စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။

၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF တပ်ဖွဲ့က မိုးဗြဲ ရဲစခန်းကို ပထမဆုံး စတင်တိုက်ခိုက်ခဲ့သည်။

ထို့နောက် မြန်မာပြည်တဝှမ်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)များ ထွက်ပေါ်လာပြီး အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင် တော်လှန်တိုက်ခိုက်ခဲသည်။

ထိုထဲတွင် သျှမ်းပြည်မြောက်ပိုင်း မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးတကြောတွင်လည်း ညီနောင် မဟာမိတ် တပ်ဖွဲ့ဖြစ်သည့် ကိုးကန့်တပ်ဖွဲ့ (MNDAA )၊ တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာရက္ခတပ်တော်(AA) တို့က အာဏာသိမ်း စစ်အာဏာရှင် အမြစ်ဖြတ်ရေးဆိုကာ အောက်တိုဘာ ၁၀ရက် ၂၀၂၃ ခုနှစ်တွင် “၁၀၂၇ စစ်ဆင်ရေး”ကို ဖော်ဆောင်ခဲ့သည်။

အဆိုပါ “၁၀၂၇ စစ်ဆင်ရေး” နောက်ပိုင်း ညီနောင်မဟာမိတ်တပ်ဖွဲ့များသည် နယ်မြေအများအပြားထိန်းချုပ်နိုင်ခဲ့ပြီး နောင်ချို၊ လားရှိုး၊ နမ့်ဆန်၊ ကျောက်မဲ၊ သီပေါမြို့နယ်တွင်ပါ သိမ်းပိုက်နိုင်ခဲ့သည်။

“၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်းပြီးနောက် ညီနောင်မဟာမိတ်တပ်များ လက်လွှတ်လိုက်ရသည့် နောင်ချို၊ လားရှိုး၊ ကျောက်မဲနှင့် သီပေါမြို့နယ်တို့သည် တရုတ်ဖိအားကြောင့် ၂၀၂၅ ခုနှစ် အောက်တိုဘာလမှ စတင်ကာ စစ်ကော်မရှင်ကို ပြန်လည်ပေးအပ်လိုက်ရသည်။

“ကျနော်တို့ နယ်မြေတွက “၁၀၂၇ စစ်ဆင်ရေး”မှာ ပျက်စီးမှုများခဲ့တယ်။ နောက်တိုက်ပွဲကြောင့် အပေးအယူတွေ လုပ်ပြီး စစ်တပ်က ပြန်ရသွားတယ်။ ပြီးတော့ လူထုအတွက် ဘယ်တပ်ဖွဲ့မှ လာလျော်ပေး တာမဟုတ်ဘူး။ သူတို့က လူထုဘာပဲဖြစ်နေဖြစ်နေ ကြည့်တာမှမဟုတ်တာ” ဟု လားရှိုးမြို့ဒေသခံ အမျိုးသမီး နန်းဆိုင် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

လားရှိုးမြို့ရှိ အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) အပါအဝင် တစ်မြို့လုံးကို MNDAA နှင့် မဟာမိတ်ဖွဲ့များက ၂၀၂၄ ခုနှစ် သြဂုတ်လဆန်းပိုင်းတွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး၊ ရှစ်လကျော်အကြာ ၂၀၂၅ ခုနှစ် ဧပြီလတွင် စစ်ကော်မရှင်က ကျည်တချက်မှ မဖောက်ရဘဲ ပြန်လွှဲပေးခဲ့သည်။

MNDAA သိမ်းပိုက်စဉ်ကာလတွင်လည်း လားရှိုးမြို့နယ်အတွင်းရှိ ပြည်သူများသည် MNDAA ၏ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းများကို ပြုလုပ်ခဲ့ရသကဲ့သို့ ယာဉ်မောင်းလိုင်စင်၊ ယာဉ်လိုင်စင်အသစ်များကို လျှောက်ခိုင်းခဲ့ရာတွင်လည်း ငွေကြေး ကုန်ကျမှုရှိခဲ့သည်။

ထို့အပြင် MNDAAနှင့် ၎င်းလက်အောက်ခံအဖွဲ့အစည်း ဌာနဆိုင်ရာများကလည်း လောင်းကစားဝိုင်းများ၊ KTVများကို အရှိန်အဟုန်ဖြင့် ဖွင့်လှစ်ခွင့်ပြုခဲ့သေးသည်။

သို့သော်လည်း “၁၀၂၇ စစ်ဆင်ရေး” အတွင်း ပြည်သူများ ပျက်စီးဆုံးရှုံးခဲ့သည့် အိုးအိမ်များ၊ အသက်ဆုံးရှုံးသွားခဲ့သည့် ပြည်သူများအတွက် လျော်ကြေးငွေ တစုံတရာ ပေးကမ်းခဲ့ခြင်း မရှိခဲ့ပေ။

“ကျနော်တို့ လွှတ်တော်တွေ ရှိလာတော့လည်း စစ်တပ်နဲ့ တရုတ် ကြိုးကိုင်ပြီး လက်ကိုင်တုတ်တွေဖြစ်သွားပါပဲ။ ပြည်သူတွေအတွက် ဘာမှ မျှော်လင့်စရာမရှိပါဘူး။ လားရှိုးမှာ အနိုင်ရတဲ့ ပါတီကလည်း ကြံ့ခိုင်ရေးပါတီပဲလေ” ဟု နန်းဆိုင်က ဆိုပြန်သည်။

အလားတူ “၁၀၂၇ စစ်ဆင်ရေး” တွင် သီပေါမြို့နယ် ကိုလည်း TNLA က သိမ်းပိုက်နိုင်ခဲ့ပြီး တစ်နှစ်ကျော်သော်လည်း ပြည်သူဆုံးရှုံးမှုကို ပြန်လည်ပြုပြင်ပေးခြမှု မရှိခြင်း၊ ထိရောက်စွာ ကူညီပေးနိုင်ခြင်း မရှိပေ။

တဖက်တွင်လည်း စစ်ကော်မရှင် တပ်ဖွဲ့မှ သီပေါမြို့ကို ၂၀၂၅ခုနှစ် အောက်တိုဘာ (၁၇)ရက်တွင် ပြန်လည်တိုက်ခိုက် ထိန်းချုပ်နိုင်ခဲ့သော်လည်း အုပ်ချုပ်မှုယန္တရား ကောင်းမွန်စွာ မလည်ပတ်နိုင်ခြင်းကြောင့် ပြည်သူလူထုများ ယခုအချိန်ထိ ပြန်လည်ထူထောင်နိုင်ရန် အခက်အခဲများ ရှိခဲ့ကြောင်း သီပေါမြို့နယ်ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တိုက်ပွဲဖြစ်ခဲ့တဲ့ နယ်မြေဆိုတော့ အကုန်လုံးက ခက်ခဲကြတယ်။ အချင်းချင်းဘယ်လို ကူညီရမလဲ တောင်မသိဘူး။ ပြည်သူလူထု အတွက်ကတော့ ဘာကိုမှ မျှော်လင့်ချက် မရှိပါဘူး။ ဘယ်သူကိုမှလည်း အဖေခေါ်လို့မရဘူး။ ပြည်သူတွေက အရမ်းဒုက္ခရောက်နေတာတောင် ဘယ်သူမှ မကြည်ကြဘူးလေ”ဟု သီပေါမြို့နယ်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

သို့သော်လည်း သီပေါမြို့နယ်တွင် စစ်ရေးပဋိပက္ခကြားထဲ စစ်ကော်မရှင် ဦးဆောင် ကျင်းပသည့် အထွေထွေရွေးကောက်ပွဲတွင် ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (SNDP) မှ ပြည်သူ့လွှတ်တော်နေရာတွင် အနိုင်ရခဲ့ပြီး လက်ရှိ နေပြည်တော်တွင် လွှတ်တော် တက်ရောက်နေသည်။

SNDP ပါတီမှ သီပေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကောင်းသက်စံက မတ် (၂၄)ရက်တွင် ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် သီပေါမြို့နယ်အတွက် လမ်း၊တံတားနှင့် လျှပ်စစ်ဆက်သွယ်ရေး ကိစ္စရပ်ကို အဆိုတင်သွင်းခဲ့ကြောင်း သိရသည်။

“ပြီးခဲ့တဲ့ မတ် ၂၄ ရက်က လမ်း၊ တံတားနဲ့ လျှပ်စစ် ဆက်သွယ်ရေး ကိစ္စရပ်တွေကို မေးခွန်းတင်ခဲ့ပါတယ်။ အဆို ၂ ခု နဲ့ အရေးကြီးမေးခွန်း ၃ ခုတော့ ပြင်ဆင်နေဆဲပါ။ နောက်ပြီး နောက်တစ်ကြိမ် ကွင်းဆင်းဖို့ လိုနေသေးတာလဲ ပါပါတယ်ဗျ”ဟု ဦးကောင်းသက်စံ က ဆိုသည်။

လက်ရှိ စစ်ကော်မရှင် ဦးဆောင် ကျင်းပသည့် လွှတ်တော်သည် ယခင် ၂၀၁၀ ခုနှစ် စစ်သားတပိုင်း အရပ်သားတပိုင်း အစိုးရအနေအထားနှင့် ပုံစံမတူညီပေ။

စစ်အာဏာသိမ်းပြီး ပြည်သူအသက်ပေါင်းများစွာ သတ်ဖြတ်ပြီး၊ ပြည်သူ့အိုးအိမ်ကို မီးရှို့ပျက်စီးခဲ့သည့် စစ်ကော်မရှင် ၏ အစိုးရကို အယုံအကြည်မရှိကြောင်း၊ စစ်တပ်ပုံဖော်သည့် လွှတ်တော်ကို မျှော်လင့်ချက် မရှိကြောင်းလည်း ၎င်းအမျိုးသမီးက ဆိုပြန်သည်။

“ပြန်လည် ပြုပြင်ဖို့ ကူညီဖို့ကော လုံလောက်မှာလားပေါ့။ ပြည်သူလူထု အတွက်ကတော့ ဘာမျှော်လင့်ချက်မှ မရှိပါဘူး။ ကျမတို့ ဘယ်လိုမှ မျှော်လင့်လို့မရဘူး”ဟု နန်းဆိုင်က ပြောသည်။

စစ်ကော်မရှင်က ဦးဆောင်နေသည့် လွှတ်တော်သည် တရုတ်ပုံဖော်သည့် လွှတ်တော်ဖြစ်သကဲ့သို့ လွှတ်တော်အမတ်အများစုသည်လည်း စစ်တပ်၏ ကျောထောက်နောက်ခံပါတီဖြစ်သည့် ကြံ့ခိုင်ရေးပါတီ (USDP)ပါတီဖြစ်ပြီး၊ လွှတ်တော်ဥက္ကဋ္ဌသည်လည်း စစ်တပ်မှ ရွေးချယ်တင်မြှောက်ထားသူများသာဖြစ်သည်။

ထို့ကြောင့် လွှတ်တော်ပြန်ခေါ်ယူကျင်းပနိုင်ခဲ့သော်လည်း ဟန်ပြ လွှတ်တော်သာဖြစ်ပြီး၊ ထိုလွှတ်တော် တက်ရောက်မယ့် ကိုယ်စားလှယ်များလည်း လွှတ်တော်တက် ခေါင်းညိတ်၊ အိပ်ငိုက်ပြီး၊ လွှတ်တော်ပြီးလျှင် အနှိပ်ခန်း KTV သွားသည့် အမတ်များသာ ဖြစ်လာနိုင်ကြောင်း သျှမ်းနိုင်ငံရေး လေ့လာသုံးသပ်သည့် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လွှတ်တော်ကိုယ်စားလှယ်များသည့် ပြည်သူခက်ခဲသည့် အရာများကို တင်ပြနိုင်သည့်လွှတ်တော်၊ ပြည်သူဆုံးရှုံးမှုကို ရှေ့ရှုပြီး လွှတ်တော်မှ ပြန်လည်တောင်းဆိုမှုကို ရဲရဲလုပ်ပေးနိုင်သူ၊ လက်ရှိ လွှတ်တော်တက်မည်သူများထဲတွင် သူရဲကောင်းလွှတ်တော်ကိုယ်စားလှယ် မည်မျှပါလာမည်ကို မသိရှိကြောင်း ၎င်းက ဆိုပြန်သည်။

“လွှတ်တော်မှာ လမ်း၊ တံတား၊ ဆေးရုံ၊ ဆေးရရှိရေး၊ကျောင်းစာသင်ကျောင်း ပြုပြင်ရေးကိစ္စ မီးကိစ္စတင်တောင်းတာက လွှတ်တော်ကိုယ်စားလှယ်အလုပ်မဟုတ်ဘူးဗျ။ အဲ့ဒီကိစ္စတွေက အစိုးရတိုင်းလုပ်ကိုလုပ်ရမယ့်ကိစ္စ၊ လွှတ်တော် ကိုယ်စားလှယ်တွေ လုပ်ရမယ့် အလုပ်မဟုတ်ဘူး။ လွှတ်တော်ကိုယ်စားလှယ်ဆိုတာ ပြည်သူတွေဆုံးရှုံးနေတာ ရဲရဲပြောဖို့ပါ။ လွှတ်တော်ကိုယ်စားလှယ်တွေက သူတို့ လုပ်ငန်းတာဝန်တွေကို လေ့လာဖို့လိုအပ်တယ်” ဟု ၎င်းက ထပ်လောင်းပြောသည်။

ထို့အပြင် စစ်ကော်မရှင်တပ်သည် ၂၀၀၈ဖွဲ့စည်းပုံ ဥပဒေကို မြဲမြံစွာ ကိုင်တွယ်ထားသောတပ်ဖွဲ့ဖြစ်သဖြင့် လက်ရှိ “၁၀၂၇ စစ်ဆင်ရေး” ဖြစ်ပွားခဲ့သည့်တကြော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ထိန်းချုပ်သည့် နေရာများအားလုံးကို ပြန်မရ၊မချင်း စစ်ရေးတင်းမာမှု ၎င်းနယ်မြေတွင် နေထိုင်နေသူများအားလုံးသည်လည်း စိုးရိမ်ထိတ်လန့်မှုဖြင့် ဆက်လက်နေထိုင်နေရပြီး၊ လွှတ်တော်အရေးကို စိတ်မဝင်စားကြပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်တပ်က ဖမ်းဆီးသွားသည့် ရွာငံဒေသခံ ၃ ဦး နှစ်ပတ်ကျော်ကြာသည်အထိ ပြန်မလွှတ်သေး

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြောက်ဘက်ကျေးရွာများတွင် စစ်ကော်မရှင်တပ်က ဖမ်းဆီးသွားသည့် ရွာငံဒေသခံ (၃)ဦး နှစ်ပတ်ကြာသည်အထိ ပြန်မလွှတ်သေးကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မတ်လ ဒုတိယပတ်တွင် ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာအုပ်စုမှ ဒေသခံ (၃)ဦးသည် ဆွေမျိုးအိမ်သို့ အလည်သွားရာမှ အပြန် စစ်ကော်မရှင်တပ်က ဖမ်းဆီးသွားခဲ့ပြီး ယနေ့ မတ်လ (၂၇)ရက်အထိ...

လယ်ကွင်းများထဲ ရွှေတူးဖော်နေသော ညီနောင်တပ်ဖွဲ့များ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ဘက်ဖိုး စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။ မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ယခင်က စိမ်းလန်းခဲ့သည့် လယ်ကွင်းများသည် လက်ရှိတွင် တောင်တန်းကဲ့သို့ မြင့်မားသည့် မြေစာပုံကြီးများအဖြစ် ပြောင်းလဲနေပြီး ဘက်ဖိုးစက်ယန္တရားများဖြင့် နေ့ညမပြတ် ရွှေတူးဖော်နေကြောင်း မိုင်းငေါ့ဒေသခံ နန်းခမ်း (အမည်လွဲ)...

တောင်ကြီးရောက် စစ်ဘေးရှောင်များ တစ်ပတ်တစ်ကြိမ် ဧည့်စာရင်းတိုင်ခ ပေးနေရ

0
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့သို့ တိမ်းရှောင်ရောက်ရှိလာသည့် စစ်ဘေးရှောင်များသည် တစ်ပတ်တစ်ခါ ဧည့်စာရင်း တိုင်ကြားနေရပြီး တစ်ကြိမ်လျှင် ကျပ်ငွေ သုံးထောင် (၃,၀၀၀) ပေးဆောင်နေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့သို့ တိမ်းရှောင်ရောက်ရှိနေသည့် စစ်ဘေးရှောင်များသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် စစ်ကော်မရှင်တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ လွိုင်ကော်မြို့တွင် ဖြစ်ပွားခဲ့သည့်...

ကွတ်ခိုင်တိုက်ပွဲအတွင်း ထွက်ပြေးပုန်းအောင်းနေသည့် TNLA တပ်သားများကို MNDAA စည်းရုံး

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် တိုက်ပွဲအတွင်း ထွက်ပြေးပုန်းအောင်းနေသည့် TNLA တပ်သားများကို လက်နက်အပ်ရန်နှင့် ဆေးဝါးကုသမှုခံယူရန် MNDAA ဘက်မှ လိုက်လံစည်းရုံးနေကြောင်း စုံစမ်းသိရသည်။ မတ်လ ၂၂ ရက်မှ စတင်ပြီး ကွတ်ခိုင်မြို့နယ်အတွင်းရှိ မုံးစီး၊ ကာလိုင်၊ မိုင်းယုလေး၊ ရှုခင်းသာ၊ ၃၈ မိုင် စသည့် ကျေးရွာအုပ်စုများတွင်...

ကျောက်မဲတွင် စစ်တပ်နှင့် SSPP တိုက်ပွဲဖြစ်ပြီးနောက် ဖမ်းဆီးခံရသည့် ရွာသားနှစ်ဦး ပြန်မလွှတ်သေး

0
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် SSPP/SSA ကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်ဖမ်းဆီးခဲ့သည့် ရွာသားများထဲမှ အချို့မှာ ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ (၁၀) ရက်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA)...