ဟိုပုံး သိမ်းဆည်းခံထားရသော မြေအားလုံး ပြန်ပေးရေး ဒေသခံတောင်သူများ တောင်းဆို

သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်တွင် သိမ်းဆည်းခံထားရသော မြေအားလုံး ပြန်လည်ရရှိရေးအတွက် ယနေ့ ဖေဖော်ဝါရီလ ၁၃ ရက်တွင် ပြုလုပ်သည့် ဟိုပုံးတောင်သူများ၏ သတင်းစာ ရှင်းလင်းပွဲတွင် တောင်းဆိုလိုက်သည်။

ပြီးခဲ့သည့် ဇန်နဝါရီ လဆန်းပိုင်းမှ စတင်ပြီး ဟိုပုံးမြို့နယ် လုံခုတ်ကျေးရွာအုပ်စုရှိ ဌာနေတောင်သူများ၏ ဘိုးဘွားစဉ်ဆက် လုပ်ကိုင်လာခဲ့သော တောင်ယာစိုက်ပျိုးမြေများနှင့် ရပ်ရွာနေအိမ်များကို စစ်တပ်အာဏာပိုင်များနှင့် ဒေသဦးစီးအဖွဲ့မှ အဓမ္မသိမ်းဆည်းခြင်း၊ ဒေသခံများကို “ကျူးကျော်”ဟု အမည်တပ်ကာ ရွှေ့ပြောင်းခြင်းများ ပြုလုပ်နေသည်။

ထိုသို့ သိမ်းဆည်းခံရသော မြေကို ပွဲစားများက လက်နက်ကိုင်တပ် အားကိုးဖြင့် ခြိမ်းခြောက်မှုများ ပြုလုပ်ခြင်း၊ အင်အားသုံး၍ ဖယ်ရှားမည်ဟု ခြိမ်းခြောက်ခြင်းများ ပြုလုပ်ခဲ့ကြခြင်းကြောင့် ယနေ့ (ဖေဖော်ဝါရီလ ၁၃ ရက်) တွင် “အိမ်မြေပိုင်ရှင်ဘဝမှ ကျူးကျော်ဘဝသို့ တွန်းပို့ခံရသော ဟိုပုံးတောင်သူများ” ခေါင်းစဉ်ဖြင့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

“မြေအစားထိုး နေရာရဖို့ ဆယ်သိန်း အရင်ပေးသွင်းခိုင်းတယ်၊ ဒါကိုလည်း ကျနော်တို့ သဘော မတူခဲ့ဘူး။ ဒီမြေကိုတော့ ကျနော်တို့မြေ ဖြစ်တဲ့အတွက် ဖယ်ပေးဖို့ အစီအစဉ် မရှိပါဘူး၊ ကျနော်တို့ အနေနဲ့ ဆန့်ကျင်သွားမှာ ဖြစ်တယ်”ဟု ဒေသခံ တောင်သူတစ်ဦးက သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။

ပအိုဝ်းလူငယ်အစည်းအရုံး (PYO) ဦးဆောင်ပြုလုပ်ခဲ့သည့် အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် (၁) သိမ်းဆည်းထားသော မြေများအားလုံး ပြန်ပေးရေး၊ (၂) ဒေသခံတောင်သူများကို နှင်ထုတ်ဖယ်ရှားမှုနှင့် ခြိမ်းခြောက်မှု လုပ်ဆောင်ခြင်းမှ ချက်ချင်းရပ်တန့်ရေး၊ (၃) သိမ်းဆည်းမြေကြောင့် ဒေသခံတောင်သူများ နစ်နာမှုကို ပြန်လည်ကုစားရေး စသည့် အချက် (၃)ချက်ကို ဒေသခံ တောင်သူများမှ တောင်းဆိုခဲ့ကြသည်။

ဟိုပုံးမြို့နယ်အတွင်းရှိ တောင်သူများ၏ စိုက်ပျိုးမြေနှင့် စားကျက်မြေ ၁၈၃၆၀.၄၈ ဧက အား လျော်ကြေး၊ နစ်နာကြေး တစ်စုံတစ်ရာ မပေးဘဲ သိမ်းဆည်းခဲ့ခြင်း၊ စစ်ပစ်ကွင်း တည်ဆောင်ခြင်းနှင့် နေရပ်မှ ဖယ်ရှားစေခြင်းအပြင် ဖိအားပေး ခြိမ်းခြောက်မှုမျိုးစုံ ရင်ဆိုင်နေရသော်လည်း စစ်ကော်မရှင်တပ်နှင့် ၎င်းလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့များမှ သတင်းဖုံးဖိ ဝါဒဖြန့်မှုများ လုပ်ဆောင်နေကြောင်း PYO ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

လက်ရှိ တောင်သူများ နှင်ထုတ်ဖယ်ရှားခံရသည့် မြေဧက (၆၂၅)ဧကတွင် အိမ်ခြေ ၂၀၀ ကျော်ရှိပြီး လူဦးရေ ၄၀၀ ကျော်ရှိကာ လက်တွေ့ ကျူးကျော်နေထိုင်သူများသည် တောင်သူများ မဟုတ်ပဲ စစ်တပ်သာ ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“ကျမတို့က ဒီမြေပေါ်မှာ နှစ်ပေါင်းများစွာ စိုက်ပျိုးလာတယ်။ တောင်သူတွေက ဒီမြေမှာ ပြန်စိုက်ပျိုးချင်ရင် သိန်း ၅၀ ပေးသွင်းရမယ်၊ ကျမတို့တော့ ပေးစရာမရှိဘူး။ ဒီမြေက ကလေးတွေ ပညာရေး၊ ကျန်းမာရေး အတွက် အထောက်အကူ ပြုနေရတယ်။ သက်ကြီးရွယ်အိုတွေ ဆိုလည်း ဒီမြေက ထွက်တဲ့ စိုက်ပျိုးရေးနဲ့ပဲ လုပ်ကိုင်စားသောက်နေရတာ ဖြစ်တယ်”ဟု ဒေသခံ တောင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

ထို့အပြင် မြေယာဆုံးရှုံးမှုများကြောင့် လူမှုစီးပွားရေး ထိခိုက်သည့်အပြင် အမျိုးသမီး အများစု အလုပ်အကိုင် ခက်ခဲ၍ စားဝတ်နေရေး အကြပ်အတည်းများ ကြုံတွေ့နေရပြီး စိတ်လုံခြုံမှု ကင်းမဲ့နေကြောင်း ဒေသခံများထံမှ သိရသည်။

ဟိုပုံးမြို့နယ် လုံခုတ်ကျေးရွာအုပ်စုရှိ မြေဧရိယာ (၅၆၁.၇၅) ဧကကို နိုင်ငံတော်ပိုင် ဟုဆိုကာ လာမည့် ဖေဖော်ဝါရီလ (၂၇)ရက်နေ့တွင် အပြီးဖျက်သိမ်းပေးရန် စစ်ကော်မရှင်လက်အောက်ခံ ဒေသဦးစီးအဖွဲ့က ဖေဖော်ဝါရီလ (၂၅) ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဟိုပုံးမြို့နယ် လုံခုတ်ကျေးရွာအုပ်စုသည် နောင်တောင်းကျောင်း မြောက်ဘက်တွင်ရှိပြီး အဆိုပါ မြေပေါ်တွင် ခွင့်ပြုမိန့်မရှိဘဲ ဆောက်လုပ်ထားသည့် အဆောက်အဦများကို အပြီးဖျက်သိမ်းပေးရန်နှင့် ရွှေ့ပြောင်းခြင်း မရှိသည့် မြေနေရာများကို အင်အားသုံးကာ ဖယ်ရှား ရှင်းလင်းသွားမည်ဟု စစ်ကော်မရှင်လက်အောက်ခံ ဒေသဦးစီးအဖွဲ့မှ ဖွဲ့စည်းထားသည့် ကျူးကျော်များ ရှင်းလင်းနေရာ ချထားရေး လုပ်ငန်းကော်မတီ၏ ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ PNO နှင့် စစ်တပ် အဆမတန် ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်ကော်မရှင်တပ်တို့သည့် ဒေသခံများထံ အဆမတန် ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသည်။ လက်ရှိ နောင်ကားကျေးရွာအုပ်စုတွင် PNO၏ စစ်အသုံးစရိတ်နှင့် စစ်ကော်မရှင် အတွက် စစ်မှုထမ်းကြေး တအိမ်လျှင် တိကြိမ် ငွေကျပ် ငါးသောင်းပေးဆောင်ရကြောင်း...

တောင်ကြီးမြို့နယ် အတွင်း စစ်တပ်နှင့် PNO က စစ်အသုံးစရိတ် တလ ကျပ်ငါးသောင်းကောက်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်အသုံးစရိတ်အတွက် တစ်လ ကျပ်ငါးသောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ်အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ်ငါးသောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားထားသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...

ဟိုပုံးမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်များ၌ ရေကြီးရေလျှံမှုများဖြစ်ပွား

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့တွင် မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် ယနေ့ (ဩဂုတ်လ ၁၀ ရက်) နံနက်ပိုင်းမှစတင်ကာ မြို့ပေါ်ရှိ မြေနိမ့်ပိုင်းရပ်ကွက်များအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ (၉) ရက်နေ့ ညပိုင်းမှစတင်ကာ မိုးအဆက်မပြတ် ရွာသွန်းခဲ့ခြင်းကြောင့် ယခုကဲ့သို့ ရေဝင်ရောက်မှုများ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး၊ မြို့ပေါ်ရပ်ကွက်အချို့ရှိ...

မြေသိမ်းခံရသည့် ဟိုပုံးဒေသခံများ တရားမျှတမှု မရရှိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် တွင် ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် မြေပွဲစားများပူးပေါင်းပြီး အသိမ်းခံရ မြေယာနှင့်ပတ်သက်ပြီး ယနေ့ (သြဂုတ် ၇)ရက်အထိ ပြည်သူများ တရားမျှတမှု မရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ...

နှစ်စဉ် ရေကြီး တောင်ပြိုသည့် ဟိုပုံးဒေသ သစ်ပင်စိုက်ရန် စစ်အစိုးရ တပင် ကျပ်လေးရာဖြင့်ရောင်းချနေ

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသတွင် နှစ်စဉ်ကြုံတွေ့နေရသည့် ရေကြီး၊ တောင်ပြိုမှုကို ကာကွယ်ရန်အတွက် စစ်အစိုးရ၏ လက်အောက်ခံ သစ်တောဉီးစီးဌာနက သစ်ပင် ပြန်စိုက်ရန် တစ်ပင်လျှင် ကျပ်ငွေလေးရာ(၄၀၀))ဖြင့် ရောင်းချနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ (၂၈) ရက်နေ့တွင် သစ်တောဦးစီးဌာနက ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသအတွက် ကော်ဖီပင် ပိုမိုစိုက်ပျိုးနိုင်ရန်နှင့်...