Wednesday, January 28, 2026

သိမ်းဆည်းခံရ ကျေးသီးမှ မြေယာဧက ၅၀၀၀ ကျော်ရှိ လူထု၏မြေများပြန်လည်တောင်းဆိုနိုင်ရေး ကွင်းဆင်းတိုင်းတာစစ်ဆေးမည်

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်း နှစ်ပေါင်း ၂၀ ကျော်ကြာ သိမ်းဆည်းခံထားရသော လယ်ယာမြေဧက ၅၀၀၀ ကျော်အနက် လယ်ယာမြေများအား မြေတိုင်းဦးစီးဌာနနှင့်အတူ ကွင်းဆင်းတိုင်းတာနိုင်ရန် လယ်ယာပိုင်ရှင် နှင့် ရပ်ရွာအကြီးအကဲများ လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်းသိရသည်။

Photo to from Sai San Main Facebook/ သိမ်းဆည်းခံရ ကျေးသီးမှ မြေယာဧက ၅၀၀၀ ကျော်ရှိ လူထု၏မြေများပြန်လည်တောင်းဆိုနိုင်ရေးတွေ့ဆုံဆွေးနွေ

နို၀င်ဘာလ ၆ ရက်နေ့ မနက်ပိုင်းက ကျေးသီးမြို့ မိုင်းကောင်ဝ်အုပ်စု မိုင်းကောဝ် ဘုန်းကြီးကျောင်းတွင် သက်ဆိုင်ရာ အာဏာပိုင်များ နှင့်ဒေသခံလူထု ၂၀၀ ခန့်တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။

၁၉၉၆ ခုနှစ်ကတည်းက သိမ်းဆည်းခံရသော မြေဧက ၅၀၀၀ ကျော်အနက် ရွာမြေ၊ လယ်မြေ၊ စားကျက်မြေ၊ ထင်းစိုက်ခင်း၊ သာသနာမြေနှင့် အခြားမြေများအားကွင်းဆင်းတိုင်းတာကာ ပြန်လည်ရရှိရေးအတွက် လွှတ်တော်မှ တဆင့်ပြန်လည်တင်ပြတောင်းဆိုကြမည်ဖြစ်ကြောင်း လူထုကျေးသီးမြို့နယ် ကျားခေါင်းပါတီခေါ် သျှမ်းတိုင်းရင်း သားများဒီမိုကရေစီအဖွဲ့ချုပ် SNLD မှပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းစံမိန်း က သျှမ်းသံတော်ဆင့်အား ပြော သည်။

“ဒေသခံလူထုရဲ့သဘောထားတွေကိုမေးမြန်းတယ်။ ဆွေးနွေးတယ်။ ကွင်းဆင်းပြီး အသုံးပြုနေတဲ့မြေယာတွေ တိုင်း တာဖို့ သဘောတူခဲ့ကြတယ်။ ကျေးသီးမြို့မြေတိုင်းဦးစီးဌာနနဲ့ ကျနော်တို့ပေါင်းပြီး ၁၀ ရက်နေ့ ကျရင် စပြီးတော့ ကွင်းဆင်းတိုင်းတာစာရင်းယူပါမယ်။ မိုက်ဟုန်းလိန်ရွာ ၊ နောင်ဟီးရွာ၊ ဆူမ်မောန်းရွာ၊ မိုက်ဟုန်းချို ရွာတွေမှာ တရွာပြီး တရွာလုပ်သွားပါမယ်။ ဒေသခံလူထုဘက်ကနေလည်းဘဲ ကျနော်တို့နဲ့ လက်တွဲ ပူးပေါင်းပါ၀င် ဖို့တိုက်တွန်းပါတယ်။ ဒါမှ စာရင်းအမှန်အကန်ရရှိမှာဖြစ်တယ်။ ”- ဟု စိုင်းစံမိန်း ကပြောသည်။

ရရှိလာသောအချက်အလက်များအား မြေတိုင်းဦးစီးမှ အစီရင်ခံစာရေးသားကာ သက်ဆိုင်ရာသို့တင်ပြပြီးနောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မှ လွှတ်တော်အတွင်း ဆက်လက်တင်ပြတောင်းဆိုသွားမည်ဖြစ်ကြောင်း စိုင်းစံမိန်းက ဆက်ပြောသည်။

ယနေ့ကျင်းပသော မြေယာဆိုင်ရာလူထုနှင့်တွေ့ဆုံပွဲသို့ ဌာနဆိုင်ရာဝန်ထမ်းများ မြို့နယ်အုပ်ချုပ်ရေး ပိုင်းမှ ကိုယ်စားလှယ်များ၊ မြေစာရင်းဦးစီးဌာန၊ စိုက်ပျိုးရေးဌာန၊ စီမံကိန်းဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ စည်ပင်သာယာရေး ကော်မတီဥက္ကဌ၊ သိမ်းဆည်းလယ်ယာမြေနှင့်တခြားမြေများပြန်လည်စီစစ်ရေးကော်မတီ တို့မှ ကိုယ်စားလှယ်များ လည်းတက်ရောက်ကြောင်းသိရသည်။

လက်ရှိတွင် ကျောက်မီးသွေးတူးဖော်သည့်နေရာရှိ အဆောက်အအုံများအနီး လူထု၏ ဘိုးဘွားအစဉ်အဆက် လယ်ယာမြေများတွင်လည်း လွန်ခဲ့သည့်နှစ်များကတည်းက စိုက်ပျိုးလုပ်ကိုင်ခွင့်မပေးကြောင်း၊ထို့အတွက် ပြန် လည်လုပ်ကိုင်ခွင့်ရရေး လွှတ်တော်ကိုယ်စားလှယ်မှတဆင့်တောင်းဆိုသွားမည်ဖြစ်ကြောင်း ဆွေးနွေးပွဲ တက် ရောက်သူများကဆွေးနွေးခဲ့ကြောင်းသိရသည်။

ကျေးသီး မြို့နယ်အတွင်းရှိ လယ်ယာမြေဧက ၅၄၅၉ အား ကျေးသီးအခြေစိုက် ခလရ ၁၃၁ က လွန်ခဲ့သည့် ၁၉၉၆ က သိမ်းယူခဲ့ပြီး ၂၀၀၉ ခုနှစ်က ကျောက်မီးသွေး တူးဖော်ခွင့်ပြု ခဲ့သည်။ ၂၀၁၇ ခုနှစ် အဆိုပါတပ်တိုးချဲ့မြေ အား အသုံးပြုရန်မလိုအပ်တော့သဖြင့် နိုင်ငံတော်သို့လွဲပြောင်းပေးခဲ့သည်။ အဆိုပါလယ်ယာမြေများအား ကျောက်မီးသွေးတူးရန်အတွက် အမှတ် ၂ ပင်းပက်သံမဏိစက်ရုံအား လွဲပြောင်းထပ်မံလွဲပြောင်းပေးမည်ဟုဆိုသဖြင့် လူထုမှပြန်လည်တောင်းဆိုကြခြင်းဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီး PNO မှ ပြည်သူပိုင်မြေများ မတရား သိမ်းဆည်းပြီး အကွက်ရိုက်ပြန်လည်ရောင်းချ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ် ပေါမူကျေးရွာတွင် ပအိုဝ်းပြည်သူ့စစ် (PNO) က ပြည်သူပိုင်မြေများကို အဓမ္မ သိမ်းယူပြီး အကွက်ရိုက်ကာ ပြန်လည်ရောင်းချနေကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။ ပအိုဝ်းပြည်သူ့စစ PNO မှ ပေါမူဒေသခံများကို လျှပ်စစ်မီးနှင့် လမ်းဖောက်ပေးမည်ဟု ဆိုကာ ဒေသခံများ၏ မြေယာများကို ယမန်နှစ် (၂၀၂၃)...

လားရှိုးမြို့နယ် ပြည်သူပိုင် လယ်ယာဧကများကို  ပြည်သူ့စစ် နှင့် ဆက်နွယ်သူများက ဖိအားပေး ရောင်းချခိုင်းနေ

0
သျှမ်းပြည် လားရှိုးမြို့နယ် ပြည်သူပိုင်လယ်ယာဧကများကို  ပြည်သူ့စစ်နှင့်ဆက်နွယ်သူများက ဖိအားပေး ရောင်းချခိုင်းနေကြောင်း လားရှိုးဒေသခံများက ပြောသည်။ ပြီးခဲ့သည့် သြဂုတ်လ ပထမအပတ်တွင် လားရှိုးမြို့နယ် ဟန်နားကျေးရွာအုပ်စု နှင့် စဉ့်အင်ကျေးရွာအုပ်စုရှိ ပြည်သူပိုင်လယ်ယာဧကပေါင်း (၅၀၀) ဧကကို  ရောင်းချပေးဖို့အတွက် စိန်ကျော့ပြည်သူ့စစ်ခေါင်းဆောင်၏ သားဖြစ်သူ စဝ်နွမ်မိန်းမှ အုပ်ချုပ်ရေးမှူးများကို ခေါ်ယူပြီး ပြောကြားခဲ့သည်။ လယ်ယာမြေများသည်...

လားရှိုးတိုင်းရင်းသားလယ်ယာမြေ ဘုံပျောက်လာနိုင်

0
သို့ သျှမ်းသံတော်ဆင့် သတင်းဌာနမှ တဆင့် အများပြည်သူ သိရှိစေရန် ဖော်ပြပေးစေလိုခြင်း။ သျှမ်းပြည် လားရှိုးမြို့က လယ်ယာမြေ ပွဲစား နဲ့ မြို့နယ် အုပ်ချုပ်ရေးမှူးတွေ ပူးပေါင်းပြီး လယ်ယာမြေတွေကို အကွက်ရိုက်ပြီး တရုတ်တွေဆီ ရောင်းချနေပါတယ်။ လယ်ယာမြေတွေ တရားမဝင် ရောင်းဝယ်နေကြပြီး ပွဲစား နဲ့ ပေါင်းပြီး...

ကျေးသီးမြို့ ဈေးတန်းအတွင်း ဗုံးကျည် တစ်လုံး တူးဖော်တွေ့ရှိ

0
သျှမ်းပြည် လွိုင်လင်ခရိုင် ကျေးသီးမြို့နယ်၊ ကျေးသီးမြို့ မြို့မဈေးတန်းအတွင်း မြေတူးရာမှ ဗုံးကျည် တစ်လုံး တူးဖော်တွေ့မိကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ မေလ ၁၅ ရက်နေ့ မနက်ပိုင်းအချိန်တွင် ကျေးသီးမြို့မ ဈေးအတွင်း ဈေးတန်းသစ် တည်ဆောက်ရန် အတွက် မြေကျင်းတူးရာမှ နှစ်ပေါင်း ၈၀ နီးပါးရှိသည့် ဗုံးကျည်...

SSPP ဌာနချုပ် ဝမ်ဟိုင်း အနီး စစ်ကောင်စီ အင်အားဖြည့်တင်းနေ

0
သျှမ်းပြည် လွိုင်လင်ခရိုင် ကျေးသီးမြို့နယ် SSPP ဌာနချုပ် ဝမ်ဟိုင်းဒေသအနီး မြို့/မြို့နယ်များရှိ အခြေစိုက် တပ်များ ရှိရာသို့ စစ်ကောင်စီတပ်ဖွဲ့မှ စစ်အင်အား ဖြည့်တင်းနေကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီ ၂၆) ရက်တွင် လားရှိုးမြို့ အခြေစိုက် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် (ရပခ) မှ စစ်အင်အား...