Tuesday, January 27, 2026

ကျေးသီး ရဲ၊တပ် နှောက်ယှက်မှုကြောင့် ဆန္ဒထုတ်ဖော်မှု၊ သံဗုံးတီးမှု ရပ်လိုက်ရ

သျှမ်းတောင် ကျေးသီးမြို့ပြည်သူများ စစ်အာဏာကျဆုံးရေး အတွက်ဆန့်ကျင်ဆန္ဒထုတ်ဖော်ရာတွင် စစ်ကား၊ ရဲကားများက အနှောက်အယှက်ပြုလုပ်သဖြင့် ဒေသခံပြည်သူများ ဆန္ဒထုတ်ဖော်မှုကို ရပ်ဆိုင်းထားရကြောင်း စုံစမ်းသိရသည်။

ဖေဖော်ဝါရီ ၁ရက်နေ့ မနက်ပိုင်းတွင် တပ်မတော် မှ နိုင်ငံတော် အာဏာကို သိမ်းယူလိုက်ကြောင်း ကြေညာပြီးနောက် မြန်မာတဝှမ်းပြည်သူများသည် ယနေ့ထိတိုင် စစ်အာဏာကျဆုံးရေး အတွက် ဆန့်ကျင်ဆန္ဒပြနေကြသည်။

မြန်မာတဝှမ်းနည်းတူ သျှမ်းတောင် ကျေးသီးပြည်သူများလည်း စစ်အာဏာကျဆုံးရေး အတွက် ဖေဖော်ဝါရီ (၁၀)ရက်မှစတင်ကာ ဆန့်ကျင်ဆန္ဒပြလုပ်ခဲ့ရာ ရဲကား၊တပ်ကားများ က အဟန့်အတား အနှောက်အယှက်မျိုးစုံ ပြုလုပ်နေသဖြင့် ပြည်သူများ ဆန္ဒထုတ်ဖော်ရန် ခက်ခဲနေကြောင်း ကျေးသီး ပြည်သူများက ပြောဆိုလိုက်သည်။

“ ကျနော်တို့ ဆန္ဒထုတ်ဖော်တဲ့လမ်းတလျောက် နောက်ကနေ လိုက်တယ်။ ရှေ့ကနေလိုက်တယ်။ သူတို့ အင်အားက နည်းတာမဟုတ်ဘူး။ ကျနော်တို့ လုံခြုံရေးကလည်း စိုးရိမ်ရတော့ ဖေဖော်ဝါရီ ၁၄ရက် ကစပြီး ဆန္ဒထုတ်ဖော်တာ ရပ်လိုက်ရတယ်” ဟု စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်သည့် ကျေးသီး လူငယ်တဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

ထိုနည်းတူ ညပိုင်းတွင်လည်း စစ်အာဏာရှင်ကို ဆန့်ကျင်သည့် သံဗုံးတီး ကိစ္စကိုလည်း ကျေးသီးပြည်သူများက ရပ်နားလိုက်ရကြောင်း သိရသည်။

“ တပ်ကား၊ ရဲကား၊ အချုပ်ကားက ကျနော်တို့ ကျေးသီးမြို့ထဲမှာ ၂၄နာရီနီးပါး ပတ်နေတယ်။ ကျနော်တို့ညဆိုရင်လည်း သံဗုံးမတီးရတော့ဘူး။ ဖေဖော်ဝါရီ ၁၆ရက်က စတယ် သံဗုံးတီးတာလည်း ရပ်လိုက်တယ်။ လုံခြုံရေးကတော့ စိုးရိမ်နေရတယ်” ဟု ၎င်း လူငယ်က ဆိုသည်။

ကျေးသီးမြို့သည် သေးငယ်သည့်မြို့တမြို့ဖြစ်ပြီး၊ စစ်တပ်ဘေးပတ်လည် နေရာယူထားသည့်နေရာတခုလည်းဖြစ်သည်။

သို့သော်လည်း ကျေးသီးလူငယ်များသည် စစ်အာဏာရှင်ကို အခက်အခဲကြားထဲမှာ စစ်အာဏာရှင်ကို ဆန့်ကျင်သည့်စားသားဖြင့် ပုံဖော်ပြီး ဆန္ဒထုတ်ဖော်မှုလည်း ဆက်လက်လုပ်ဆောင်နေကြသည်။

သျှမ်းပြည်မြို့နယ် အများစုတွင် စစ်အာဏာရှင် ကျဆုံးရေးအတွက် ဆန့်ကျင်ဆန္ဒပြသည့် လူငယ်များကို ဖမ်းဆီးထိန်းချုပ်မှုခံနေရပြီး၊ လက်ရှိအချိန်ထိ သတင်းမရသေးသူများစွာရှိနေကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျေးသီးမြို့ ဈေးတန်းအတွင်း ဗုံးကျည် တစ်လုံး တူးဖော်တွေ့ရှိ

0
သျှမ်းပြည် လွိုင်လင်ခရိုင် ကျေးသီးမြို့နယ်၊ ကျေးသီးမြို့ မြို့မဈေးတန်းအတွင်း မြေတူးရာမှ ဗုံးကျည် တစ်လုံး တူးဖော်တွေ့မိကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ မေလ ၁၅ ရက်နေ့ မနက်ပိုင်းအချိန်တွင် ကျေးသီးမြို့မ ဈေးအတွင်း ဈေးတန်းသစ် တည်ဆောက်ရန် အတွက် မြေကျင်းတူးရာမှ နှစ်ပေါင်း ၈၀ နီးပါးရှိသည့် ဗုံးကျည်...

SSPP ဌာနချုပ် ဝမ်ဟိုင်း အနီး စစ်ကောင်စီ အင်အားဖြည့်တင်းနေ

0
သျှမ်းပြည် လွိုင်လင်ခရိုင် ကျေးသီးမြို့နယ် SSPP ဌာနချုပ် ဝမ်ဟိုင်းဒေသအနီး မြို့/မြို့နယ်များရှိ အခြေစိုက် တပ်များ ရှိရာသို့ စစ်ကောင်စီတပ်ဖွဲ့မှ စစ်အင်အား ဖြည့်တင်းနေကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီ ၂၆) ရက်တွင် လားရှိုးမြို့ အခြေစိုက် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် (ရပခ) မှ စစ်အင်အား...

ကျေးသီးမြို့နယ်အတွင်း သူခိုးများကို ဒေသခံများ ဝိုင်းဝန်းဖမ်းဆီး

0
သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်း ဆိုင်ကယ်များကို လိုက်လံခိုးယူနေသည့် သူခိုးအဖွဲ့ကို ဒေသခံများနှင့် ဒေသတွင်း အာဏာပိုင်များ ပူးပေါင်းပြီး ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၂ ရက်တွင် ကျေးသီးမြို့နယ် မြို့မဈေးသို့ ဆိုင်ကယ်ခိုးယူသွားသည့် ဆိုင်ကယ် သူခိုးအဖွဲ့သည် ယင်းနေ့တွင်ပင် ပြည်သူ့ဆေးရုံအတွင်းမှ ဝန်ထမ်းတစ်ဦး၏ ဆိုင်ကယ်ကိုလည်း...

ကျေးသီးမြို့နယ်ထဲ ကျောက်မီးသွေးတူးဖော်ရန် ကုမ္ပဏီများက ပြင်ဆင်နေ

0
သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် မိုင်းကောင်ကျေးရွာအုပ်စုထဲတွင် ကုမ္ပဏီ ၅ ခုလောက်က ကျောက်မီးသွေးတူးဖော်ရန် ပြင်ဆင်နေကြောင်း စုံစမ်းသိရှိရသည်။ လက်ရှိတွင် မိုင်းကောင်ကျေးရွာအုပ်စုထဲတွင် ကျောက်မီးသွေးတူးဖော်ရန်အတွက် မြေတူးစက်၊ ၁၂ ဘီးကား စသည့် ပစ္စည်းများကို ချထားပြီး ဖြစ်ကြောင်း သိရသည်။ “သူတို့ ကျောက်မီးသွေးတူးဖော်ဖို့ သုံးတဲ့ပစ္စည်းတွေ လာချထားတာ တစ်လ...

ကျေးသီးမြို့ ပြည်သူပိုင် မြေယာ ကြံ့ခိုင်ရေးပါတီ နှင့် သစ်တော ဦးစီး အဓမ္မသိမ်းယူ

0
သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့ထဲရှိ ပြည်သူပိုင်မြေယာများကို ကြံ့ခိုင်ရေးပါတီ နှင့် သစ်တောဦးစီးတို့က အဓမ္မသိမ်းယူလိုက်ကြောင်း စုံစမ်းသိရသည်။ ထိုမြေယာကို ၂၀၀၆ ခုနှစ်ကတည်းက ကြက်ဆူပင် စီမံကိန်းဟုဆိုပြီး ကြံ့ခိုင်ရေးပါတီက လာရောက် သိမ်းယူထားပြီး လက်ရှိအချိန်အထိ ပြည်သူများထံ ပြန်လည်ပေးအပ်ခဲ့ခြင်းမရှိကြောင်း မြေယာသိမ်းခံရသူတစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။ “သူတို့ ၂၀၀၆ ခုနှစ်ကနေ...