ထိုင်းဝန်ကြီးချုပ် အဖြစ် ရေပန်းစားနေတဲ့ ဖိထား လင့်ဂျရုန်းရတ် မဲခွဲဆုံးဖြတ်ရာမှာ အောင်မြင်မှုမရ

ထိုင်းနိုင်ငံ ဝန်ကြီးချုပ်အသစ်အတွက်နာမည်ကြီးနေတဲ့ Move Forward Party ခေါင်းဆောင် ဖိထား လင့်ဂျရုန်းရတ် ကို လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်ရာမှာ သတ်မှတ်ထားတဲ့ မဲပမာဏ မပြည့်တဲ့အတွက် ရှုံးနိမ့်ခဲ့ပါတယ်။

Photo – Credit

ဝန်ကြီးချုပ်ဖြစ်ဖို့အတွက် လွှတ်တော်ကသတ်မှတ်ထားတဲ့ မဲပမာဏက (၃၇၆) မဲ ဖြစ်ပြီး ကနေ့လွှတ်တော်အမတ် ၇၀၀ ကျော်က ဝင်ရောက် မဲခွဲဆုံးဖြတ်ရာမှာ (၃၂၀) ကျော် သာ ထောက်ခံမဲရရှိခဲ့ပြီး ကန့်ကွက်မဲ (၁၄၈) မဲ၊ အထက်လွှတ်တော်ကိုယ်စားလှယ်မဲ (၁၂) မဲ နဲ့ ကြားနေမဲ (၁၉၈) မဲ ရှိခဲ့ပါတယ်။

စစ်တပ်က ခန့်အပ်ထားတဲ့ အထက်လွှတ်တော် အမတ် (၂၅၀) ထဲက အမတ် (၂၁၆) ဦးပဲ လွှတ်တော် တက်ရောက်ခဲ့တာဖြစ်ပါတယ်။

ထိုင်းဘုရင်စနစ်ကို အကာအကွယ်ပေးထားတဲ့ ဥပဒေကို ပြင်မယ်လို့ ကြုံးဝါးထားတဲ့ Move Forward Party ခေါင်းဆောင် ဖိထား ကို ထိုင်းဒီမိုကရေစီစနစ်ကို ဖျက်လိုဖျက်ဆီး လုပ်နေတယ်ဆိုပြီး စစ်တပ်ရဲ့အထက်လွှတ်တော်အမတ်တွေက စွပ်စွဲပြီး တခြားသောအမှုတွေတဲ့ အရေးယူဖို့ လုပ်နေကြတာဖြစ်ပါတယ်။

ဒါ့အပြင် ဖိထား လင့်ဂျရုန်းရတ် ကို ဖျက်သိမ်းခံရပြီဖြစ်တဲ့ မီဒီယာကုမ္ပဏီ တစ်ခုမှာ အစုရှယ်ယာဝင်ထားသူဖြစ်လို့ ရွေးကောက်ပွဲ စည်းကမ်းကို ဖောက်ဖျက်တယ်၊ ရွေးကောက်ပွဲမှာ ပါဝင်ဖို့ အရည်အချင်း မပြည့်မှီဘူး ဆိုပြီး အစိုးရဟောင်းအဖွဲ့က ဝိုင်းပြီး တိုင်ကြားတာတွေလည်း ရှိနေပါတယ်။

ပြီးခဲ့တဲ့မေလက ရွေးကောက်ပွဲမှာမဲအများဆုံးနဲ့အနိုင်ရခဲ့တဲ့ ဖိထားတို့ပါတီကို ဝန်ကြီးချုပ်ဖြစ်ခွင့်မပေးတဲ့အပေါ် ထိုင်းလူထုတရပ်လုံးက မကျေမချမ်းဖြစ်နေကြပြီး လူထုအုံကြွမှုကိုကာကွယ်ဖို့အတွက် ကနေ့ညနေပိုင်းမှာတော့ ထိုင်းနိုင်ငံမြို့ကြီးတော်တော်များများရဲ့ လူစုလူဝေးဖြစ်လွယ်မယ့်နေရာတွေမှာ ထိုင်းရဲတွေက လုံခြုံရေးတိုးမြင့်ချထားတာတွေလည်း မြင်တွေ့နေရပါတယ်။

ဖိထားအနေနဲ့ လက်ရှိ လွှတ်တော်မှာ ဝန်ကြီးချုပ်ဖြစ်ရေးမဲပမာဏမမှီပေမယ့် ကန့်ကွက်မဲထက် မဲများနေတာကြောင့်လာမယ့် ၁၉ ရက်နေ့မှာလည်း ယခုလိုအလားတူ မဲခွဲမှုထပ်လုပ်ဉီးမယ်လို့လည်း သတင်းတွေထွက်နေပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

အာဏာသိမ်းသမ္မတအား ကြိုဆိုရန် ထိုင်းဝန်ကြီးချုပ်ပြင်ဆင်နေ

0
အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင်အနေဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ထိုင်းဝန်ကြီးချုပ်၏ ဖိတ်ကြားချက်အရ လာရောက်မည်ဖြစ်ပြီး ခရီးစဉ်အတွက် ထိုင်းဝန်ကြီးချုပ် အနုတင် ချာန်ဗီရာကူးလ်မှ ထိုင်းအစိုးရအဖွဲ့ရုံးတွင် ကြိုဆိုရေးပြင်ဆင်မှုများကို ကိုယ်တိုင်စစ်ဆေးဆောင်ရွက်နေကြောင်း Khaosod သတင်းတွင်ဖော်ပြသည်။ လာမည့် ဩဂုတ်လ ၆ ရက်မှ ၇ ရက်ထိ လာရောက်မည့်ခရီးစဉ်သည် အာဏာသိမ်း...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

ရနောင်းတွင် မြန်မာနိုင်ငံသားပိုင် ဘတ်သန်း ၅၀ တန် မှောင်ခိုပစ္စည်းဂိုဒေါင်ကြောင့် ဝန်ကြီးချုပ် ထိတ်လန့်တုန်လှုပ်

0
ထိုင်းဝန်ကြီးချုပ် အနုတင် (Anutin Charnviraku) သည် ရနောင်းပြည်နယ်အတွင်းရှိ မြန်မာနိုင်ငံသားတစ်ဦးပိုင်ဆိုင်သော ဘတ်သန်း ၅၀ တန်ဖိုးရှိ မှောင်ခိုလျှပ်စစ်ပစ္စည်းများ သိုလှောင်ထားသည့် တရားမဝင်ဂိုဒေါင်တစ်ခုကို ကိုယ်တိုင်သွားရောက် စစ်ဆေးခဲ့ကြောင်း ဘန်ကောက်ပို့စ်တွင် ဖော်ပြသည်။ ယမန်နေ့ (မေလ ၁၀ ရက်) က ထိုင်းဝန်းကြီးချုပ်ဦးဆောင်သည့် အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများမှ...