ကျေးသီးမြို့ အနီး သျှမ်းတပ်(၂)တပ် အပြန်အလှန် နယ်မြေကျူးလွန်မှု တိုက်ပွဲဖြစ်

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့အနီးတွင် သျှမ်းလက်နက်ကိုင် (၂)ဖွဲ့ အပြန်အလှန် နယ်မြေကျူးလွန်မှု ဟု ပြောဆိုကာ တိုက်ပွဲ ၂ရက်ဆက်တိုက် ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။

ကျေးသီးမြို့နယ် နှင့် မိုင်းနောင်ကြား လွိုင်ဟွန်းတောင်အနီးတွင် ယမန်(ဇွန် ၁)ရက် မနက်ပိုင်းမှ စတင်ကာ သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)နှင့် သျှမ်းပြည်တိုးတက်ရေး ပါတီ (SSPP/SSA) တို့သည် အပြန်အလှန် နယ်မြေကျူးလွန်သည် ဟုဆိုကာ တိုက်ပွဲ ၂ရက်ဆက်တိုက်ဖြစ်ပွားခဲ့ရပြီး စစ်ဘေးရှောင် (၂၀၀)ကျော် ထွက်ပြေးတိမ်းရှောင်နေကြရသည်။

“မနေ့က တိုက်ပွဲစဖြစ်ရတယ်၊ ပြောရမယ်ဆိုရင် SSPP တို့က ကျနော်တို့ကနယ်မြေထဲကို ကျူးကျော်ဝင်ရောက်လာလို့ ကျနော်တို့ဖက်ကလည်း ပြန်ပြီး ခုခံကာကွယ်တဲ့ သဘောပါ” ဟု RCSS/SSA ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးခမ်းစံက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုနည်းတူ SSPP/SSA မှ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူး စိုင်းဖုန်းဟန် ကလည်း “ အခု တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေကို ကြည့်မယ် ဆိုရင် များသောအားဖြင့် က ကျနော်တို့ SSPP ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ ဖြစ်နေကြတယ်ဆိုတာ အားလုံးသိတဲ့အတိုင်းပဲ” ဟု သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတိုက်ပွဲဖြစ်ပွားမှုကြောင့် ပြည်သူများထွက်ပြေးတိမ်းရှောင်နေရကြောင်း လည်း ဗိုလ်မှူးစိုင်းဖုန်းဟန် က ပြောသည်။

ထို့ကြောင့် သျှမ်းတပ် (၂)တပ် နယ်မြေကျူးလွန်မှုကြောင့် တိုက်ပွဲဖြစ်ပွားနေခြင်းသည် ပြည်သူများအတွက် စိုးရိမ်ပူပန်မှု ဖြင့် စစ်ဘေးရှောင်နေရပြီး၊ သျှမ်းတပ်(၂)တပ်အနေဖြင့် ယခုကဲ့သို့ တိုက်ပွဲထိတွေ့မှုမျိုးမဖြစ်စေချင်ကြောင်းလည်း ကျေးသီးဒေသခံ တစ်ဦး ကပြောသည်။

“ သျှမ်းတပ် (၂)တပ် နယ်မြေလုနေကြတယ်လို့ ကျနော်ထင်တယ်။ ဒါက မဖြစ်သင့်ဘူး။ အခု ကိုယ့်လူမျိုးတွေပဲ စစ်ထပ်ပြေးနေရတယ်။ မွေးဖွားစ မိခင်တွေလည်း ပါတယ်။ အချင်းချင်း ငြင်းခုံနေရမယ့်အချိန်မဟုတ်တော့ဘူး” ဟု ကျေးသီး ဒေသခံက ဆိုသည်။

စစ်ရှောင်လာသည့် သူများတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ မွေးဖွားစ မိခင်များ၊ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများအပြင် တိုက်ပွဲကြောင့် ရုတ်တရက်ထွက်ပြေးလာရသည့်အတွက် အဝတ်အစား မပါ လာသည့် သူများရှိကြောင်း သိရသည်။

သျှမ်းလက်နက်ကိုင် တပ်ဖွဲ့ (၂)တပ် ကို သျှမ်းသံဃာများ၊ သျှမ်းပြည်သူများ က တိုက်ပွဲများ ရပ်တန့်ရန် အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း ထူးခြားလာခြင်းမရှိဘဲ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေသည့်အပေါ် စိတ်မကောင်းနေကြကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

ငြိမ်းချမ်းရေး မျှော်လင့်ချက်ကြားက လွိုင်တိုင်းလျန်း

0
ဖုန်တထောင်းထောင်း ထနေသည့် မြန်မာ-ထိုင်းနယ်စပ်တစ်နေရာ မြေသားလမ်းပေါ်ရှိ ထိုင်းဘက်ခြမ်း စစ်ဆေးရေးဂိတ်ရှေ့တွင် စာရေးသူတို့ စီးနင်းလာသောကား ရုတ်တရက် ရပ်တန့်သွားသည်။ “အားလုံး ကားပေါ်က ဆင်းပေးကြပါ” ဟူသော ထိုင်းဘာသာစကားဖြင့် ပြောသည့် ညွှန်ကြားသံနှင့်အတူ ခရီးသည်အားလုံး ကားပေါ်မှ ဆင်းလိုက်ကြရသည်။ စစ်ယူနီဖောင်းဝတ် ထိုင်းစစ်သားများကို ရုတ်တရက် မြင်လိုက်ရချိန်မှာတော့ ကားပေါ်ပါလာသည့် ခရီးသည်များ၏...

ရပ်စောက်-နောင်ချိုကြား SSPP စစ်ဆေးရေးဂိတ်များကို စစ်ကော်မရှင်တပ်ဆုတ်ခိုင်း

0
သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ်အတွင်း ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) စစ်ဆေးရေးဂိတ်များ ဖြုတ်သိမ်း ဆုတ်ခွာခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ ဒုတိယပတ်အတွင်း ရပ်စောက်နှင့် နောင်ချိုမြို့နယ်ကြား ပြည်ထောင်စုလမ်မကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) စစ်ဆေးရေးဂိတ်အချို့ကို ဖယ်ရှားပေးရန် စစ်ကော်မရှင်တပ်က ဖိအားပေးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ် တစ်ဦးက...

MNDAA နှင့် TNLA တို့ကြား စစ်ရေးတင်းမာမှု လူထုအခက်အခဲကြုံတွေ့

0
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တို့ကြား နှစ်ဖက်စစ်ရေး တင်းမာမှုကြောင့် ပြည်သူလူထု အခက်အခဲ ကြုံတွေ့နေကြောင်း စုံစမ်းသိရသည်။ လက်ရှိတွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ကြား...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...