Wednesday, January 28, 2026

မိုင်းကိုင်မြို့တွင် အမျိုးသားတစ်ဦး မူးယစ်ဆေးကြောင်ပြီး ဓားဖြင့်လိုက်ခုတ်၊ ဆွေမျိုး ၄ ဦး ဒဏ်ရာရ

သျှမ်းပြည် မိုင်းကိုင်မြို့တွင် မူးယစ်ဆေးဝါးသုံးစွဲပြီး ဆေးကြောင်နေသော အမျိုးသားတစ်ဉီး ဓားကိုင်ရမ်းကားမှုကြောင့် ဆွေမျိုးဖြစ်သူ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၂ ဦး ဓားခုတ်ခံရပြီး ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် သြဂုတ်လ ၁ ရက် ည ၆ နာရီဝန်းကျင်တွင် မိုင်းကိုင်မြို့ ရပ်ကွက် ၁ ၌ မူးယစ်ဆေးဝါး သုံးစွဲပြီး ဆေးကြောင်နေသော အမျိုးသားတစ်ဦးက ဆွေမျိုးများကို ဓားဖြင့် လိုက်ခုတ်ခဲ့ခြင်းကြောင့် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ကြောင်း ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အဲ့အမျိုးသားက အရက်ကော မူးယစ်ဆေးကော သုံးတာ။ အရင်တုန်းကလည်း အဲ့လို မူးလာရင် သူ့မိန်းမကို အိမ်ထဲ ထည့်ပိတ်ပြီး ရိုက်နှက်တာမျိုးတွေ လုပ်တယ်။ ခုက ဘာကိစ္စမှ မရှိဘဲ အိမ်ထဲဝင်ပြီး ဒီတိုင်း ဝင်ခုတ်တာ။ ၄ ယောက်မှာ ၂ ယောက်လောက်က အသက်အန္တရာယ် စိုးရိမ်ခဲ့ရတယ်” ဟု ဖြစ်စဉ်သိရှိသူ ၎င်းအမျိုးသားက ပြောသည်။

ထိုဒဏ်ရာရရှိသည့် ၄ ယောက်ထဲတွင် အမျိုးသမီးတစ်ဦးမှာ မျက်နှာနှင့် လက်မောင်း၌ ပြတ်ရှဒဏ်ရာ ပြင်းထန်ခဲ့ပြီး အမျိုးသားတစ်ဦးသည် ဦးခေါင်း၊ နားရွက်နှင့် လက်မောင်းတွင် ဒဏ်ရာအပြင်းအထန် ရရှိထားကြောင်း ၎င်းက ဆိုသည်။

လက်ရှိတွင် ဓားခုတ်ခံရသူ ၄ ဦးစလုံးသည် မိုင်းကိုင်မြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေပြီး၊ ဓားခုတ်မှု ကျူးလွန်သည့် အမျိုးသားကို သက်ဆိုင်ရာ တာဝန်ရှိသူများက ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း ဒေသခံများထံမှ သိရသည်။

မိုင်းကိုင်မြို့သည် စစ်ကောင်စီနှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) ထိန်းချုပ်သည့် ဒေသဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း မူးယစ်ဆေးဝါးသုံးစွဲသူ အများအပြား ရှိလာကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းကိုင် စစ်ကောင်စီဂိတ်မှ ဆန်နှင့် စက်သုံးဆီကို သျှမ်းမြောက်သယ်ယူခွင့် တားမြစ်ပိတ်ပင်

0
သျှမ်းပြည်မြောက်ပိုင်းသို့ သယ်ယူမည့် ဆန်နှင့် စက်သုံးဆီ အပါအဝင် စားနပ်ရိက္ခာတင် ကုန်ကားများကို မိုင်းကိုင်မြို့နယ်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်မှ တားမြစ်ပိတ်ပင်လိုက်ကြောင်း စုံစမ်းသိရသည်။ နိုဝင်ဘာလ (၁၅) ရက်မှ စတင်ပြီး မိုင်းကိုင်မြို့ မွေတော်ဘုရားမြောက်ဘက်ရှိ လွယ်မော်ကျေးရွာအနီး တည်ရှိသည့် စစ်ကောင်စီ စစ်ဆေးရေးဂိတ်သည် သျှမ်းပြည်မြောက်ပိုင်း နမ့်လန်၊ မိုင်းရယ်ဘက်သို့...

မိုင်းကိုင်မြို့ ကိုဗစ် – ၁၉ ပိုးတွေ့လူနာ တစ်ဦးသေဆုံး

0
သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ပန်ကေတုကျေးရွာမှ ဒေသခံ အမျိုးသား တစ်ဦး ကိုဗစ်-၁၉ ဖြင့် သေဆုံးခဲ့ကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ အမျိုးသားသည် အောက်တိုဘာ (၂၄) ရက်နေ့ ည အချိန်တွင် သေဆုံးသွားကြောင်း သိရှိရသည်။ “ သူက ပန်ကေတု ကနေလာတာ။ နေမကောင်းလို့...

မိုင်းကိုင်မြို့နယ် လယ်ယာအတွင်း လက်နက်ကြီး ကျပေါက်ကွဲ

0
သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအုပ်စု ပန်ပွဲကျေးရွာရှိ မြေပဲစိုက်ခင်းအတွင်း လက်နက်ကြီး တစ်လုံးကျရောက် ပေါက်ကွဲသဖြင့် ပြည်သူများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရှိရသည်။ ယနေ့(အောက်တိုဘာ ၁၁) ရက် နံနက် ၄ နာရီကျော်ဝန်းကျင်တွင် စိုင်းတိ၏ မြေပဲစိုက်ခင်းအတွင်း RPG 2 လက်နက်ကြီး အမျိုးအစား ကျပြီး...

လွိုင်လင်ခရိုင်အတွင်း စစ်ကောင်စီမှ စစ်ဆေး ပိုက်ဆံတောင်းမှုပြုလုပ်နေ

0
သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင်အတွင်းတွင် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့မှ ကားလမ်းမကြီးတစ်လျောက် ရှောင်တခင် စစ်ဆေးပြုလုပ်ပြီး ပြည်သူများထံ ပိုက်ဆံတောင်းယူမှုများ ပြုလုပ်နေကြောင်း သတင်းသိရသည်။ ယခုလ ဒုတိယပတ်အတွင်း ကျေးသီး နှင့် မိုင်းနောင်ကြား ကားလမ်းမ ဘေးတစ်နေရာတွင် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့မှ လမ်းသွားလာသည့် မော်တော်ယာဥ်များကို တားမြစ်စစ်ဆေးပြီး ပိုက်ဆံတောင်းမှု...

မိုင်းကိုင်မြို့အတွင်း SSPP/SSA တပ်သား ၃၀၀ ဝန်းကျင် ရောက်ရှိလာ

0
သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့အတွင်းသို့ ယနေ့ (ဇန်နဝါရီ ၁၂)ရက် မွန်းလွဲပိုင်း ၃ နာရီဝန်းကျင်တွင် သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် SSPP/SSA တပ်သား ၃၀၀ ဝန်းကျင် ရောက်ရှိလာကြောင်း သတင်းသိရသည်။ “ပန်ကေတုဘက်နေ လာတာပါ၊ ကားတွေနဲ့ အင်အားက ၃၀၀ ဝန်းကျင်လောက်ရှိပါတယ်၊ သူတို့က မိုင်းကိုင်မြို့ အဝင်...