Tuesday, January 27, 2026

သျှမ်းလွှတ်တော် သတင်းယူခွင့် ကန့်သတ်ချက်များ ဖြေလျော့ပေးရန် မီဒီယာများ တောင်းဆို

လာမည့်လွှတ်တော်သက်တမ်းတွင် သျှမ်းပြည်နယ်လွှတ်တော်၌ သတင်းယူခွင့်နှင့်ပတ်သက်၍ ကန့်သတ်ထားသော စည်းကမ်းချက်များ ဖြေလျော့ပေးရန် သတင်းမီဒီယာသမားက တောင်းဆိုထားကြောင်းသိရသည်။

သျှမ်းပြည်နယ်လွှတ်တော်

သျှမ်းပြည်နယ်လွှတ်တော်သည် လွှတ်တော်သက်တမ်းနှစ်ခုစလုံးတွင် သတင်းမီဒီယာများ သတင်းရယူပိုင်ခွင့်နှင့် ပတ်သက်၍ ပွင့်လင်းမြင်သာ မှုအားနည်းခဲ့ပြီး မီဒီယာများအားခွဲခြားဆက်ဆံမှုများရှိနေခြင်းဖြစ်သည်။

ထို့ကြောင့် လာမည့်လွှတ်တော်သက်တမ်းတွင် သျှမ်းပြည်နယ်လွှတ်တော်အနေဖြင့် မီဒီယာများအားလုံးခွဲခြားမှုမရှိဘဲ သတင်းယူခွင့်ပြုရန်၊ လွှတ်တော်ဝင်ခွင့်ကဒ်များအား သက်တမ်းတစ်ခုသတ်မှတ်၍ စမတ်ကဒ်များထုတ် ပေးရန်၊ ယခင်လွှတ်တော်သက်တမ်းများမှ မီဒီယာများ အပေါ်ကန့်သတ်ထားသောစည်းကမ်းချက်များအား ပယ်ဖျက်၍ အသစ်ပြန်လည်ရေးဆွဲပေးရန် သျှမ်းပြည်နယ်အခြေစိုက် သတင်းမီဒီယာများကတောင်းဆိုထားခြင်းဖြစ် ကြောင်း သိရသည်။

“သျှမ်းလွှတ်တော်က ပွင့်လင်းမြင်သာမှုမရှိဘူးလို့မြင်ပါတယ်။ လွှတ်တော် ဥပဒေကို ကျမတို့က လိုက်နာပေမဲ့ ကျမတို့ရဲ့ မီဒီယာတွေကို လွှတ်တော်က လွတ်လပ်စွာ သတင်းရယူပိုင်ခွင့်မပေးဘူး” ဟု သျှမ်းမြောက်အခြေစိုက် Myanmar Now ရုပ်သံသတင်းထောက် မြတ်မိုးသူကပြောသည်။

အဆိုပါ ပြည်နယ်လွှတ်တော်တွင် အစည်းအဝေးကျင်းပတိုင်း သတင်းယူခွင့်ပြုရန် သတင်းမီဒီယာများအနေဖြင့် လျှောက်လွှာပြန်လည်တင်ပြနေရပြီး အွန်လိုင်းကလည်း လျှောက်ထားခြင်းခွင့်မပြုသဖြင့် သျှမ်းပြည်နယ်မြောက် ပိုင်း အခြေ စိုက် သတင်း သမားများအတွက် သွားရေးလာရေး အခက်အခဲကြုတွေ့နေရသည်ဟု မြတ်မိုးသူကပြောသည်။

ထို့အပြင်သျှမ်းပြည်နယ်လွှတ်တော်အစည်းအဝးကျင်းပနေစဉ် သတင်းယူခွင့်နှင့် ပတ်သက်၍ လက်ရှိတွင် အစိုးရမီဒီယာနှင့် နာမည်ကြီး မီဒီယာ အချို့ကိုသာ အစည်းအဝေးခန်းမအတွင်း ဝင်ရောက်ရိုက်ကူးပြုနေသော်လည်း တခြားမီဒီယာ များကို မီဒီယာအခန်းမှနေ၍ သတင်းဓါတ်ပုံ ရယူစေခြင်းများပြုလုပ်ခဲ့သည်ဟု ဆိုသည်။

“လွှတ်တော်ထဲမှာ သတင်းရယူဖို့က ဓါတ်ပုံတို့၊ ဗီဒီယိုတို့ရိုက်ဖို့ အရမ်းခက်ခဲတယ်။ အဟန့်အတား ဖြစ်တယ်။ သူတို့သတ်မှတ်ထားတဲ့ မီဒီယာ အခန်းမှာ ပဲထိုင်ပြီးတော့မှတီဗီကနေကြည့်ပြီးတော့မှ သတင်းအချက် အလက်တွေယူရတာဆိုတော့ ရုပ်သံ သတင်းသမားတွေအတွက် အကြီးမားဆုံးအခက်အခဲပဲ။ ရုပ်ထွက်က မှုန်ဝါးဝါးနဲ့ အသံတွေကလဲ မကြည်ဘူး။ အချက်အလက် ကိန်းဂဏာန်း အမှားအယွင်းတွေ ရှိနိုင်တယ်” ဟု တောင်ကြီး အခြေစိုက် The People’s Voice မှ အယ်ဒီတာ ခွန်ရာဇာကပြောသည်။

သျှမ်းပြည်နယ်လွှတ်တော်သည် ပထမအကြိမ်လွှတ်တော်သက်တမ်းတွင်လည်း ယခုလိုခွဲခြားမှုများ၊ ကန့်သတ် မှုများရှိခဲ့ပြီးလူထုအစိုးရတက်လာပြီးနောက် ဒုတိယအကြိမ်လွှတ်တော်သက်တမ်းတွင်လည်း ပြောင်းလဲနိုင်ခဲ့ခြင်း မရှိပေ။ ထို့ကြောင့် သျှမ်းပြည်နယ်လွှတ်တော်အတွင်း သတင်းယူခွင့်သည် တခြားတိုင်းနှင့်ပြည်နယ်များ လွှတ်တော်များထက် ဆိုးရွားသည်ဟု တောင် ကြီး မြို့အခြေစိုက် သတင်းသမား စည်သာဟိန်းကပြောသည်။

“လွှတ်တော်ပထမအကြိမ်တုန်းကလိုပဲ ဒုတိယအကြိမ်မှာလဲ သိပ်ပြီးပြောင်းလဲမှုမရှိဘူး။ အဖြေလွှာတွေတောင်း တာလည်းမရဘူး။ အင်တာဗျူးလုပ်ရတာလည်းခက်ခဲတာပေါ့။ တစ်ခြားပြည်နယ်နဲ့တိုင်းတွေထက်စာရင် တအားဆိုးတယ်လို့ မြင်ပါတယ်” ဟု ၎င်းကပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လုံခြုံမှု ကင်းမဲ့သွားတဲ့ သတင်းသမားတွေရဲ့ ဘဝ

0
“သတင်းလုပ်ငန်းကို လွတ်လွတ်လပ်လပ် လုပ်ကိုင်လို့မရဘူး။လုံခြုံတယ်လို့ ခံစားရတဲ့ နေရာမျိုးမှာပဲ ပုန်းခိုပြီး သတင်းလုပ်ကိုင်ရတယ်” ဒီစကားကို သျှမ်းပြည်မြောက်ပိုင်းက ပြည်တွင်းသတင်းထောက် မသူဇာ (အမည်လွှဲ) က လုံခြုံတဲ့နေရာတစ်ခုမှ နေပြီး ပြန်ပြောပြနေတာ ဖြစ်ပါတယ်။ . သျှမ်းပြည်မြောက်ပိုင်းမှာ စစ်ကောင်စီအပြင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဝင်များစွာရှိပြီး သူတို့ရဲ့ရန်ကိုလည်း ကြောက်ရွံ့နေရတာ ဖြစ်ပါတယ်။ မသူဇာက “ဒါကြောင့် ခါတိုင်းထက်...

ထိုင်းဝန်ကြီးချုပ် အဖြစ် ရေပန်းစားနေတဲ့ ဖိထား လင့်ဂျရုန်းရတ် မဲခွဲဆုံးဖြတ်ရာမှာ အောင်မြင်မှုမရ

0
ထိုင်းနိုင်ငံ ဝန်ကြီးချုပ်အသစ်အတွက်နာမည်ကြီးနေတဲ့ Move Forward Party ခေါင်းဆောင် ဖိထား လင့်ဂျရုန်းရတ် ကို လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်ရာမှာ သတ်မှတ်ထားတဲ့ မဲပမာဏ မပြည့်တဲ့အတွက် ရှုံးနိမ့်ခဲ့ပါတယ်။ ဝန်ကြီးချုပ်ဖြစ်ဖို့အတွက် လွှတ်တော်ကသတ်မှတ်ထားတဲ့ မဲပမာဏက (၃၇၆) မဲ ဖြစ်ပြီး ကနေ့လွှတ်တော်အမတ် ၇၀၀ ကျော်က ဝင်ရောက်...

မြန်မာနိုင်ငံတွင်း သတင်းသမားများ လုံခြုံမှု မရှိ

0
ယခုနှစ် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့ထိ မြန်မာနိုင်ငံတွင်း စစ်ကောင်စီက သတင်းထောက် ၄၂ ဦးကို ထောင်ဒဏ်ချမှတ်ခဲ့ကြောင်း နယူးယောက် အခြေစိုက် သတင်းသမားများ ကာကွယ်ရေးကော်မတီ CPJ ၏ အစီရင်ခံစာ ထုတ်ပြန်ချက်အရ သိရသည်။ မြန်မာနိုင်ငံအတွင်းတွင်လည်း စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သတင်းထောက်များကို...
တရုတ် အမေရိကန်

တောင်ပိုင်းထိုးစစ် ပြဿနာပေါင်းစုံ ပြည့်နှက်နေတဲ့ သျှမ်းပြည်နယ်အတွက် တရုတ်ရဲ့ဩဇာက ဘယ်လို အကျိုး သက်ရောက်မှု ဖြစ်စေမလဲ

0
တရုတ်ပြည်နယ်စပ် သျှမ်းတောင်တန်းတွေမှာ ကမ္ဘာ့မဟာအင်အားကြီး နိုင်ငံတွေ ဘယ်လောက်ခြေရှုပ် နေကြသလဲ။ မြန်မာနိုင်ငံရဲ့ ပိုမိုဆိုးဝါးလာတဲ့ အခက်အခဲကို တကမ္ဘာလုံးက အာရုံစိုက်နေချိန်မှာ   စစ်အုပ်စုရဲ့ စစ်တပ်နဲ့ ပြည်သူ တွေကြားက ပဋိပက္ခကို အဓိကအာရုံစိုက်နေခြင်းဖြစ်တယ် သျှမ်းပြည်နယ်ရဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းတွေကြားမှာ ကြမ်းတမ်းတဲ့ ရန်လိုမှုတွေဖြစ်နေတာ မယုံနိုင်စရာပါဘဲ။ SSPP /...

သျှမ်းပြည်တွင် Stay at home (၉)မြို့နယ် ကိုဗစ်လူနာ (၁)သောင်းကျော်၊ သေဆုံးသူ (၂၀၀)ကျော်ရှိ

0
သျှမ်ပြည်နယ်တွင် ကိုဗစ်ကူးစက်ပျံ့နှံ့မှု မြင့်တက်နေပြီး သေဆုံးလူနာများလည်း နေ့စဉ် ရှိနေသည်။ ပြီးခဲ့သည့် ဇူလိုင် (၂၅)ရက်တွင် စစ်ကောင်စီလက်အောက် ကျန်းမာရေးဝန်ကြီးဌာနမှ သျှမ်းပြည်တောင်ပိုင်းရှိ မြို့နယ် (၃)ခုကို Stay at home မြို့နယ်အဖြစ် သတ်မှတ်လိုက်သည့်အတွက် သျှမ်းပြည်တွင် Stay at home သတ်မှတ်ထားသည့်မြို့နယ် (၉)မြို့နယ်အထိ...