ရွာငံဒေသခံများ သေနတ်သံကြားလျှင် ဘေးလွတ်ရာရှောင်တိမ်းရန် တော်လှန်ရေးတပ်ဖွဲ့ အသိပေး

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေး တပ်ပေါင်းစုတို့ ထိတွေ့တိုက်ပွဲဖြစ်လျှင် ပြည်သူများ အခြေအနေ ကြည့်ပြီး ဘေးလွတ်ရာသို့ ရှောင်တိမ်းသွားကြရန် ဓနုဒေသအခြေစိုက် (၁၀၀၃) တပ်ရင်းမှ ယနေ့ (ဖေဖော်ဝါရီလ ၂၇) ရက်စွဲဖြင့် ထုတ်ပြန်လာသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၇)ရက်တွင် ရွာငံမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း ပြည်သူများ၏ ကားတစ်စီး ဝင်ရောက်လာခဲ့ရာ တော်လှန်ရေးတပ်ပေါင်းစုဘက်မှ တိုက်ပွဲနောက်ဆုတ်ခဲ့ရပြီး စစ်ကော်မရှင်တပ်ဘက်မှ တပ်သား(၅)ဦး ထွက်ပြေးလွတ်မြောက် သွားသောကြောင့် ပြည်သူများ အခြေအနေကြည့် ရှောင်တိမ်းရန် အသိပေးထားသည်။

“တိုက်ပွဲဖြစ်တော့ ပြည်သူတွေရဲ့ ကားတစ်စီးက ဝင်လာတာ၊ ကျနော်တို့လည်း ပြည်သူကို ထိခိုက်မှာစိုးလို့ နောက်ဆုတ်ပေးခဲ့ရတာ စစ်သားတွေ လွတ်သွားတယ်။ ပြည်သူတွေက အခြေအနေ ကြည့်တတ်ဖို့လည်း လိုတယ်၊ တိုက်ပွဲက ကြိုတင်စီစဉ်ပြီး အစီအစဉ်တကျ သွားရတော့ ဒီလို ပြည်သူ့ကား၊ ဆိုင်ကယ်တွေ ဝင်လာရင် စစ်ရေးရည်မှန်းချက် ပြည့်အောင် မလုပ်ဆောင်နိုင်ဘူး”ဟု ၁၀၀၃ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် တိုက်ပွဲဖြစ်ပေါ်နေသည့် အခြေအနေ၊ တိုက်ပွဲဇုံများတွင် သတိဝီရိယဖြင့် သွားလာပြီး ဘေးလွတ်ရာသို့ ရှောင်တိမ်းခြင်း၊ စစ်ကော်မရှင်တပ်နှင့် ၎င်းလက်အောက်ခံ ပျူစောထီးအဖွဲ့များနှင့်လည်း ဝေးဝေးနေပေးကြရန် အသိပေးထားသည်။

ထို့အပြင် ဖေဖော်ဝါရီလ (၁၈)ရက်တွင်လည်း ရွာငံမြို့နယ် ကျောက်ငှက်-အုတ်တွင်းကျေးရွာ လမ်းပိုင်းတွင် ကင်းလှည့်နေသော စစ်ကော်မရှင်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ခဲ့ပြီး စစ်ကော်မရှင်တပ်မှ ဗိုလ်(၁)ဦးအပါဝင် (၁၀)ဦးခန့် သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ထည့်သွင်းထားသည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ထံမှ လက်နက် (၅)လက်၊ ကျည် (၆၀၀) ၊ အီနာဂါ(၁)လုံးနှင့် ဆက်သွယ်ရေးစက်ကြီး (၁)လုံး ၊ ကျည်ဘောက်(၁၁)ဘောက် သိမ်းဆည်း ရရှိခဲ့သည်ဟု သိရသည်။

“ကျနော်တို့က တိုက်ပွဲကို ခြေသံလုံလုံနဲ့ ဖော်ဆောင်နေတယ် ဆိုတာကိုလည်း သိထားစေချင်တယ်။ ဖော်ဆောင်ခဲ့တဲ့ တိုက်ပွဲတိုင်းမှာ‌တော့ ကျနော်တို့ဘက်က ထိခိုက်သူ အနည်းငယ်ပဲ ရှိခဲ့ပါတယ်”ဟု ၁၀၀၃ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ထပ်လောင်းပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၈)ရက်နေ့တွင် ရွာငံမြို့နယ် မျှားကလေးကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသော ရန်သူ့စစ်ကြောင်းအား ကြားဖြတ်မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ထိုတိုက်ခိုက်မှုအတွင်း လက်နက် (၂)လက် သိမ်းဆည်းရမိခဲ့ကြောင်း (၁၀၀၃) တပ်ရင်း ထုတ်ပြန်ချက်အရ သိရသည်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံ စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့ ထိတွေ့မှုရှိ၊ ဒေသခံများကို စစ်ဆေးမှု ပိုတင်းကျပ်လာ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ မကြာခဏ ဖြစ်ပွားနေပြီး၊ စစ်တပ်က ဒေသခံများကို သွားလာမှု ကန့်သတ်ထားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ နောက်ဆုံးပတ်တွင် ရွာငံမြို့နယ် ဆတ်ခြံကျေးရွာနှင့် တောင်ဦးကျေးရွာကြားတွင် စစ်တပ်နှင့် တော်လှန်ရေးတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးဘက်မှ ရှောင်တခင်တိုက်ခိုက်သောကြောင့် စစ်တပ်ဘက်မှ...

“ အရေးပေါ်ကာလ အမေ့ခံအမျိုးသမီးများ ဘဝ”

0
လူခန္ဓာကိုယ် ရေထဲမျောပါလုနီးပါး ဖြစ်သည့်အထိ ရေစီးအားပြင်းထန်နေသော်လည်း ဒေါ်လှတင်တို့အဖွဲ့ ရေကြီးမှုထဲ ပိတ်မိနေသည့် မွေးကင်းစကလေးငယ်နှင့် မိခင်ကို ကယ်တင်ရန် လှေတစီးကိုပါဆွဲသွားကြသည်။ ထို့နောက် လှေထဲကို မိခင်နှင့် မွေးကင်းစ ကလေးကို ရေစီးအားပြင်းထန်သည့်ကြား ရအောင် အသက်ကယ်ခဲ့ကြသည်။ ထိုဖြစ်ရပ် လွန်ခဲ့သည့် ၂၀၂၅ခုနစ် ဇူလိုင်လ အတွင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ...

“နိုင်ငံကူးပတ်စ်ပို့ဂယက် ကြားက သောက”

0
ယခုရက်ပိုင်း မြန်မာနိုင်ငံကူးလက်မှတ် (Passport) ကို ကိုင်ဆောင်ပြီး ပြည်ပမှာ ရွှေ့ပြောင်းနေထိုင် နေကြတဲ့သူတွေ ကြားမှာ စိတ်မအီမသာ ဖြစ်နေကြမယ်လို့ ထင်ပါတယ်။ အဲ့ဒီ စိတ်မအီမသာမှုကို ကျနော်ကိုယ်တိုင်လည်း ခံစားနေရပါတယ်။ မြန်မာနိုင်ငံမှာ “နိုင်ငံကူးလက်မှတ်” ကို ခရီးသွားရည်ရွယ်ချက်နဲ့ သွားရောက်လုပ်ကိုင်မယ့် အခြေအနေပေါ်မူတည်ပြီး အမျိုးအစားခွဲခြားထားပါတယ်။ မြန်မာနိုင်ငံရဲ့ Passport စာအုပ်က ကာဗာအနီရောင်ဖြစ်ပြီး အမျိုးအစားတွေကတော့ -• အလည်အပတ်ဆိုရင် Passport for Visit...

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...

ရွာငံမြို့နယ် နေရပ်ပြန် စစ်ရှောင်များ နေထိုင်ပြန်သော်လည်း နေထိုင်စရာခက်ခဲ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မင်းပလောင်ကျေးရွာမှ နေရပ်ပြန် စစ်ဘေးရှောင်များသည် နေအိမ်များ ပြန်လည်မဆောက်နိုင်သေးပဲ မိုးကာတဲများဖြင့် နေထိုင်နေရကြောင်း သတင်းရရှိသည်။ မင်းပလောင်ကျေးရွာကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၂)ရက်တွင် စစ်ကောင်စီမှ စစ်ကြောင်း ထိုးဝင်ရောက်ပြီး ရွာလုံးကျွတ်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထိုသို့ မီးရှို့ခံရသောကြောင့် မင်းပလောင် ကျေးရွာမှ စစ်ဘေးရှောင်...