ကျေးသီးမြို့ပေါ်သို့ စစ်ရှောင် (၇၀၀)ကျော်ထိ ရှိလာ

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် အနီး သျှမ်းတပ်(၂)တပ် တိုက်ပွဲဖြစ်ပွားမှုကြောင့် ကျေးသီးမြို့ပေါ်သို့စစ်ရှောင် (၇၀၀)ကျော်ထိ ရောက်ရှိလာကြောင်း စုံစမ်းသိရသည်။

ဇွန်(၂)ရက်မှစတင်ကာ ဇွန်(၄)ရက်ထိ သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA)နှင့် သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)တို့ တိုက်ပွဲကြောင့် ပြည်သူ (၇၀၀)ကျော် စစ်ဘေးရှောင်နေရသည်။

“ ဒီနေ့ထပ်ရောက်လာတာ စုစုပေါင်း (၄၂၀)ကျော်ရှိတယ်။ အားလုံးကတော့ (၇၀၀)ကျော်ရှိပြီ၊ စစ်ရှောင်တွေ ကတော့ အဆက်မပြတ်ထပ်ရောက်လာတယ်” ဟု မိုင်းကောင်ကျေးရွာမှ ဒေသခံ တစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယနေ့ ထပ်ရောက်လာသည့် စစ်ရှောင် (၄၂၀)ဦး သည် မိုင်းကောင်ကျေးရွာအုပ်စုဘက် မတ်ဝေါင်ရွာ၊ ဝမ်လတ်းရွာ၊ ဟိုးနားရွာ၊ ဝမ်ဟိုဖိုင်ရွာ၊ ဖိုင်မုန်ရွာ နှင့် နားဟျိုးရွာ မှ ပြည်သူများဖြစ်ကြသည်။

ယနေ့(ဇွန် ၄)ရက် မနက် ၇နာရီဝန်းကျင်တွင် ကျေးသီးမြို့နှင့် (၁၅)မိုင်ခန့် ဝေးကွာသည် မိုင်းကောင်ကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာများထဲသို့ လက်နက်ကိုင် (၂)ဖွဲ့မှ ပြည်သူလူထုကို နည်း ပေါ်တာဆွဲမည်ဆိုသည့် ခြိမ်းခြောက်မှုကြောင့် ရွားသားများက ထိတ်လန့်ကာ ထွက်ပြေး လာကြကြောင်း မိုင်းကောင် ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ဒီမနက် ၇ နာရီခွဲလောက်မှာ ရွာသားတွေကို ပေါ်တာဆွဲမယ်၊ လမ်းပြခိုင်းမယ်ဆိုပြီး သတင်းတွေကြားရတော့ ကျနော်တို့လည်း ရရာပစ္စည်းတွေသိမ်းပြီး ထွက်လာခဲ့တာပါ၊ ကျနော်တို့ထွက်လာတုန်းကတော့ သေနတ် သံ မကြားရသေးဘူး၊ ကျေးသီးရောက်ပြီးမှ သေနတ်သံတွေကို စကြားရတယ်” လို့ ၎င်းက ပြောသည်။

ထို့အပြင် ကျေးသီးမြို့နယ် နှင့် မိုင်းနောင်ကြား လွိုင်ဟွန်းတောင် အနီးတစ်လျှောက်တွင် RCSS/SSA နှင့် SSPP/SSA တို့သည် ဇွန်လ ၁ ရက်နေ့ က တည်းက အပြန်အလှန် နယ်မြေကျူးလွန်သည်ဆိုသည့် အကြောင်းပြချက်ဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“တိုက်ပွဲက တစ်နေ့ထက်တစ်နေ့ပိုတိုးလာတော့ စစ်ဘေးရှောင်တွေကလည်း များသာထက်များလာပြီ၊ အရင် တုန်းက နောင်ဆွမ်းကျောင်းမှာပဲ တည်းခိုကြတာ၊ အခုတော့ ဘုန်းတော်ကြီးကျောင်းလေးကျောင်းလုံးက စစ်ဘေးရှောင်တွေနဲ့ ပြည့်နေပြီ” ဟု စစ်ရှောင်များနားခိုသည့် နောင်ဆွမ်းကျောင်းမှ ဦးဇင်းတစ်ပါးက သျှမ်းသံတော်ဆင့်ကို မိန့်ကြားသည်။

သျှမ်းလက်နက်ကိုင် တပ်ဖွဲ့ (၂)တပ် ကို သျှမ်းသံဃာများ၊ သျှမ်းပြည်သူများက တိုက်ပွဲများ ရပ်တန့်ရန် အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေသည့်အပေါ် စိတ်မကောင်းကြောင်း လည်း ဦးဇင်း ကထပ်လောင်းမိန့်သည်။

ယခုကာလသည် စိုက်ပျိုးရေး လုပ်ဆောင်ရမည့် အချိန်ကာလဖြစ်သည့်အတွက် သျှမ်းတပ်(၂)တပ် ခေါင်းဆောင်များ အနေဖြင့် တိုက်ပွဲများအမြန်ဆုံး ရပ်တန့်ပေးရန် လည်း သျှမ်းပြည်သူများက တောင်းဆိုလိုက်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

တောင်ကြီးရောက် စစ်ဘေးရှောင်များ တစ်ပတ်တစ်ကြိမ် ဧည့်စာရင်းတိုင်ခ ပေးနေရ

0
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့သို့ တိမ်းရှောင်ရောက်ရှိလာသည့် စစ်ဘေးရှောင်များသည် တစ်ပတ်တစ်ခါ ဧည့်စာရင်း တိုင်ကြားနေရပြီး တစ်ကြိမ်လျှင် ကျပ်ငွေ သုံးထောင် (၃,၀၀၀) ပေးဆောင်နေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့သို့ တိမ်းရှောင်ရောက်ရှိနေသည့် စစ်ဘေးရှောင်များသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် စစ်ကော်မရှင်တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ လွိုင်ကော်မြို့တွင် ဖြစ်ပွားခဲ့သည့်...

ငြိမ်းချမ်းရေး မျှော်လင့်ချက်ကြားက လွိုင်တိုင်းလျန်း

0
ဖုန်တထောင်းထောင်း ထနေသည့် မြန်မာ-ထိုင်းနယ်စပ်တစ်နေရာ မြေသားလမ်းပေါ်ရှိ ထိုင်းဘက်ခြမ်း စစ်ဆေးရေးဂိတ်ရှေ့တွင် စာရေးသူတို့ စီးနင်းလာသောကား ရုတ်တရက် ရပ်တန့်သွားသည်။ “အားလုံး ကားပေါ်က ဆင်းပေးကြပါ” ဟူသော ထိုင်းဘာသာစကားဖြင့် ပြောသည့် ညွှန်ကြားသံနှင့်အတူ ခရီးသည်အားလုံး ကားပေါ်မှ ဆင်းလိုက်ကြရသည်။ စစ်ယူနီဖောင်းဝတ် ထိုင်းစစ်သားများကို ရုတ်တရက် မြင်လိုက်ရချိန်မှာတော့ ကားပေါ်ပါလာသည့် ခရီးသည်များ၏...

ရပ်စောက်-နောင်ချိုကြား SSPP စစ်ဆေးရေးဂိတ်များကို စစ်ကော်မရှင်တပ်ဆုတ်ခိုင်း

0
သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ်အတွင်း ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) စစ်ဆေးရေးဂိတ်များ ဖြုတ်သိမ်း ဆုတ်ခွာခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ ဒုတိယပတ်အတွင်း ရပ်စောက်နှင့် နောင်ချိုမြို့နယ်ကြား ပြည်ထောင်စုလမ်မကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) စစ်ဆေးရေးဂိတ်အချို့ကို ဖယ်ရှားပေးရန် စစ်ကော်မရှင်တပ်က ဖိအားပေးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ် တစ်ဦးက...