မိုင်းကိုင် စစ်ကောင်စီဂိတ်မှ ဆန်နှင့် စက်သုံးဆီကို သျှမ်းမြောက်သယ်ယူခွင့် တားမြစ်ပိတ်ပင်

သျှမ်းပြည်မြောက်ပိုင်းသို့ သယ်ယူမည့် ဆန်နှင့် စက်သုံးဆီ အပါအဝင် စားနပ်ရိက္ခာတင် ကုန်ကားများကို မိုင်းကိုင်မြို့နယ်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်မှ တားမြစ်ပိတ်ပင်လိုက်ကြောင်း စုံစမ်းသိရသည်။

နိုဝင်ဘာလ (၁၅) ရက်မှ စတင်ပြီး မိုင်းကိုင်မြို့ မွေတော်ဘုရားမြောက်ဘက်ရှိ လွယ်မော်ကျေးရွာအနီး တည်ရှိသည့် စစ်ကောင်စီ စစ်ဆေးရေးဂိတ်သည် သျှမ်းပြည်မြောက်ပိုင်း နမ့်လန်၊ မိုင်းရယ်ဘက်သို့ ဆန်နှင့် စက်သုံးဆီ အပါအဝင် စားနပ်ရိက္ခာ သယ်ယူမည့် ကုန်တင်ကားများကို ဖြတ်သန်းခွင့် မပေးဘဲ တားမြစ်ထားကြောင်း ဒေသခံများက ပြောသည်။

“၁၅ ရက်နေ့က စပြီးတော့ ဂိတ်မှာ တားထားတာ၊ ကုန်ကားပေးမဖြတ်ဘူး။ အဲ့ရက်နောက်ပိုင်း ဆန်ရယ် စက်သုံးဆီနဲ့ အစားအသောက်တွေ တားမြစ်လိုက်တယ်၊ မြောက်ပိုင်းကို အဲ့တာတွေ ပေးမဖြတ်တော့ဘူး။ လူစီးကားတော့ စစ်တာ တော်တော်ကြမ်းတယ်၊ နမ့်လန်ကိုတောင် သွားလို့ မရတော့ဘူး”ဟု မိုင်းကိုင်မြို့မှ အသက် (၄၀) ကျော်အရွယ် ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သျှမ်းတောင် မိုင်းကိုင်မှ သျှမ်းမြောက် သို့ သွားကားလမ်း

မိုင်းကိုင်နှင့် နမ့်လန်မြို့အကြား ပန်ကေတုနှင့် တုံလောကျေးရွာများရှိ စစ်ကောင်စီလက်အောက်ခံ စစ်ဆေးရေးဂိတ်များလည်း စစ်ဆေးမှု ပိုမိုတင်းကြပ်လာပြီး ကုန်စည်ဖြတ်သန်းခွင့်ကို ကန့်သတ်တားမြစ်ထားကြောင်း ဒေသခံများထံမှ သိရသည်။

“တောင်ကြီးဘက်က ကုန်ကားတွေ တစ်ရက်ကို ၁၅ စီးလောက် မိုင်းကိုင်မြို့ဝင်ဂိတ်မှာ နေ့ပိုင်း လမ်းပေါ် တန်းစီထားတယ်။ ညဘက် ၁၀ နာရီကျော်ရင် နွားတင်တဲ့ ကားတွေတော့ ပေးဖြတ်တယ်ပြောတယ်။ နမ့်လန်နဲ့ ကျေးသီးဘက် သွားတာတော့ ထိန်းတာ ကြမ်းတယ်။ တားထားတာ ပန်ကေတုနဲ့ တုံလောဘက်မှာ”ဟု ၎င်းဒေသခံ အမျိုးသားက ဆက်ပြောသည်။

မိုင်းကိုင်မြို့အဝင်ရှိ စစ်ကောင်စီလက်အောက်ခံ စစ်ဆေးရေးဂိတ်မှ နိုဝင်ဘာလ ၁၅ ရက်တွင် ကုန်တင်ကားများကို ဖြတ်သန်းခွင့် ကန့်သတ်တားမြစ်လိုက်ပြီးနောက် မြို့ပေါ်တွင် စားသုံးကုန်နှင့် စက်သုံးဆီများ ဈေးမြင့်တက်သွားပြီး စက်သုံးဆီ တစ်လီတာလျှင် ကျပ်ငွေ ၅၀၀၀ မှ ၆၀၀၀ ကြားအထိ ဈေးတက်သွားကြောင်း ဒေသခံများက ပြောဆိုသည်။

အလားတူ သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့မှ သျှမ်းပြည်မြောက်ပိုင်းသို့ သွားရာ ရပ်စောက်-ကျောက်ဂူလမ်းကို နိုဝင်ဘာလ (၁၂) ရက်မှ စတင်ပြီး စစ်ကောင်စီတပ်မှ ရက်အကန့်အသတ်မရှိ ပိတ်ပင်ထားသည်။

သျှမ်းပြည် တောင်ပိုင်းနှင့် မြောက်ပိုင်းရှိ မြို့ကြီးများကို သွားရောက်နိုင်ရန် ရပ်စောက်မြို့နှင့် မိုင်းကိုင်မြို့တို့ကို ဖြတ်သန်းသွားသည့် လမ်းမကြီးများသည် ကုန်တင်ယာဉ်အသုံးပြုမှု များပြားပြီး ယခုကဲ့သို့ ပိတ်ပင်လိုက်သဖြင့် ခရီးသွားများနှင့် ဒေသခံပြည်သူများ ပိုမိုဒုက္ခရောက်မည်ဟု ယာဉ်မောင်းများက သုံးသပ်ပြောဆိုသည်။

ထို့အပြင် ကိုးကန့်တပ်ဖွဲ့ MNDAA သိမ်းပိုက်ထားသည့် လားရှိုးမြို့သို့ သွားသည့်လမ်းပိုင်းမှ မိုင်းရယ်မြို့နယ် ဟိုယကျေးရွာရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင်လည်း သွားလာခွင့် ပိတ်ပင်ထားကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်သည် ညီနောင်မဟာမိတ်ထပ်များထံ ဆုံးရှုံးထားသည့် သျှမ်းပြည်မြောက်ပိုင်းရှိ မြို့ကြီးများကို ဆက်တိုက်ဗုံးကြဲ တိုက်ခိုက်နေသည့်အပြင် ယခုကဲ့သို့ လမ်းပိတ်ဆို့ခြင်းဖြင့် ဒေသနေ ပြည်သူများကို စားနပ်ရိက္ခာ ဖြတ်တောက်နေခြင်းဖြစ်ကြောင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူများက ပြောဆိုသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့ပြင်ဘက် စစ်တပ် က ဖုန်းများ စစ်ဆေးနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ပြင်ဘက်တွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို တားဆီးကာ ဖုန်းများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယခုတစ်ပတ်အတွင်း တောင်ကြီးမြို့ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဘက်သို့ သွားသည့်လမ်းတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များကို တားဆီးပြီး ဖုန်းအတွင်းရှိ အချက်အလက်များနှင့် အွန်လိုင်းလောင်းကစားဆိုင်ရာ အသုံးပြုမှုများကို စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အသက်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

စက်သုံးဆီပြဿနာကြောင့် တာချီလိတ်-မိုင်းရှူး လိုင်းကားများ ရပ်နားထားရ

0
တာချီလတ်-မိုင်းရှူးပြေးဆွဲနေသည့် လိုင်းကားများသည် ယခုနှစ်အတွင်း စက်သုံးဆီ စျေးနှုန်းမြင့်တက်မှု၊ ဝယ်ယူရန်ခက်ခဲမှုနှင့် စစ်ကော်မရှင်၏ စစ်ဆေးရေးဂိတ်များ တင်းကြပ်မှုတို့ကြောင့် ရပ်နားလိုက်ရကြောင်း သတင်းရရှိသည်။ လက်ရှိ တာချီလိတ်မြို့တွင် ဓာတ်ဆီ ၉၁ တစ်လီတာလျှင် ၆၅ ဘတ်ခန့် ရှိသော်လည်း တရားမဝင်ဈေးကွက်တွင် ၈၀ ဘတ်မှ ၁၀၀ ဘတ်ဝန်းကျင်အထိ ပေးဝယ်ရသည့်အခြေအနေရှိပြီး...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...