မိုင်းကိုင်မြို့အတွင်း SSPP/SSA တပ်သား ၃၀၀ ဝန်းကျင် ရောက်ရှိလာ

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့အတွင်းသို့ ယနေ့ (ဇန်နဝါရီ ၁၂)ရက် မွန်းလွဲပိုင်း ၃ နာရီဝန်းကျင်တွင် သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် SSPP/SSA တပ်သား ၃၀၀ ဝန်းကျင် ရောက်ရှိလာကြောင်း သတင်းသိရသည်။

“ပန်ကေတုဘက်နေ လာတာပါ၊ ကားတွေနဲ့ အင်အားက ၃၀၀ ဝန်းကျင်လောက်ရှိပါတယ်၊ သူတို့က မိုင်းကိုင်မြို့ အဝင် ဆိုင်းဘုတ်အနီးမှာ နားနေတာ တွေ့ရပါတယ်၊ ဘယ်ဘက်ကို ဆက်သွားလဲတော့ မသိရဘူး” ဟု မိုင်းကိုင်မြို့ ခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယင်းကဲ့သို့ အင်အားများစွာရှိသည့် စစ်ကြောင်းကို မြင်လေ့မရှိသည့် မိုင်းကိုင်မြို့မှ ဒေသခံများအနေဖြင့် ထိတ်လန့်ပြီး တချို့က နေအိမ်များစွန့်ခွာကာ လဲချားဘက်သို့ တိမ်းရှောင်ထွက်ပြေးလာကြောင်း ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ဒီလို နယ်မြေမငြိမ်မသက်ဖြစ်နေတဲ့အပေါ်မှာ စစ်သားတွေ ထပ်တွေ့လိုက်တော့ တိုက်ပွဲတွေထပ်ဖြစ်လာတော့မလား ဆိုပြီး ဒေသခံတချို့က ကြောက်ကြတယ်၊ အဲ့ကြောင့် လဲချားဘက်ကို ထွက်ပြေးလာတယ်၊ အခု လဲချားမြို့ တွင်းမှာ စစ်ရှောင်တွေနဲ့ ပြည့်နေတော့မယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ယင်းကဲ့သို့ SSPP/SSA တပ်သားများ မြို့ရွာလမ်းမကြီးထက်အထိ တွေ့မြင်ရခြင်းနှင့် ပတ်သက်ပြီး SSPP/SSA ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းဖုန်းဟန်က သာမာန်ဖြစ်ရပ်ဖြစ်စဥ်များသာ ဖြစ်သည့်အတွက် ကြောက်စရာမလိုကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီနေ့ ကျနော်တို့တပ်သားတွေ မိုင်းကိုင်ဘက်ကို ရောက်သွားတယ်လို့ ကြားမိပါတယ်၊ ဒါပေမဲ့ကြောက်စရာ မလိုပါဘူး၊ ပြည်သူကိုလည်း ဘာမှ မထိခိုက်စေရဘူး၊ ဒါပေမဲ့ ပြည်သူတွေ ကြောက်နေတယ်ဆိုတာက အရင်က အဲ့ဒီ ဒေသအတွင်းမှာ ကျနော်တို့တပ်ဖွဲ့ကို မတွေ့ဖူးသေးလို့နေမှာပါ” ဟု ဗိုလ်မှူး စိုင်းဖုန်းဟန်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလကတည်းက စတင်ခဲ့သော မိုင်းကိုင်မြို့နယ်အတွင်းမှ တိုက်ပွဲနှင့် ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းရန်အတွက် သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော်မှ တံခါးဖွင့် ကြိုဆိုနေကြောင်းလည်း ဗိုလ်မှူး စိုင်းဖုန်းဟန်က ပြောသည်။

ယနေ့ ဇန်နဝါရီ (၁၂)ရက်ထိ နှစ်ဘက် စစ်ရေးတင်းမာနေလျက်ရှိသည့် မိုင်းကိုင်မြို့အတွင်းမှ တိုင်းရင်းသား လက်နက်ကိုင်တို့၏ တိုက်ပွဲကြောင့် စစ်ရှောင်များ နေ့တိုင်းနီးပါးရောက်ရှိလာပြီး စားနပ်ရိက္ခာများ၊ ကလေး နို့မှုန့်များနှင့် ကိုဗစ် – ၁၉ ကာကွယ်ရေးပစ္စည်းများ အရေးပေါ် လိုအပ်နေကြောင်း သတင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...