Tuesday, January 27, 2026

တပ်မှသိမ်းသွားသည့်လူထု၏မြေဧက ၅၀၀၀ ကျော်အား ပင်းပက်သံမဏိစက်ရုံသို့လွှဲပေးသည့်အပေါ် ကျေးသီးဒေသခံများကန့်ကွက်

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်တွင် တပ်တိုးချဲ့မြေအဖြစ် စစ်တပ်မှ သိမ်းဆည်းထားသော မြေဧက ၅၀၀၀ ကျော်အား ပင်းပက်သံမဏိစက်ရုံသို့ အစိုးရမှ လွှဲပြောင်းပေးရာတွင် မြေလွှဲလျှောက်ထားချက်အပေါ် သတ်မှတ်ရက် ၁၅ ရက်အတွင်း ကန့်ကွက်လွှာတင်သွင်းရန် ကျေးသီးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ကြေငြာချက်တစောင် ထုတ်ပြန်သည့်အပေါ် ဒေသခံများက ကန့်ကွက်နေသည်။

တပ်မှသိမ်းသွားသည့်လူထု၏မြေဧက ၅၀၀၀ ကျော်အား ပင်းပက်သံမဏိစက်ရုံသို့လွှဲပေးသည့်အပေါ် ကျေးသီးဒေသခံများကန့်ကွက်

၄င်းနှင့်ပတ်သက်ပြီး မြေသိမ်းခံရသော ကျေးသီးမြို့ မိုင်းနင်နှင့် မိုင်းကောင်ရပ်ကွက်ရှိ ဒေသခံများက မြို့နယ် အဆင့်သာမက ပြည်နယ်အစိုးရထံ ကန့်ကွက်စာတစောင် ယနေ့ပေးပို့မည်ဖြစ်ကြောင်းသိရသည်။

ကျနော်တို့ဒီမြေမှာ ဘိုးဘွားလက်ထက်ကတည်းကဘဲ။ စစ်တပ်ကသိမ်းယူလိုက်ပြီးအခု ပိုလျှံတယ်ဆိုပြီးလူထုကို ပြန်မပေးဘူး။ အခုလိုမျိုး လူထုရဲ့လယ်ယာမြေတွေကို သိမ်းတာတွေဘာတွေတော့ မလုပ်သင့်တဲ့အပြင်၊ တခြားကို လွှဲပြောင်းပေးတာလဲမလုပ်သင့်ဘူး ”- ဟု ကျေးသီးဒေသခံ ယာမြေပိုင်ရှင် စိုင်းအောင်ထွန်း ကပြောသည်။

ကျေးသီးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်စိုင်းစံမိန်းက – လူထုဆန္ဒအတိုင်းဖြစ်စေချင်ပါတယ် – ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

၁၉၉၆ ခုနှစ်က ဖြတ်လေးဖြတ်စီမံကိန်းဖြင့် တပ်မတော်အစိုးရမှ ဒေသခံများအား အဓမ္မပြောင်းရွေ့စဉ် မြေဧရိယာ ၅၄၅၉ ဧက အား ကျေးသီး အခြေစိုက် ခလရ ၁၃၁ က သိမ်းယူခဲ့ပြီး ၂၀၀၉ ခုနှစ်က ကျောက်မီးသွေးတူးဖော်ခွင့်ပြုခဲ့သည်။ ကျောက်မီးသွေး တူးဖော်ရေးစီမံကိန်းကြောင့် ကျေးသီးမြို့နှင့် အနီးအနားကျေးရွာပေါင်း ၅၀ ကျော်အား ရေပေးဝေနေသည့် နမ့်ဟင်ချောင်းကို တိမ်ကော ပျက်စီးစေသည်ဟု ဆိုကာ ၂၀၁၆ ခုနှစ်က ဒေသခံလူထုနှင့်ဆရာတော်သံဃာတော်များက စုပေါင်း ဆန့်ကျင်ကန့်ကွက်ခဲ့သည်။

၂၀၁၇ ခုနှစ် အဆိုပါတပ်တိုးချဲ့မြေအဖြစ်သိမ်းယူထားသော ၅၄၅၉ ဧကအား အသုံးပြုရန်မလိုအပ်တော့သဖြင့် နိုင်ငံတော်သို့လွဲပြောင်းပေးခဲ့သည်။ ၂၀၁၇ ဒီဇင်ဘာလတွင်မူ အဆိုပါမြေများအား ဒေသခံများ ထံပြန်လည် အပ်နှံခြင်းမရှိဘဲ ပြည်ထဲရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာတစောင်ထုတ်ပြန် ခဲ့သည်။ အဆိုပါစာတွင် – ကာကွယ်ရေးဝန်ကြီးဌာန ခလရ ၁၃၁ တပ်တိုးချဲ့မြေ ၅၄၅၉ ဧကအား စက်မှုဝန်ကြီးဌာန အမှတ် ၂ သံမဏိ စက်ရုံ ပင်းပက်သို့လွဲပြောင်းပေးရန်အတွက် နိုင်ငံတော်သို့ပြန်လည်စွန့်လွှတ်အပ်နှံမှုအပေါ် ပြည်ထဲရေး ၀န်ကြီးဌာနက လက်ခံကာနိုင်ငံတော်ပိုင်မြေအဖြစ် သတ်မှတ်လိုက်သည်ဟု ပါရှိပါသည်။

အဆိုပါ မြေဧရိယာအား အမှတ် ၁ သံမဏိစက်ရုံ(ပင်းပက်) သို့လွဲပြောင်းနိုင်ရေးအတွက် မြေစာရင်းပုံစံရေး ဆွဲနိုင်ရေး သျှမ်းပြည်နယ်အစိုးရ စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးက ၂၀၁၈ ယခုနှစ် ဂျူလိုင်လက စာထုတ်ပြန်ပြီးနောက် ကျေးသီးမြို့နယ် မြို့နယ်ထွေအုပ်ကလည်း အောက်တိုဘာလ ၉ ရက်နေ့မှ ၂၄ ရက်နေ့ အထိ ၁၅ ရက်တာကာလအတွင်း ကန့်ကွက်နိုင်ကြောင်း ကြေငြာခဲ့ပြီးသည့်နောက် ကျေးသီး ဒေသခံလူထု မိုင်းနင်အုပ်စု မိုင်းကောင်အုပ်စုဒေသခံများမှလည်း ကန့်ကွက်စာပေးပို့မည်ဖြစ်ကြောင်း ကြေငြာချက် တစောင် ထုတ်ပြန်လိုက်သည်။

ပင်းပက် သံမဏိစက်ရုံအား လွဲပြောင်းပေးမည့်အဆိုပါမြေဧရိယာတွင် လယ်ယာမြေများအပြင် စားကျက် မြေများ၊ ရေကန်များ၊ သစ်တောများ၊ ရေထိန်းတောမြေများ၊ ရိုးရာယုံကြည်မှုနတ်နန်းများ၊ ဘုန်းတော်ကြီး ကျောင်းများ၊ သချိုင်းမြေများ၊ စာသင်ကျောင်းနှင့်ကျေးလက်ကျန်းမာရေးဌာနခွဲ၊ ဆေးခန်းတို့ပါ၀င်သဖြင့် ဒေသခံလူထုမှ ဆန့်ကျင်ရခြင်းဖြစ်ကြောင်း သိရသည်။

ပင်းပက် သံမဏိစက်ရုံသို့လွှဲပြောင်းပေးသော အဆိုပါမြေဧရိယာတွင် အစိုးရတပ်ထံမှခွင့်ပြုချက်ယူကာ ကျောက်မီးတူးဖော်နေသော ကုမ္မဏီများမှာ ကမ္ဘောဇဖွံ့ဖြိုးရေး၊ စိုးလွင်အောင်၊ စိန်နဂါး၊ ယုဝေယံနှင့် ငွေရည်ပုလဲကုမ္မဏီတို့ဖြစ်ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျေးသီးမြို့ ဈေးတန်းအတွင်း ဗုံးကျည် တစ်လုံး တူးဖော်တွေ့ရှိ

0
သျှမ်းပြည် လွိုင်လင်ခရိုင် ကျေးသီးမြို့နယ်၊ ကျေးသီးမြို့ မြို့မဈေးတန်းအတွင်း မြေတူးရာမှ ဗုံးကျည် တစ်လုံး တူးဖော်တွေ့မိကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ မေလ ၁၅ ရက်နေ့ မနက်ပိုင်းအချိန်တွင် ကျေးသီးမြို့မ ဈေးအတွင်း ဈေးတန်းသစ် တည်ဆောက်ရန် အတွက် မြေကျင်းတူးရာမှ နှစ်ပေါင်း ၈၀ နီးပါးရှိသည့် ဗုံးကျည်...

SSPP ဌာနချုပ် ဝမ်ဟိုင်း အနီး စစ်ကောင်စီ အင်အားဖြည့်တင်းနေ

0
သျှမ်းပြည် လွိုင်လင်ခရိုင် ကျေးသီးမြို့နယ် SSPP ဌာနချုပ် ဝမ်ဟိုင်းဒေသအနီး မြို့/မြို့နယ်များရှိ အခြေစိုက် တပ်များ ရှိရာသို့ စစ်ကောင်စီတပ်ဖွဲ့မှ စစ်အင်အား ဖြည့်တင်းနေကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီ ၂၆) ရက်တွင် လားရှိုးမြို့ အခြေစိုက် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် (ရပခ) မှ စစ်အင်အား...

ကျေးသီးမြို့နယ်အတွင်း သူခိုးများကို ဒေသခံများ ဝိုင်းဝန်းဖမ်းဆီး

0
သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်း ဆိုင်ကယ်များကို လိုက်လံခိုးယူနေသည့် သူခိုးအဖွဲ့ကို ဒေသခံများနှင့် ဒေသတွင်း အာဏာပိုင်များ ပူးပေါင်းပြီး ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၂ ရက်တွင် ကျေးသီးမြို့နယ် မြို့မဈေးသို့ ဆိုင်ကယ်ခိုးယူသွားသည့် ဆိုင်ကယ် သူခိုးအဖွဲ့သည် ယင်းနေ့တွင်ပင် ပြည်သူ့ဆေးရုံအတွင်းမှ ဝန်ထမ်းတစ်ဦး၏ ဆိုင်ကယ်ကိုလည်း...

ကျေးသီးမြို့နယ်ထဲ ကျောက်မီးသွေးတူးဖော်ရန် ကုမ္ပဏီများက ပြင်ဆင်နေ

0
သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် မိုင်းကောင်ကျေးရွာအုပ်စုထဲတွင် ကုမ္ပဏီ ၅ ခုလောက်က ကျောက်မီးသွေးတူးဖော်ရန် ပြင်ဆင်နေကြောင်း စုံစမ်းသိရှိရသည်။ လက်ရှိတွင် မိုင်းကောင်ကျေးရွာအုပ်စုထဲတွင် ကျောက်မီးသွေးတူးဖော်ရန်အတွက် မြေတူးစက်၊ ၁၂ ဘီးကား စသည့် ပစ္စည်းများကို ချထားပြီး ဖြစ်ကြောင်း သိရသည်။ “သူတို့ ကျောက်မီးသွေးတူးဖော်ဖို့ သုံးတဲ့ပစ္စည်းတွေ လာချထားတာ တစ်လ...

ကျေးသီးမြို့ ပြည်သူပိုင် မြေယာ ကြံ့ခိုင်ရေးပါတီ နှင့် သစ်တော ဦးစီး အဓမ္မသိမ်းယူ

0
သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့ထဲရှိ ပြည်သူပိုင်မြေယာများကို ကြံ့ခိုင်ရေးပါတီ နှင့် သစ်တောဦးစီးတို့က အဓမ္မသိမ်းယူလိုက်ကြောင်း စုံစမ်းသိရသည်။ ထိုမြေယာကို ၂၀၀၆ ခုနှစ်ကတည်းက ကြက်ဆူပင် စီမံကိန်းဟုဆိုပြီး ကြံ့ခိုင်ရေးပါတီက လာရောက် သိမ်းယူထားပြီး လက်ရှိအချိန်အထိ ပြည်သူများထံ ပြန်လည်ပေးအပ်ခဲ့ခြင်းမရှိကြောင်း မြေယာသိမ်းခံရသူတစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။ “သူတို့ ၂၀၀၆ ခုနှစ်ကနေ...