တောင်ကြီးရောက် စစ်ဘေးရှောင်များ တစ်ပတ်တစ်ကြိမ် ဧည့်စာရင်းတိုင်ခ ပေးနေရ

သျှမ်းပြည်မြို့တော် တောင်ကြီးမြို့သို့ တိမ်းရှောင်ရောက်ရှိလာသည့် စစ်ဘေးရှောင်များသည် တစ်ပတ်တစ်ခါ ဧည့်စာရင်း တိုင်ကြားနေရပြီး တစ်ကြိမ်လျှင် ကျပ်ငွေ သုံးထောင် (၃,၀၀၀) ပေးဆောင်နေရကြောင်း သတင်းရရှိသည်။

တောင်ကြီးမြို့သို့ တိမ်းရှောင်ရောက်ရှိနေသည့် စစ်ဘေးရှောင်များသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် စစ်ကော်မရှင်တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ လွိုင်ကော်မြို့တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲနှင့် ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် စစ်ကော်မရှင်တပ်နှင့် ညီနောင်မဟာမိတ်တပ်ကြား သျှမ်းပြည်မြောက်ပိုင်းတွင် ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် ရောက်ရှိလာသူများ ဖြစ်သည်။

ထိုစစ်ဘေးရှောင်များအတွက် သီးသန့် စစ်ဘေးရှောင်စခန်းဟူ၍ သတ်သတ်မှတ်မှတ် မရှိသော်လည်း ၎င်းတို့သည် တောင်ကြီးမြို့ပေါ်နှင့် အနီးတဝိုက်တွင် နေအိမ်နှင့် အခန်း ငှားရမ်းပြီး နေထိုင်ရခြင်းကြောင့် တစ်ပတ်တစ်ခါ ဧည့်စာရင်းတိုင်ရခြင်းသည် ဝန်ထုပ်ဝန်ပိုး ဖြစ်စေကြောင်း စစ်ဘေးရှောင်များက ပြောသည်။

“တောင်ကြီးမှာ အိမ်ငှားနေတာ အဲ့ဒါကို တစ်ပတ်တစ်ခေါက် ဧည့်စာရင်း သွားတိုင်နေရတယ်၊ တစ်ခါတိုင်ရင် တစ်ယောက်ကို ငွေကျပ် (၃၀၀၀)ပေးခဲ့ရတယ်။ မိသားစု ၈ ယောက်လောက် ရှိရင် တစ်ပတ်ကို ၂၄၀၀၀ ပေးနေရတယ်၊ မတိုင်လို့လည်း မရဘူး။ သူတို့က ရဲတွေပါ ခေါ်လာမယ် ပြောလို့ မဖြစ်မနေ သွားတိုင်နေရတယ်”ဟု တောင်ကြီးမြို့ရောက် လွိုင်ကော်စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ဘေးရှောင်များအနေဖြင့် ဧည့်စာရင်း တိုင်ကြားမှု မပြုလုပ်လျှင်လည်း စစ်ကော်မရှင်လက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက အိမ်တိုင်ရာရောက် ခြိမ်းခြောက်မှု ပြုလုပ်သကဲ့သို့ အိမ်ရှင်များကလည်း အိမ်ငှားရမ်းမှု မပေးတော့ကြောင်း သိရသည်။

ထို့အပြင် တောင်ကြီးမြို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက စစ်ရှောင်များကိုလည်း စစ်မှုထမ်းကြေးဟု ပြောဆိုကာ တစ်လလျှင် ကျပ်ငွေ သုံးသောင်း (၃၀၀၀၀)အထိ ထပ်မံ ကောက်ခံနေကြောင်း ကျောက်မဲမြို့ဘက်မှ တိမ်းရှောင်လာသည့် စစ်ရှောင်အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

တောင်ကြီးရောက်စစ်ဘေးရှောင်

“စစ်မှုထမ်းကြေးကတော့ လတိုင်း ထည့်နေရတယ်၊ တစ်လနဲ့ တစ်လ ထည့်ရတာ မတူဘူး၊ တစ်ခါဆိုရင် နှစ်သောင်းကနေ သုံးသောင်းအထိ ထည့်ရတယ်”ဟု ၎င်းစစ်ရှောင် အမျိုးသားက ပြောဆိုသည်။

လက်ရှိတွင် သျှမ်းပြည်မြောက်ပိုင်း တကြောနှင့် ကရင်နီ(ကယား)ပြည်နယ် လွိုင်ကော်အနီးတဝိုက် စစ်ရေးငြိမ်သက်နေသော်လည်း စစ်ရှောင်အများစု နေအိမ်သည် လက်နက်ကြီးနှင့် လေကြောင်းဗုံးကြဲခံရမှုကြောင့် ထိခိုက်ပျက်စီးခဲ့ရသဖြင့် နေရပ်ပြန်နေရန် အဆင်မပြေကြောင်း ၎င်းအမျိုးသားက ဆက်ပြောသည်။

တောင်ကြီးမြို့တွင် လုံးချင်းအိမ်တစ်ထပ်လျှင် ငှားရမ်းခ ငွေကျပ် (၈)သိန်းအထိ ပေးနေရပြီး ဆန်တစ်ပြည်လျှင် ငွေကျပ် (၅၀၀၀)အထိ ရှိနေသောကြောင့် စစ်ရှောင်များအနေဖြင့် နေ့စားသမားများအဖြစ်သာ လုပ်ကိုင်ရပြီး ဝင်ငွေလောက်ငှမှု မရှိကြောင်း လွိုင်ကော်မြို့မှ စစ်ရှောင်လာသည့် အမျိုးသမီးက ထပ်လောင်းပြောသည်။

“ကျမတို့ စစ်ရှောင်တွေက ဒီမှာ ဘဝပြန်စရတာ။ နေ့စားလိုက်ရတာ နေ့တိုင်းလည်း မရသလို ဝင်ငွေလည်း နေ့တိုင်းမရှိဘူး။ ကုန်စျေးနှုန်းကလည်း တက်၊ အိမ်ငှားခလည်းတက်။ နောက် ဧည့်စာရင်း၊ စစ်မှုထမ်းကြေးတွေကလည်း ကောက်ဆိုတော့ ကျမတို့ ရှာသမျှ မလောက်ဘူး။ အိမ်အရမ်းပြန်ချင်တယ်” ဟု ၎င်းစစ်ရှောင်အမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လွိုင်ကော်မြို့မှ စစ်ဘေးတိမ်းရှောင်လာသည်မှာ ၂နှစ်ကျော်ပြီဖြစ်သောကြောင့် အလှူရှင်များလည်း နည်းပါးကာ အလုပ်အကိုင် အခွင့်အလမ်း နည်းပါး၍ နေ့စားအလုပ်သာ လုပ်ရပြီး တစ်နေ့လျှင် ငွေကျပ် တစ်သောင်းသာလျှင် ရရှိကြောင်း အဆိုပါ အမျိုးသမီးက ဆက်ပြောသည်။

လက်ရှိ တောင်ကြီးမြို့တွင် စက်သုံးဆီဈေးနှုန်း မြင့်တက်လာသည့်အပြင် ကုန်ဈေးနှုန်းများလည်း အဆမတန် မြင့်တက်လာသောကြောင့် အခြေခံလူတန်းစားများ အပါအဝင် စစ်ဘေးရှောင်များအတွက် စားဝတ်နေရေးနှင့် အလုပ်အကိုင် အခက်အခဲများ ကြုံတွေ့နေရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရက် ၁၀၀ စီမံချက်အပြီး နိုင်ငံခြားကုန်စည် သွားတိုက်ဆေး ပါ တင်ခွင့်မပြု

0
စစ်ကောင်စီ၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်ဆောင်သည့် ကားများကို စစ်ဆေးဖမ်းဆီးမှုများ ဆက်လက်ရှိနေပြီး နိုင်ငံခြားကုန်ပစ္စည်းဖြစ်သည့် သွားတိုက်ဆေးပါ တင်ခွင့်မပြုကြောင်း သတင်းရရှိသည်။ လက်ရှိ သျှမ်းပြည် တောင်ပိုင်း ကျေးသီး၊ လဲချား၊ မိုင်းပွန်၊ တောင်ကြီး ၄ မိုင်...

တောင်ကြီး လူငယ်တဦး ပေါ်တာဆွဲခံရ၊ ပြန်ထုတ်ရန်ပွဲစားငှားရမ်းရာ လိမ်ခံရပြန်

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် စစ်ကော်ရှင်တပ်က လူငယ်တဉီးကို ဖမ်းဆီးပေါ်တာဆွဲခဲ့ရာ မိသားစုဝင်များ ကလူငယ်ကို ပြန်ထုန်ရန် အတွက် ပွဲစားငှားရမ်းရာာတွင် လိမ်ခံရပြန်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်တွင် စစ်ကော်မရှင်၏ တပ်သားများသည် ညဈေးမှမုန့်ဝယ်ပြီး နေအိမ်သို့ ပြန်လာသည့် တောင်ကြီးမြို့ခံ အသက် (၂၈) နှစ်အရွယ် အမျိုးသားတစ်ဦးကို...

တောင်ကြီး လမ်းဘေးစျေးသည်များကို စည်ပင်က ရိုက်နှက်ပြီး ပစ္စည်းများ သိမ်းဆည်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ မြို့မဈေးအနီးရှိ လမ်းဘေးဈေးသည်များကို စည်ပင်က ရိုက်နှက်ပြီး ပစ္စည်းများ သိမ်းဆည်းသွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဩဂုတ်လ ၁၂ ရက်တွင် တောင်ကြီးမြို့ နံနက်ခင်းဈေးတခုတွင် လမ်းဘေးဈေးသည်များကို “ဈေးမသိမ်း”ဟူသော အကြောင်းပြချက်ဖြင့် စည်ပင်များကို ဝင်ရောက်ရိုက်နှက်ကာ ပစ္စည်းများကို သိမ်းဆည်းကာ ကားပေါ်တင်သွားကြောင်း သိရသည်။ အဆိုပါ...

ယာဉ်နံပတ်ပွား ဆီထုတ်မှုကြောင့် QR အသစ် ပြန်လျှောက်ရမည်

0
သျှမ်းပြည်အတွင်း စက်သုံးဆီများကို တန်းစီဝယ်ရာတွင် ယာဉ်နံပတ်များကို ပွားပြီး ဝယ်ယူမှုများတွေ့ရှိနေသဖြင့် ယာဉ်ပိုင်ရှင်များ QR ကုတ်အသစ် ပြန်လည်လျှောက်ထားရမည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန က ယမန့်နေ့ (ဇူလိုင် ၃၀)ရက်တွင် ထုတ်ပြန်ခဲ့သည်။  ထို QR ကုတ် အသစ် ပြန်လည်လျှောက်ထားရာတွင် မော်တော်ယာဉ်မှတ်ပုံတင် သက်သေခံ လက်မှတ် အစစ်အမှန်ဖြစ်ကြောင်း သက်ဆိုင်ရာ (ကညန)၏ ထောက်ခံချက်...

သျှမ်းတောင်တွင် ဝက်နာကျ သေဆုံးမှုဖြစ်ပြီးနောက် ဝက်သားစျေးကျ

0
သျှမ်းပြည်တောင်ပိုင်းတွင် ဝက်နာရောဂါဖြစ်ပွားပြီး ဆက်တိုက်သေဆုံးမှုများလာပြီးနောက် ဝက်သားစျေးနှုန်း ကျဆင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လမှစပြီး သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် ဝက်နာရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးမှု များရှိခဲ့ပြီးနောက် ဝက်သားဈေးနှုန်းများ ကျဆင်းလာပြီး ဝက်ဝယ်သူများလည်း နည်းပါးလာကြောင်း သိရသည်။ “ဝက်ကလည်း ရောင်းချင်နေပြီ ဝယ်သမားကလည်း မရှိဘူး၊ အရင်က သိန်း (၃၀)...