးပြုနေသဖြင့် ပြည်သူများက ရွာပြန်ရန် မဖြစ်နိုင်သေးကြောင်း သိရသည်။

“နှစ်ဖက်စလုံးက စစ်ရေးတွေတင်းမာနေဆဲပဲ၊ ပြီးတော့ စစ်တပ်အင်အားဖြည့်ရင် နှစ်ဖက်လုံးက ကျေးရွာလမ်းကို အသုံးပြုကြတော့ နှစ်ဖက်ထိပ်တိုက်တွေ့ဆုံပြီး တိုက်ပွဲဖြစ်ပွားမှုကိုလည်း ကြောက်တယ်။ ဒါကြောင့် ရွာမပြန်ရဲသေးဘူး” လို့ စစ်ဘေးရှောင်ကို ကူညီထောက်ပံ့ပေးနေသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သျှမ်းတောင် ကျေးသီးမြို့တွင် (SSPP/SSA) နှင့် (RCSS/SSA ) လဝက်ကြာသည့် အထိ တိုက်ပွဲ ဖြစ်ပွားမှုကြောင့် စစ်ဘေးရှောင် ပြည်သူများ ( ၃၀၀၀ ) ကျော်ရှိနေကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

 RCSS နှင့် SSPP နှစ်ဘက်ထိပ်သီးခေါင်ဆောင်များ ကွန်ဟိန်းမြို့တွင်တွေ့ဆုံ

0
သျှမ်းပြည် ကွန်ဟိန်းမြို့နယ်တွင်  သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)တို့ ထိပ်သီးခေါင်းဆောင်များ ယုံကြည်မှု တည်ဆောက်သည့်သဘောဖြင့် အလွတ်တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။  ပြီးခဲ့သည့် (မတ် ၂)ရက်တွင် ကွန်ဟိန်းမြို့နယ် မွေတော်နမ့်ဆွမ်စေတီ ထီးတင်ပွဲသို့ RCSS/SSA တပ်ဖွဲ့မှ ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် SSPP /SSA ဘက်မှ ဒုတိယဉက္ကဌ (၃) ဗိုလ်ချုပ်ကြီး ဆေပိုင်ဖ၊...

ရွာငံဒေသခံများ သေနတ်သံကြားလျှင် ဘေးလွတ်ရာရှောင်တိမ်းရန် တော်လှန်ရေးတပ်ဖွဲ့ အသိပေး

0
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေး တပ်ပေါင်းစုတို့ ထိတွေ့တိုက်ပွဲဖြစ်လျှင် ပြည်သူများ အခြေအနေ ကြည့်ပြီး ဘေးလွတ်ရာသို့ ရှောင်တိမ်းသွားကြရန် ဓနုဒေသအခြေစိုက် (၁၀၀၃) တပ်ရင်းမှ ယနေ့ (ဖေဖော်ဝါရီလ ၂၇) ရက်စွဲဖြင့် ထုတ်ပြန်လာသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၇)ရက်တွင် ရွာငံမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း...

RCSS ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီးယွက်စစ် ပြန်ရွေးချယ်ခံရ

0
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီး ယွက်စစ်အား ပြန်လည်ရွေးချယ်လိုက်ပြီး နိုင်ငံရေးပြဿနာများကို တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းမှတစ်ဆင့် ဆက်လက်အဖြေရှာသွားမည်ဟု RCSS ယနေ့ (ဖေဖော်ဝါရီလ ၂၀ ရက်) တွင် ထုတ်ပြန်သည်။ ဖေဖော်ဝါရီလ ၁၆ ရက်မှ ၁၈ ရက်အထိ သုံးရက်ကြာ ကျင်းပခဲ့သည့် RCSS ၏...

ဖယ်ခုံမြို့နယ် စစ်ဘေးရှောင် ၆၀၀၀ ကျော် သောက်သုံးရေ ခက်ခဲ၊ ဆေးဝါးအကူအညီ လိုအပ်

0
သျှမ်းပြည် ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်း တကြောတွင် တိမ်းရှောင်နေရသည့် စစ်ဘေးရှောင် (၆၀၀၀)ကျော်အတွက် သောက်သုံးရေ ပြတ်လပ်မှု ကြုံတွေ့နေရပြီး ဆေးဝါးစောင့်ရှောက်မှုများ လိုအပ်နေကြောင်း သတင်းရရှိသည်။ အဆိုပါ စစ်ဘေးရှောင် (၆၀၀၀)ကျော်သည် စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့ ဖယ်ခုံမြို့နယ် အနောက်ဘက် တကြောကို ပူးပေါင်း ထိုးစစ်ဆင်...

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...