သျှမ်းလွှတ်တော် သတင်းယူခွင့် ကန့်သတ်ချက်များ ဖြေလျော့ပေးရန် မီဒီယာများ တောင်းဆို

လာမည့်လွှတ်တော်သက်တမ်းတွင် သျှမ်းပြည်နယ်လွှတ်တော်၌ သတင်းယူခွင့်နှင့်ပတ်သက်၍ ကန့်သတ်ထားသော စည်းကမ်းချက်များ ဖြေလျော့ပေးရန် သတင်းမီဒီယာသမားက တောင်းဆိုထားကြောင်းသိရသည်။

သျှမ်းပြည်နယ်လွှတ်တော်

သျှမ်းပြည်နယ်လွှတ်တော်သည် လွှတ်တော်သက်တမ်းနှစ်ခုစလုံးတွင် သတင်းမီဒီယာများ သတင်းရယူပိုင်ခွင့်နှင့် ပတ်သက်၍ ပွင့်လင်းမြင်သာ မှုအားနည်းခဲ့ပြီး မီဒီယာများအားခွဲခြားဆက်ဆံမှုများရှိနေခြင်းဖြစ်သည်။

ထို့ကြောင့် လာမည့်လွှတ်တော်သက်တမ်းတွင် သျှမ်းပြည်နယ်လွှတ်တော်အနေဖြင့် မီဒီယာများအားလုံးခွဲခြားမှုမရှိဘဲ သတင်းယူခွင့်ပြုရန်၊ လွှတ်တော်ဝင်ခွင့်ကဒ်များအား သက်တမ်းတစ်ခုသတ်မှတ်၍ စမတ်ကဒ်များထုတ် ပေးရန်၊ ယခင်လွှတ်တော်သက်တမ်းများမှ မီဒီယာများ အပေါ်ကန့်သတ်ထားသောစည်းကမ်းချက်များအား ပယ်ဖျက်၍ အသစ်ပြန်လည်ရေးဆွဲပေးရန် သျှမ်းပြည်နယ်အခြေစိုက် သတင်းမီဒီယာများကတောင်းဆိုထားခြင်းဖြစ် ကြောင်း သိရသည်။

“သျှမ်းလွှတ်တော်က ပွင့်လင်းမြင်သာမှုမရှိဘူးလို့မြင်ပါတယ်။ လွှတ်တော် ဥပဒေကို ကျမတို့က လိုက်နာပေမဲ့ ကျမတို့ရဲ့ မီဒီယာတွေကို လွှတ်တော်က လွတ်လပ်စွာ သတင်းရယူပိုင်ခွင့်မပေးဘူး” ဟု သျှမ်းမြောက်အခြေစိုက် Myanmar Now ရုပ်သံသတင်းထောက် မြတ်မိုးသူကပြောသည်။

အဆိုပါ ပြည်နယ်လွှတ်တော်တွင် အစည်းအဝေးကျင်းပတိုင်း သတင်းယူခွင့်ပြုရန် သတင်းမီဒီယာများအနေဖြင့် လျှောက်လွှာပြန်လည်တင်ပြနေရပြီး အွန်လိုင်းကလည်း လျှောက်ထားခြင်းခွင့်မပြုသဖြင့် သျှမ်းပြည်နယ်မြောက် ပိုင်း အခြေ စိုက် သတင်း သမားများအတွက် သွားရေးလာရေး အခက်အခဲကြုတွေ့နေရသည်ဟု မြတ်မိုးသူကပြောသည်။

ထို့အပြင်သျှမ်းပြည်နယ်လွှတ်တော်အစည်းအဝးကျင်းပနေစဉ် သတင်းယူခွင့်နှင့် ပတ်သက်၍ လက်ရှိတွင် အစိုးရမီဒီယာနှင့် နာမည်ကြီး မီဒီယာ အချို့ကိုသာ အစည်းအဝေးခန်းမအတွင်း ဝင်ရောက်ရိုက်ကူးပြုနေသော်လည်း တခြားမီဒီယာ များကို မီဒီယာအခန်းမှနေ၍ သတင်းဓါတ်ပုံ ရယူစေခြင်းများပြုလုပ်ခဲ့သည်ဟု ဆိုသည်။

“လွှတ်တော်ထဲမှာ သတင်းရယူဖို့က ဓါတ်ပုံတို့၊ ဗီဒီယိုတို့ရိုက်ဖို့ အရမ်းခက်ခဲတယ်။ အဟန့်အတား ဖြစ်တယ်။ သူတို့သတ်မှတ်ထားတဲ့ မီဒီယာ အခန်းမှာ ပဲထိုင်ပြီးတော့မှတီဗီကနေကြည့်ပြီးတော့မှ သတင်းအချက် အလက်တွေယူရတာဆိုတော့ ရုပ်သံ သတင်းသမားတွေအတွက် အကြီးမားဆုံးအခက်အခဲပဲ။ ရုပ်ထွက်က မှုန်ဝါးဝါးနဲ့ အသံတွေကလဲ မကြည်ဘူး။ အချက်အလက် ကိန်းဂဏာန်း အမှားအယွင်းတွေ ရှိနိုင်တယ်” ဟု တောင်ကြီး အခြေစိုက် The People’s Voice မှ အယ်ဒီတာ ခွန်ရာဇာကပြောသည်။

သျှမ်းပြည်နယ်လွှတ်တော်သည် ပထမအကြိမ်လွှတ်တော်သက်တမ်းတွင်လည်း ယခုလိုခွဲခြားမှုများ၊ ကန့်သတ် မှုများရှိခဲ့ပြီးလူထုအစိုးရတက်လာပြီးနောက် ဒုတိယအကြိမ်လွှတ်တော်သက်တမ်းတွင်လည်း ပြောင်းလဲနိုင်ခဲ့ခြင်း မရှိပေ။ ထို့ကြောင့် သျှမ်းပြည်နယ်လွှတ်တော်အတွင်း သတင်းယူခွင့်သည် တခြားတိုင်းနှင့်ပြည်နယ်များ လွှတ်တော်များထက် ဆိုးရွားသည်ဟု တောင် ကြီး မြို့အခြေစိုက် သတင်းသမား စည်သာဟိန်းကပြောသည်။

“လွှတ်တော်ပထမအကြိမ်တုန်းကလိုပဲ ဒုတိယအကြိမ်မှာလဲ သိပ်ပြီးပြောင်းလဲမှုမရှိဘူး။ အဖြေလွှာတွေတောင်း တာလည်းမရဘူး။ အင်တာဗျူးလုပ်ရတာလည်းခက်ခဲတာပေါ့။ တစ်ခြားပြည်နယ်နဲ့တိုင်းတွေထက်စာရင် တအားဆိုးတယ်လို့ မြင်ပါတယ်” ဟု ၎င်းကပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

၂၀၂၆ နဲ့ ၂၀၁၀ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုက ဘာတွေကွာခြားလဲ

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်ပေါ်ပေါက်လာပြီးနောက် စစ်ကော်မရှင်ဘက်က စစ်ယူနီဖောင်းချွတ် စစ်အစိုးရ အသွင်ပြောင်းလဲကာ အများမျှော်လင့်ထားသည့်အတိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်လာသည်။ အလားတူ တော်လှန်ရေးကို အရှိန်အဟုန် မြှင့်တင်၍ အမြန်ဆုံး အောင်ပွဲရယူနိုင်ရန် “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” ကို ဖွဲ့စည်းပြီး နိုင်ငံရေးဦးတည်ချက် (၆)...

စစ်တပ်ချုပ်ကိုင် လွှတ်တော်နှင့် မြန်မာ့နိုင်ငံရေး အနာဂတ်

0
စစ်ကော်မရှင်ဘက်မှ အတုအယောင် ရွေးကောက်ပွဲမှတဆင့် တက်လာသည့် ရုပ်ပြအရပ်သား အစိုးရတစ်ရပ်ကို ဖွဲ့စည်းနိုင်ပါက နိုင်ငံတကာ တရားဝင်မှုနှင့် အကူအညီ ထောက်ပံ့မှုများ ရရှိလာပါက တော်လှန်ရေးအတွက် ကြီးမားသည့် ရိုက်ခတ်မှုများ ရှိလာနိုင်ကြောင်း စစ်အာဏာရှင်ကို တော်လှန်နေသည့် လူငယ်များက ပြောဆိုလိုက်သည်။

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

လုံခြုံမှု ကင်းမဲ့သွားတဲ့ သတင်းသမားတွေရဲ့ ဘဝ

0
“သတင်းလုပ်ငန်းကို လွတ်လွတ်လပ်လပ် လုပ်ကိုင်လို့မရဘူး။လုံခြုံတယ်လို့ ခံစားရတဲ့ နေရာမျိုးမှာပဲ ပုန်းခိုပြီး သတင်းလုပ်ကိုင်ရတယ်” ဒီစကားကို သျှမ်းပြည်မြောက်ပိုင်းက ပြည်တွင်းသတင်းထောက် မသူဇာ (အမည်လွှဲ) က လုံခြုံတဲ့နေရာတစ်ခုမှ နေပြီး ပြန်ပြောပြနေတာ ဖြစ်ပါတယ်။ . သျှမ်းပြည်မြောက်ပိုင်းမှာ စစ်ကောင်စီအပြင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဝင်များစွာရှိပြီး သူတို့ရဲ့ရန်ကိုလည်း ကြောက်ရွံ့နေရတာ ဖြစ်ပါတယ်။ မသူဇာက “ဒါကြောင့် ခါတိုင်းထက်...

ထိုင်းဝန်ကြီးချုပ် အဖြစ် ရေပန်းစားနေတဲ့ ဖိထား လင့်ဂျရုန်းရတ် မဲခွဲဆုံးဖြတ်ရာမှာ အောင်မြင်မှုမရ

0
ထိုင်းနိုင်ငံ ဝန်ကြီးချုပ်အသစ်အတွက်နာမည်ကြီးနေတဲ့ Move Forward Party ခေါင်းဆောင် ဖိထား လင့်ဂျရုန်းရတ် ကို လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်ရာမှာ သတ်မှတ်ထားတဲ့ မဲပမာဏ မပြည့်တဲ့အတွက် ရှုံးနိမ့်ခဲ့ပါတယ်။ ဝန်ကြီးချုပ်ဖြစ်ဖို့အတွက် လွှတ်တော်ကသတ်မှတ်ထားတဲ့ မဲပမာဏက (၃၇၆) မဲ ဖြစ်ပြီး ကနေ့လွှတ်တော်အမတ် ၇၀၀ ကျော်က ဝင်ရောက်...