တောင်ကြီး PNO မှ ပြည်သူပိုင်မြေများ မတရား သိမ်းဆည်းပြီး အကွက်ရိုက်ပြန်လည်ရောင်းချ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ် ပေါမူကျေးရွာတွင် ပအိုဝ်းပြည်သူ့စစ် (PNO) က ပြည်သူပိုင်မြေများကို အဓမ္မ သိမ်းယူပြီး အကွက်ရိုက်ကာ ပြန်လည်ရောင်းချနေကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

ပအိုဝ်းပြည်သူ့စစ PNO မှ ပေါမူဒေသခံများကို လျှပ်စစ်မီးနှင့် လမ်းဖောက်ပေးမည်ဟု ဆိုကာ ဒေသခံများ၏ မြေယာများကို ယမန်နှစ် (၂၀၂၃) ခုနှစ်ကတည်းက သိမ်းယူခဲ့ပြီး ခြံစည်းရိုးများ ခတ်ကာ ကန့်သတ်ထားခဲ့သည်။

ထိုသို့ သိမ်းယူပြီးနောက် လျှပ်စစ်မီးများ အမှန်တကယ် ရရှိသည့်အချိန်တွင်လည်း ဒေသခံများထံမှ ငွေကြေးများ ထပ်မံကောက်ခံကာ လျှပ်စစ်မီး သွယ်တန်းယူစေခဲ့ပြီး ပိုက်ဆံမထည့်နိုင်သည့် အိမ်များမှာ လျှပ်စစ်မီး မရရှိခဲ့ကြောင်း ပေါမူဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“PNO အခုရောင်းနေတဲ့ မြေက ဒေသခံပိုင်တဲ့ မြေတွေပဲ။ သူတို့က လျှပ်စစ်မီးပေးမယ်ဆိုပြီး မြေတွေ သိမ်းသွားတာ။ လျှပ်စစ်မီးလည်းရရော ပိုက်ဆံ ၆ သိန်းပေးမှ မီးရမယ်တဲ့။ မြေတွေက မတရား သိမ်းခံရတယ်။ ခုဆို သူတို့ အကွက်ရိုက်ပြီး ရောင်းနေကြပြီ” ဟု ပေါမူဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယခုကာလတွင် မြေကွက်ရောင်းဝယ်မှု ပိုမို များပြားလာတာကြောင့် PNO မှ အကွက်ရိုက် ပြန်လည်ရောင်းချမှုများ ပြုလုပ်နေသည်ဟု သိရသည်။

PNO မှ သိမ်းဆည်းလိုက်သည့် မြေယာများသည် ဒေသခံများနှင့် နောင်မျိုးဆက်အတွက် တောင်ယာလုပ်ကိုင်စားသောက်ရန် ထားရှိထားသည့် မြေဖြစ်ပြီး ယခုကဲ့သို့ မြေဧက ထောင်နှင့်ချီ ဆုံးရှုံးခဲ့သောကြောင့် ရှေ့ဆက်လုပ်ကိုင် စားသောက်ရန် မြေယာရှားပါးလာကြောင်း ၎င်းအမျိုးသားက ထပ်လောင်းပြောကြားသည်။

ထို့အပြင် ပြည်သူများမှ မတရားခံရသည်ကို PNO ကို မပြောရဲဘဲ ခေါင်းငုံ့ခံနေရပြီး ဒေသခံများ လက်ရှိ လုပ်ကိုင်နေသော မြေယာများကိုပါ အကွက်ရိုက် ရောင်းချနေသည် ဟု သိရသည်။

“သူတို့က မြေတွေကို ခြံလာခတ်သွားတာ။ ပြောလည်း ဘာထူးမှာလဲ၊ သူတို့က လက်နက်ရှိတယ်လေ။ ဥပဒေလည်း သူတို့လက်ထဲမှာ ဆိုတော့ ခေါင်းငုံ့ခံနေရတယ်။ အခု သူတို့သိမ်းထားတဲ့ မြေကွက်ဘေးက လယ်ယာတွေကိုပါ ခြံခတ်ထားတယ်။ လာဝယ်တဲ့ သူလည်း ရှိတယ်”ဟု ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

တောင်ကြီးမြို့နယ် ပေါမူဒေသတွင် စိုက်ပျိုးရေးလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကြောင်း ပြုနေရပြီး အဓိက စိုက်ပျိုးသည်မှာ ပြောင်းနှင့် ဆန်စပါး ဖြစ်သည်။

အလားတူ ဆီဆိုင်မြို့နယ်တွင်လည်း ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် PNO မှ ဒေသခံ မြေယာများကို မတရား သိမ်းဆည်းခဲ့ခြင်းကြောင့် ဒေသခံများနှင့် ပြဿနာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုပြဿနာဖြစ်ပြီးနောက် PNO ကသာ လက်နက်အားကိုးဖြင့် အနိုင်ရရှိခဲ့ပြီး မြေယာဆုံးရှုံးရသည့် ဒေသခံများမှာ လျော်ကြေးအနည်းငယ်သာ ရရှိခဲ့ကြသည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ပေါမူဒေသတွင် PNO စစ်သင်တန်းဆင်းပွဲကို အင်အားထောင်နှင့်ချီ ပြုလုပ်ခဲ့ပြီး တစ်အိမ်လျှင် ငွေကျပ် ၅သောင်း ကောက်ခံ၍ စစ်ယူနီဖောင်းများကို ကိုယ်တိုင်ဝယ်ယူကာ တက်ရောက်ခဲ့ရကြောင်း သိရသည်။

ထို့အပြင် လူငယ် အများစုမှာ စစ်မှုထမ်းခေါ်စာများကြောင့် မိမိနေရပ်ကို စွန့်ကာ နယ်ဝေးသို့ သွားရောက် အလုပ်လုပ်ကာ ရှောင်တိမ်းနေရကြောင်း သိရသည်။

အလုပ်သင် သတင်းထောက် နန်းလရောင် ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့ပြင်ဘက် စစ်တပ် က ဖုန်းများ စစ်ဆေးနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ပြင်ဘက်တွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို တားဆီးကာ ဖုန်းများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယခုတစ်ပတ်အတွင်း တောင်ကြီးမြို့ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဘက်သို့ သွားသည့်လမ်းတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များကို တားဆီးပြီး ဖုန်းအတွင်းရှိ အချက်အလက်များနှင့် အွန်လိုင်းလောင်းကစားဆိုင်ရာ အသုံးပြုမှုများကို စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အသက်...

ဘဏ်အကောင့်ဖွင့်ပေးမည်ဆိုပြီး မှတ်ပုံတင်များကို ပုံရိုက်ယူကာ ကျားဖြန့်ထံရောင်းစားသူများရှိ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းတွင် ကားရပ်နားရာ နေရာများနှင့် အခြားသော လူသွားလူလာ များပြားသည့် နေရာများတွင် လူတစုမှ ဧရာဝတီဘဏ်အကောင့်နှင့် ကမ္ဘောဇဘဏ် အကောင့် ဖွင့်ပေးမည်ဆို၍ မှတ်ပုံတင်နှင့် မျက်နှာကို ပုံရယူကာ ကျားဖြန့်များထံ ရောင်းစားမှုရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင်၊ တောင်ကြီးမြို့နယ် အောင်ပန်းမြို့ ဘက်တွင် သက်လတ်ပိုင်းလူတစုက...

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ PNO နှင့် စစ်တပ် အဆမတန် ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်ကော်မရှင်တပ်တို့သည့် ဒေသခံများထံ အဆမတန် ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသည်။ လက်ရှိ နောင်ကားကျေးရွာအုပ်စုတွင် PNO၏ စစ်အသုံးစရိတ်နှင့် စစ်ကော်မရှင် အတွက် စစ်မှုထမ်းကြေး တအိမ်လျှင် တိကြိမ် ငွေကျပ် ငါးသောင်းပေးဆောင်ရကြောင်း...

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...

တောင်ကြီးမြို့နယ် အတွင်း စစ်တပ်နှင့် PNO က စစ်အသုံးစရိတ် တလ ကျပ်ငါးသောင်းကောက်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်အသုံးစရိတ်အတွက် တစ်လ ကျပ်ငါးသောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ်အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ်ငါးသောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားထားသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...