လွှတ်တော်
၂၀၂၆ နဲ့ ၂၀၁၀ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုက ဘာတွေကွာခြားလဲ
အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်ပေါ်ပေါက်လာပြီးနောက် စစ်ကော်မရှင်ဘက်က စစ်ယူနီဖောင်းချွတ် စစ်အစိုးရ အသွင်ပြောင်းလဲကာ အများမျှော်လင့်ထားသည့်အတိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်လာသည်။ အလားတူ တော်လှန်ရေးကို အရှိန်အဟုန် မြှင့်တင်၍ အမြန်ဆုံး အောင်ပွဲရယူနိုင်ရန် “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” ကို ဖွဲ့စည်းပြီး နိုင်ငံရေးဦးတည်ချက် (၆)...
စစ်တပ်ချုပ်ကိုင် လွှတ်တော်နှင့် မြန်မာ့နိုင်ငံရေး အနာဂတ်
စစ်ကော်မရှင်ဘက်မှ အတုအယောင် ရွေးကောက်ပွဲမှတဆင့် တက်လာသည့် ရုပ်ပြအရပ်သား အစိုးရတစ်ရပ်ကို ဖွဲ့စည်းနိုင်ပါက နိုင်ငံတကာ တရားဝင်မှုနှင့် အကူအညီ ထောက်ပံ့မှုများ ရရှိလာပါက တော်လှန်ရေးအတွက် ကြီးမားသည့် ရိုက်ခတ်မှုများ ရှိလာနိုင်ကြောင်း စစ်အာဏာရှင်ကို တော်လှန်နေသည့် လူငယ်များက ပြောဆိုလိုက်သည်။
စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ
SHAN -
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...
ထိုင်းဝန်ကြီးချုပ် အဖြစ် ရေပန်းစားနေတဲ့ ဖိထား လင့်ဂျရုန်းရတ် မဲခွဲဆုံးဖြတ်ရာမှာ အောင်မြင်မှုမရ
SHAN -
ထိုင်းနိုင်ငံ ဝန်ကြီးချုပ်အသစ်အတွက်နာမည်ကြီးနေတဲ့ Move Forward Party ခေါင်းဆောင် ဖိထား လင့်ဂျရုန်းရတ် ကို လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်ရာမှာ သတ်မှတ်ထားတဲ့ မဲပမာဏ မပြည့်တဲ့အတွက် ရှုံးနိမ့်ခဲ့ပါတယ်။ ဝန်ကြီးချုပ်ဖြစ်ဖို့အတွက် လွှတ်တော်ကသတ်မှတ်ထားတဲ့ မဲပမာဏက (၃၇၆) မဲ ဖြစ်ပြီး ကနေ့လွှတ်တော်အမတ် ၇၀၀ ကျော်က ဝင်ရောက်...
သျှမ်းလွှတ်တော် သတင်းယူခွင့် ကန့်သတ်ချက်များ ဖြေလျော့ပေးရန် မီဒီယာများ တောင်းဆို
လာမည့်လွှတ်တော်သက်တမ်းတွင် သျှမ်းပြည်နယ်လွှတ်တော်၌ သတင်းယူခွင့်နှင့်ပတ်သက်၍ ကန့်သတ်ထားသော စည်းကမ်းချက်များ ဖြေလျော့ပေးရန် သတင်းမီဒီယာသမားက တောင်းဆိုထားကြောင်းသိရသည်။ သျှမ်းပြည်နယ်လွှတ်တော်သည် လွှတ်တော်သက်တမ်းနှစ်ခုစလုံးတွင် သတင်းမီဒီယာများ သတင်းရယူပိုင်ခွင့်နှင့် ပတ်သက်၍ ပွင့်လင်းမြင်သာ မှုအားနည်းခဲ့ပြီး မီဒီယာများအားခွဲခြားဆက်ဆံမှုများရှိနေခြင်းဖြစ်သည်။ ထို့ကြောင့် လာမည့်လွှတ်တော်သက်တမ်းတွင် သျှမ်းပြည်နယ်လွှတ်တော်အနေဖြင့် မီဒီယာများအားလုံးခွဲခြားမှုမရှိဘဲ သတင်းယူခွင့်ပြုရန်၊ လွှတ်တော်ဝင်ခွင့်ကဒ်များအား သက်တမ်းတစ်ခုသတ်မှတ်၍ စမတ်ကဒ်များထုတ် ပေးရန်၊ ယခင်လွှတ်တော်သက်တမ်းများမှ...
လာမယ့်လွှတ်တော်မှာအမျိုးသမီးအမတ်တွေ ဆုံးဖြတ်ချက်ချနိုင်တဲ့ ကဏ္ဍတွေမှာ ပါဝင်လာစေလို
လက်ရှိ နိုင်ငံရေးတွင် အမျိုးသမီးများပါတီဝင်မှု အခြေအနေများ၊ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များ၏ ဆောင်ရွက်ချက်များနှင့် အမျိုးသမီး၏အခန်းကဏ္ဍများအတွက် အစိုးရ၏ဆောင်ရွက်ချက်များ အားရကျေနပ်ဖွယ်ရှိ/မရှိနှင့်စပ်လျဉ်း၍ ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်း (SWAN) မှ ဒါရိုက်တာ နန်းမွန်းကိန်အား သျှမ်းသံတော်ဆင့်သတင်းထောက် ယိင်းတိုင်းက မေးမြန်းထားပါသည်။ မေး - ရှမ်းပြည်နယ်က အမျိုးသမီးတွေနိုင်ငံရေးရေချိန်တက်လာပြီလို့ပြောလို့ရလား။ အမျိုးသမီးတွေ နိုင်ငံရေးမှာ ပါဝင်လာမှုနှုန်းကရော...
လွှတ်တော် အတည်ပြု ပြဌာန်းခဲ့သည့် အများနှင့် သက်ဆိုင်သည့် ဥပဒေ သက်ဝင်မှု အားနည်းနေဆဲ
SHAN -
သျှမ်းပြည်နယ် လွှတ်တော်တွင် အတည်ပြု ပြဋ္ဌာန်းခဲ့သည့် အများနှင့် သက်ဆိုင်သည့် ဥပဒေသည် အသက်ဝင်မှု အားနည်းနေကြောင်း သျှမ်းပြည်နယ် လွှတ်တော်အမတ် နန်းစံဟွမ် က ပြောဆိုလိုက်သည်။ ဒုတိယအကြိမ် သျှမ်းပြည်နယ် လွှတ်တော်တွင် အတည်ပြု ပြဋ္ဌာန်းခဲ့သည့် အများပြည်သူ နှင့် သက်ဆိုင်သော ဥပဒေများအား အကောင်အထည်ဖော် ဆောင်ရွက်ရမည့်...
မိုင်းကိုင်မြို့နယ် ဖောင်းမိန်းဆည် မြို့နယ်စီမံကိန်းအတွင်းမပါသေးဟု ၀န်ကြီးပြော
သျှမ်းပြည်တောင်ပိုင်းမိုင်းကိုင်မြို့နယ် အတွင်းရှိ ဖောင်းမိန်းဆည်ပျက်စီးမှုနှင့်ပတ်သက်ပြီး မိုင်းကိုင်မြို့နယ် ပြည်နယ်လွှတ်တော်အမတ် လုံးစိုင်းလုံ က သျှမ်းပြည်နယ်လွှတ်တော် စတင်ကျင်းပသော ပထမရက်တွင် တင်သွင်းမေးမြန်းခဲ့ပါသည်။ အဆိုပါဆည်ပျက်စီးနေမှုအပေါ် ပြန်လည်တည်ဆောက်ပေးမည့်အစီအစဉ် ရှိမရှိ ဒီဇင်ဘာလ ၁၂ ရက်နေ့ တွင်ပြန်လည် စတင်သော ဒုတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော် ၁၂ ကြိမ်မြောက် ပုံမှန် အစည်းအဝေး...
နန်းမိုဟွမ် ကိစ္စ လွှတ်တော်အတွင်းရောက်ရှိရန် ပြည်နယ်လွှတ်တော်အမတ် ၅၆ ဦးထောက်ခံ
TNLA ဖမ်းဆီးသွားသည့် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့သူ နန်းမိုဟွမ် ကိစ ပြည်ထောင်စုလွှတ်တော် သို့ ရောက်ရှိရန် သျှမ်းပြည်နယ်လွှတ်တော်အမတ် ၅၆ ဦးက လက်မှတ်ရေးထိုးထောက်ခံ သည်ဟုသိရ သည်။ ဒုတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော် ၁၁ ကြိမ်မြောက်ပုံမှန်အစည်းအဝေး ရ ရက်မြောက်နေ့ စက်တင်ဘာလ ၂၅ ရက်နေ့တွင် မိုင်းရှူးမြို့နယ်...
လောင်းကစားဝိုင်းပိတ်ပင်ရှင်းလင်းရေးအဆို သျှမ်းပြည်နယ်လွှတ်တော်အတည်ပြု
SHAN -
သျှမ်းပြည်မြောက်ပိုင်းတွင် များပြားကျယ်ပြန့်လာသော လောင်းကစားဝိုင်းပြသနာ ကွင်းဆင်း ရှင်းလင်းပိတ်ပင် အရေးယူပေးရန် သျှမ်းပြည်နယ်လွှတ်တော်အစည်းအဝေးတွင် သိန္နီမြို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်က အဆိုပြုတင်သွင်းရာ ထောက်ခံဆွေးနွေးသူများဖြင့် လွှတ်တော်တွင် အတည်ပြုခဲ့ကြောင်းသိရသည်။ ဒုတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော် ဆဋ္ဌမ ပုံမှန်အစည်းအဝေး တတိယနေ့ စက်တင်ဘာလ ၁၉ ရက်နေ့တွင် သိန္နီမြို့နယ် ကျားခေါင်းပါတီ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နန်းခင်ထားရီက...





