မိုင်းကိုင်မြို့နယ် လယ်ယာအတွင်း လက်နက်ကြီး ကျပေါက်ကွဲ

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအုပ်စု ပန်ပွဲကျေးရွာရှိ မြေပဲစိုက်ခင်းအတွင်း လက်နက်ကြီး တစ်လုံးကျရောက် ပေါက်ကွဲသဖြင့် ပြည်သူများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရှိရသည်။

ယနေ့(အောက်တိုဘာ ၁၁) ရက် နံနက် ၄ နာရီကျော်ဝန်းကျင်တွင် စိုင်းတိ၏ မြေပဲစိုက်ခင်းအတွင်း RPG 2 လက်နက်ကြီး အမျိုးအစား ကျပြီး ပေါက်ကွဲခဲ့ကြောင်း ဒေသခံများက ပြောသည်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲသည့် နေရာ

“လက်နက်ကြီးက ဘယ်ကနေ ပစ်လိုက်လဲတော့ မသိရဘူး၊ စိုင်းတိ မြေပဲစိုက်ခင်းထဲမှာကို ကျပြီးပေါက်ကွဲတာ၊ လက်နက်ကြီး ကျတဲ့နေရာက တွင်းကြီးတစ်ခုလိုဖြစ်သွားတယ်၊ တိရိစ္ဆာန်တွေ လူတွေ ထိခိုက်မှုတော့ မရှိဘူး၊ ဘယ်အဖွဲ့အစည်းရဲ့ လက်နက်ကြီးမှန်းလည်း မသိရဘူး” ဟု ပန်ပွဲကျေးရွာ ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြော သည်။

လက်ရှိ အချိန်ကာလသည် ဒေသခံပြည်သူများ တောင်ယာသွား ပြောင်းချိုးနေကြသည့် အချိန်ဖြစ်သည့် အတွက် ယခုလို အကြောင်းရင်းမသိ လက်နက်ကြီး ယာခင်းထဲ ကျရောက်ပေါက်ကွဲခြင်းသည် စိုးရိမ်ထိတ်လန့် နေရကြောင်းလည်း ပန်ပွဲကျေးရွာမှ အသက် ၂၅ ဝန်းကျင် အမျိုးသားတစ်ဦးက ပြောသည်။

“ထိခိုက်ပျက်စီးမှုမရှိပေမဲ့၊ အခုလို အချိန်က တောင်ယာသွား ပြောင်းချိုးနေကြရတဲ့ အချိန်ဖြစ်တယ်၊ တကယ်လို့ ရွာသားတွေ ယာခင်းထဲ ရှိနေတဲ့အချိန် လက်နက်ကြီး ကျလာရင် ဘယ်လိုလုပ်မလဲ ဒါတွေကို စိုးရိမ်ရတယ်၊ တိုက်ပွဲတွေလည်း ဖြစ်ခဲ့ဖူးတော့ ကျနော်တို့ ပြည်သူကတော့ ကြောက်နေရတာပဲ” ဟု ၎င်းက ပြောသည်။

မိုင်းကိုင်မြို့နယ်အတွင်းတွင် သျှမ်းလက်နက်ကိုင် တပ်ဖွဲ့ အပြင် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ နှင့် မြောက်ပိုင်း မဟာမိတ် တပ်ဖွဲ့များ သွားလာလှုပ်ရှားနေသည့် နေရာဖြစ်ကြောင်း သတင်းသိရသည်။

အဆိုပါ လက်နက်ကိုင်တပ်ဖွဲ့ များပြားစွာရှိသည့်အတွက် ထိတွေ့တိုက်ပွဲများ၊ လက်နက်ကိုင် တပ်ဖွဲ့များ တပ်ဆင်ထားသည့် မြေမြှုပ်မိုင်းများကြောင့် ပြည်သူများ ထိခိုက်သေဆုံးမှုများလည်း မကြာခဏ ဖြစ်ပွားလေ့ရှိ ကြောင်း သတင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကွတ်ခိုင်မြို့နယ် TNLA တပ်စခန်းများကို ဒရုန်း၊ လက်နက်ကြီးများဖြင့် MNDAA တိုက်ခိုက်

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ်ရှိ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်စခန်းနေရာများကို ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ ဒရုန်းနှင့် လက်နက်ကြီးများ အသုံးပြုပြီး စတင်တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၄ ရက်) နံနက် ၁၀ နာရီခန့်မှ စတင်ပြီး ကွတ်ခိုင်မြို့နယ်ရှိ မုံးစီး၊ နမ့်ဖတ်ကာ၊...

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...

ရှုပ်ထွေးပွေလီ ကိစ္စများကြား တရုတ်အတွက် အိန္ဒိယ သမုဒ္ဒရာထွက်ပေါက်ပေးချင်တဲ့ စစ်ကောင်စီ

0
မြန်မာနိုင်ငံသည် တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ဖန်တီးပေးနိုင်သည့် နိုင်ငံဖြစ်ကြောင်း ယခုနှစ် ၂၀၂၆ တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားတွင် စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ထည့်သွင်း ပြောကြားခဲ့သည်။ စစ်ရေးပဋိပက္ခများ ပြင်းထန်ခဲ့သည့် သျှမ်းပြည်မြောက်ပိုင်းကို ဖြတ်သန်းသွားမည့် မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းနှင့် အခြားသော စီးပွားရေးစီမံကိန်းကြီးများကိုလည်း တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာ...