မိုင်းကိုင်မြို့နယ် ဖောင်းမိန်းဆည် မြို့နယ်စီမံကိန်းအတွင်းမပါသေးဟု ၀န်ကြီးပြော

သျှမ်းပြည်တောင်ပိုင်းမိုင်းကိုင်မြို့နယ် အတွင်းရှိ ဖောင်းမိန်းဆည်ပျက်စီးမှုနှင့်ပတ်သက်ပြီး မိုင်းကိုင်မြို့နယ် ပြည်နယ်လွှတ်တော်အမတ် လုံးစိုင်းလုံ က သျှမ်းပြည်နယ်လွှတ်တော် စတင်ကျင်းပသော ပထမရက်တွင် တင်သွင်းမေးမြန်းခဲ့ပါသည်။

မိုင်းကိုင်မြို့နယ် ပြည်နယ်လွှတ်တော်အမတ် လုံးစိုင်းလုံ

အဆိုပါဆည်ပျက်စီးနေမှုအပေါ် ပြန်လည်တည်ဆောက်ပေးမည့်အစီအစဉ် ရှိမရှိ ဒီဇင်ဘာလ ၁၂ ရက်နေ့ တွင်ပြန်လည် စတင်သော ဒုတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော် ၁၂ ကြိမ်မြောက် ပုံမှန် အစည်းအဝေး ပထမနေ့တွင် မိုင်းကိုင်မြို့နယ် မဲဆန္ဒနယ်အမှတ် ၂ ကျားခေါင်းပါတီမှ လွှတ်တော်ကိုယ်စာလှယ် လုံးစိုင်းလုံက မေးမြန်းခဲ့ခြင်းဖြစ်သည်။

“မိုင်းကိုင်မြို့က ဖောင်းမိန်း ဆည်ပေါ့နော်။ အဲတာ အခုဆိုရင် ပျက်စီးနေပါပြီ။ ဒီနှစ်မိုးတွင်းတုန်းကပျက်စီးကုန်ပြီ။ ဆည်မြောင်းတွေဆင်းကြည့်တုန်းကလည်း တိုင်းတာပြီးပြီ။ ဒါမယ့် ခုထိုပြန်မလုပ်ပေးတော့ ဘယ်တော့ပြန်ဆောက်ပေးမလဲပေါ့။ မေးတာပါ။ ”- ဟု လုံးစိုင်းလုံ ကပြောသည်။

မိုင်းကိုင်မြို့အရှေ့ဘက်ရှိ ဖောင်းမိန်းဆည်သည် ဖောင်းမိန်း နောင်မွန်း ၀ိန်းငင်း ရွာမှ ဧက ၄၁၅ ဧကကျော်ရှိလယ်များအား ရေပေးဝေလျှက်ရှိသကဲ့သို့ ရွာသူရွာသားများမှလည်း စိုက်ပျိုးရေးနှင့် သောက်သုံးရေအဖြစ် အသုံးပြု ကြသည်။ ၄င်းပျက်စီးသွားသည့်အချိန်တွင် လယ်ရေသွင်းချိန်ဖြစ် သဖြင့် လယ်သမားများအခက်ကြုံတွေ့ရကြောင်း လုံးစိုင်းလုံက သျှမ်းသံတော်ဆင့်အားပြောပြသည်။

လယ်ယာနှင့်ဆည်မြောင်းဝန်ကြီးဌာနဝန်ကြီး စိုင်းလုံးကျောက်က – ၄င်းဆည်သည် စီမံကိန်းအတွင်းမပါ၀င်သဖြင့် ၊ စီမံကိန်းအတွင်းပါ၀င်မှသာ ထပ်မံစဉ်းစားပေးမည်ဖြစ်ကြောင်း- ဖြေဆိုသဖြင့် လာမည့်နှစ် စိုက်ပျိုးချိန်အတွက် ဒေသခံများစိုးရိမ်နေသည်ဟုသိရသည် ။

ထိုနေ့တွင် ဆည်နှင့်ပတ်သက်သည့်မေးခွန်းအပြင် ယာဉ်စီးကမ်းလမ်းစည်းကမ်းနှင့်ပတ်သက်ပြီး ဒေသခံလူထုအား ကွင်းဆင်းပညာပေးရန်အစီအစဉ် ရှိ မရှိကိုပါ လုံးစိုင်းလုံက ထပ်မံမေးမြန်းခဲ့ကြောင်း ၊ ၄င်းမေးခွန်းအား ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှဦးက ဖြေကြားရာတွင် – ယာဉ်ထိန်းအင်အားလုံ လောက်မှုမရှိသေးသဖြင့် လုံလောက်မှုရှိမှသာ မြို့နယ်တိုင်းကွင်းဆင်းပညာပေးမှုပြုလုပ်သွားမည်ဖြစ်ကြောင်း – သိရပါသည်။

သျှမ်းပြည်နယ်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ် ၁၄၁ ဦးအနက် ၁၂၂ ဦးတက်ရောက်ကြောင်းသိရသည်။

အစည်းအဝေးစတင်သည့်ရက်တွင် ကတိသစ္စာမပြုရသေးသော တပ်မတော်သား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ရ ဦးက ကတိသစ္စာပြုရန်အတွက် ပြည်နယ်လွှတ်တော်ဥက္ကဌ ရှေ့မှောက်တွင် ကတိသစ္စာပြုလက်မှတ်ရေးထိုးခဲ့ကြောင်းလည်းသိရပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

၂၀၂၆ နဲ့ ၂၀၁၀ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုက ဘာတွေကွာခြားလဲ

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်ပေါ်ပေါက်လာပြီးနောက် စစ်ကော်မရှင်ဘက်က စစ်ယူနီဖောင်းချွတ် စစ်အစိုးရ အသွင်ပြောင်းလဲကာ အများမျှော်လင့်ထားသည့်အတိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်လာသည်။ အလားတူ တော်လှန်ရေးကို အရှိန်အဟုန် မြှင့်တင်၍ အမြန်ဆုံး အောင်ပွဲရယူနိုင်ရန် “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” ကို ဖွဲ့စည်းပြီး နိုင်ငံရေးဦးတည်ချက် (၆)...

စစ်တပ်ချုပ်ကိုင် လွှတ်တော်နှင့် မြန်မာ့နိုင်ငံရေး အနာဂတ်

0
စစ်ကော်မရှင်ဘက်မှ အတုအယောင် ရွေးကောက်ပွဲမှတဆင့် တက်လာသည့် ရုပ်ပြအရပ်သား အစိုးရတစ်ရပ်ကို ဖွဲ့စည်းနိုင်ပါက နိုင်ငံတကာ တရားဝင်မှုနှင့် အကူအညီ ထောက်ပံ့မှုများ ရရှိလာပါက တော်လှန်ရေးအတွက် ကြီးမားသည့် ရိုက်ခတ်မှုများ ရှိလာနိုင်ကြောင်း စစ်အာဏာရှင်ကို တော်လှန်နေသည့် လူငယ်များက ပြောဆိုလိုက်သည်။

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

မိုင်းကိုင်မြို့တွင် အမျိုးသားတစ်ဦး မူးယစ်ဆေးကြောင်ပြီး ဓားဖြင့်လိုက်ခုတ်၊ ဆွေမျိုး ၄ ဦး ဒဏ်ရာရ

0
သျှမ်းပြည် မိုင်းကိုင်မြို့တွင် မူးယစ်ဆေးဝါးသုံးစွဲပြီး ဆေးကြောင်နေသော အမျိုးသားတစ်ဉီး ဓားကိုင်ရမ်းကားမှုကြောင့် ဆွေမျိုးဖြစ်သူ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၂ ဦး ဓားခုတ်ခံရပြီး ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် သြဂုတ်လ ၁ ရက် ည ၆ နာရီဝန်းကျင်တွင် မိုင်းကိုင်မြို့...

မိုင်းကိုင် စစ်ကောင်စီဂိတ်မှ ဆန်နှင့် စက်သုံးဆီကို သျှမ်းမြောက်သယ်ယူခွင့် တားမြစ်ပိတ်ပင်

0
သျှမ်းပြည်မြောက်ပိုင်းသို့ သယ်ယူမည့် ဆန်နှင့် စက်သုံးဆီ အပါအဝင် စားနပ်ရိက္ခာတင် ကုန်ကားများကို မိုင်းကိုင်မြို့နယ်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်မှ တားမြစ်ပိတ်ပင်လိုက်ကြောင်း စုံစမ်းသိရသည်။ နိုဝင်ဘာလ (၁၅) ရက်မှ စတင်ပြီး မိုင်းကိုင်မြို့ မွေတော်ဘုရားမြောက်ဘက်ရှိ လွယ်မော်ကျေးရွာအနီး တည်ရှိသည့် စစ်ကောင်စီ စစ်ဆေးရေးဂိတ်သည် သျှမ်းပြည်မြောက်ပိုင်း နမ့်လန်၊ မိုင်းရယ်ဘက်သို့...