လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ (၇) ကိုင်ဆောင်သူများ လိုက်နာရမည့် ဥပဒေပါ စည်းကမ်းချက်များ ထုတ်ပြန်

လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ (၇) ရရှိထားသူများအနေဖြင့် ဥပဒေပါ ပြဋ္ဌာန်းချက်များကို လိုက်နာရန် ပျက်ကွက်လျှင် လယ်ယာမြေလုပ်ပိုင်ခွင့် ဆုံးရှုံးနိုင်ကြောင်းနှင့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို ဥပဒေနှင့်အညီ ဆောင်ရွက်ရန် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က ယနေ့ (ဧပြီလ ၂၀ ရက်) တွင် ထုတ်ပြန်လိုက်သည်။

လယ်ယာမြေဥပဒေ ပုဒ်မ (၁၂) နှင့် (၁၃) အရ ပုံစံ (၇) ကိုင်ဆောင်သူများသည် မိမိတို့၏ လယ်ယာမြေကို စိုက်ပျိုးရေးအတွက်သာ အသုံးပြုရမည်ဖြစ်ပြီး သက်ဆိုင်ရာ မြေခွန်နှင့် အခွန်အခများကိုလည်း ပုံမှန်ပေးဆောင်ရန် တာဝန်ရှိကြောင်း ဖော်ပြထားသည်။

လယ်ယာမြေကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်း သို့မဟုတ် ပေးကမ်းခြင်းများ ပြုလုပ်ရာတွင် တရားဝင်မှုရှိစေရန်အတွက် သတ်မှတ်ထားသော တံဆိပ်ခေါင်းခွန်နှင့် မှတ်ပုံတင်ခများ ပေးဆောင်ကာ သက်ဆိုင်ရာ မြို့နယ်ဦးစီးဌာနရုံးတွင် မဖြစ်မနေ မှတ်ပုံတင်ရမည်ဖြစ်သည်။

အလားတူ အမွေဆက်ခံခြင်းဖြင့် ရရှိလာသော လယ်ယာမြေများကိုလည်း သတ်မှတ်ချက်များနှင့်အညီ မှတ်ပုံတင်ရန် လိုအပ်ကြောင်း ပြဋ္ဌာန်းထားသည်။

လယ်ယာမြေကို ပေါင်နှံရာတွင်လည်း စိုက်ပျိုးထုတ်လုပ်မှုအတွက် အရင်းအနှီးရယူရန် ရည်ရွယ်ချက်ဖြင့်သာ ပေါင်နှံခွင့်ရှိပြီး အစိုးရဘဏ် သို့မဟုတ် အစိုးရက အသိအမှတ်ပြုထားသော ဘဏ်များတွင်သာ ဆောင်ရွက်ရမည်ဟု ကန့်သတ်ထားသည်။

မြေယာအသုံးချမှုနှင့် ပတ်သက်၍ ခွင့်ပြုချက်မရှိဘဲ အခြားနည်းလမ်းဖြင့် အသုံးပြုခြင်း (ဥပမာ – အဆောက်အဦးဆောက်လုပ်ခြင်း၊ မြေဖို့ခြင်း) နှင့် သီးနှံအမျိုးအစား ပြောင်းလဲစိုက်ပျိုးခြင်းများကို တားမြစ်ထားသည်။

ထို့ပြင် ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ လယ်ယာမြေကို လှပ်ထားခြင်း မပြုရဘဲ လှပ်ထားရန် အကြောင်းပေါ်ပေါက်ပါက ကျေးရွာမှတစ်ဆင့် မြို့နယ်စီမံခန့်ခွဲမှုအဖွဲ့သို့ တင်ပြရမည်ဖြစ်ကာ ထိုသို့လှပ်ထားခြင်းသည် နှစ်နှစ်ဆက်တိုက်ထက် မပိုစေရဟု ဥပဒေတွင် ပြဋ္ဌာန်းထားသည်။

မြေယာအငြင်းပွားမှု ဖြစ်ပွားနေသည့် ကာလအတွင်း၌လည်း အဆိုပါမြေကို အရောင်းအဝယ်ပြုလုပ်ခြင်း သို့မဟုတ် လွှဲပြောင်းခြင်းများ မပြုလုပ်ရန် တားမြစ်ထားသည်။

လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်က ချမှတ်ထားသော အမိန့်နှင့် ညွှန်ကြားချက်များကို လိုက်နာရန် ပျက်ကွက်ပါက တည်ဆဲဥပဒေအရ အရေးယူခြင်းခံရနိုင်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

မူဆယ်-နမ့်ခမ်း မြစ်ဘေးရှိ ရပ်ကွက်များနှင့် လယ်ယာ၊ စိုက်ပျိုးမြေများ ရေမြှုပ်

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ နှင့် နမ့်ခမ်းမြို့ ရွှေလီမြစ်ဘေးနေထိုင်သည့် ပြည်သူများ၏ နေအိမ်နှင့် လယ်ယာများ ရေမြှုပ်နေကြောင်း သတင်းရရှိသည်။​ ဇူလိုင်လ တတိယပတ်အတွင်း သျှမ်းပြည် မြောက်ပိုင်း နှင့် တရုတ်နိုင်ငံအတွင်း မိုးအဆက်မပြတ်ရွာ သွန်းမှုအပြင် တရုတ်နိုင်ငံမှ ရေကာတာ ရေထုတ်လွှတ်မှုကြောင့် ရွှေလီမြစ်ရေမှာ ရက်ပိုင်း ရေမြင့်တက်လာခြင်းဖြစ်ကြောင်း မူဆယ်မြို့ဒေသခံအမျိုးသားတစ်ဦးက...

စွန့်ပစ်ခံ ASEAN သဘောတူညီချက် – စစ်အစိုးရ၏ အာခံမှုနှင့် အာဆီယံအတွင်း အက်ကွဲကြောင်းများ

0
မြန်မာ့အကျပ်အတည်းနှင့် ပတ်သက်သည့် သံတမန်အခင်းအကျင်းသည် အလှည့်အပြောင်းမြန်ဆန်စွာဖြင့် မရေမရာဖြစ်လာနေပြီး အရေးကြီးသည့် အခြေအနေသို့ ဆိုက်ရောက်လာခဲ့ပြီဖြစ်သည်။ လက်ရှိအခြေအနေသည် အတုအယောင်ဖန်တီးထားသော တရားဝင်မှု၊ အချင်းချင်း သစ္စာဖောက်မှု၊ ဒေသတွင်း ဘုံသဘောတူညီချက်များ ပျက်ပြားခြင်းကဲ့သို့ အန္တရာယ်ရှိသော အခြေအနေများဖြင့် စုပေါင်းဖြစ်ပေါ်လျက်ရှိသည်။ ပြီးခဲ့သည့် ဇူလိုင် ၁၂ ရက်က ဘန်ကောက်တွင်ပြုလုပ်ခဲ့သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အလွတ်သဘောအစည်းအဝေးအတွက်...

စစ်အစိုးရ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်တဝှမ်း သွင်းကုန်ရပ်တန့်

0
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး ကုန်ဈေးနှုန်းမြင့်တက်လာမည်ကိုလည်း ပြည်သူများက စိုးရိမ်နေကြကြောင်း စုံစမ်းသိရသည်။ (မေလ ၁ ရက်)မှ စပြီး တရုတ်ကုန်စည်များတင်သွင်းသည့် မူဆယ် - လားရှိုးလမ်းကြောင်းနှင့် ထိုင်းကုန်စည်များတင်သည့်သည့် တာချီလိတ် - ကာလိ စသည့်...

နမ့်ခမ်းမြို့ထဲ ပြန်လည်ဝင်ရောက်ရန် Non-CDM များကို စစ်အစိုးရ အသင့်ပြင်ခိုင်းထားဟုဆို

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်ရှိ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများတွင် တာဝန်ပြန်လည် ထမ်းဆောင်နိုင်ရန် မူဆယ်မြို့ဘက်ရှိ Non-CDM ဝန်ထမ်းများကို အသိပေး ပြင်ဆင်ခိုင်းနေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ထဲသို့ ပြန်လည်ဝင်ရောက်၍ အုပ်ချုပ်ရေးယန္တရား လည်ပတ်ရန် စစ်ကော်မရှင် အသွင်ပြောင်း စစ်အစိုးရမှ မူဆယ်နှင့်...