လုံခြုံမှု ကင်းမဲ့သွားတဲ့ သတင်းသမားတွေရဲ့ ဘဝ

“သတင်းလုပ်ငန်းကို လွတ်လွတ်လပ်လပ် လုပ်ကိုင်လို့မရဘူး။လုံခြုံတယ်လို့ ခံစားရတဲ့ နေရာမျိုးမှာပဲ ပုန်းခိုပြီး သတင်းလုပ်ကိုင်ရတယ်” ဒီစကားကို သျှမ်းပြည်မြောက်ပိုင်းက ပြည်တွင်းသတင်းထောက် မသူဇာ (အမည်လွှဲ) က လုံခြုံတဲ့နေရာတစ်ခုမှ နေပြီး ပြန်ပြောပြနေတာ ဖြစ်ပါတယ်။

.

သျှမ်းပြည်မြောက်ပိုင်းမှာ စစ်ကောင်စီအပြင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဝင်များစွာရှိပြီး သူတို့ရဲ့ရန်ကိုလည်း ကြောက်ရွံ့နေရတာ ဖြစ်ပါတယ်။

နိုင်ငံခြားသား သတင်းသမားတစ်ဦး သတင်းယူစဥ်

မသူဇာက “ဒါကြောင့် ခါတိုင်းထက် အစစအရာရာ သတိထားပြီး သတင်းလုပ်ငန်းတွေ လုပ်ကိုင်နေရပါတယ်ရှင့်” လို့ပြောပါတယ်။

လက်ရှိ နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် သတင်းသမားများရဲ့ လုံခြုံရေးကို ခြိမ်းခြောက်ခံနေရကြပြီး၊ နေ့စဉ် ဖမ်းဆီးမှုများနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရတာ ဖြစ်ပါတယ်။ အများစုမှာ ကိုယ့်ကိုကိုယ် သတင်းထောက်လို့ မပြောဆိုရဲကြတော့ပဲ သာမာန်ဘဝနဲ့သာ ဇာတ်မြှုပ်နေထိုင်နေကြရတာ ဖြစ်ပါတယ်။

မသူဇာက “ သတင်းသမားတွေ နှိမ်နင်းခံနေရတယ်၊ ဖမ်းဆီးခံရတယ်၊ ဖမ်းဝရမ်း တွေထုတ်ခံရတယ်၊ ပြေးရတယ် လွှားရတယ် ကိုယ့်ကိုယ်ကို သတင်းသမားလို့ မမိတ်ဆက်ရဲဘူး အဲလိုမျိုး ဖြစ်နေတာဆိုတော့ သတင်းလွတ်လပ်ခွင့်ဆိုတာ မရှိဘူးလို့ပဲ ပြောချင်တယ်” လို့ ပြောပါတယ်။

သတင်းသမားများ

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှစပြီး ပြည်တွင်းသတင်း မီဒီယာလွတ်လပ်ခွင့်မှာ တစ်စထက်တစ်စ ကျဆင်းယိုယွင်းလာခဲ့တာ ဖြစ်ပါတယ်။ Committee to Protect Journalists (CPJ) (သတင်းသမားများ ကာကွယ်ရေး ကော်မတီ) အဖွဲ့ရဲ့ ထုတ်ပြန်ချက်များအရ အာဏာသိမ်းပြီးနောက်ပိုင်း သတင်းထောက်များကို ထောင်ဒဏ်ချမှတ်ရာမှာ မြန်မာနိုင်ငံဟာ တတိယ အဆိုးရွားဆုံး နိုင်ငံဖြစ်လာခဲ့ပါတယ်။ ဒီလို သတင်းထောက်များကို စစ်ကောင်စီမှ ဖမ်းဆီးနှိပ်စက်မှုကြောင့် ပြည်တွင်းသတင်းသမားများမှာ မှောင်ခိုဖြင့် သတင်းအလုပ်ကို လုပ်ကိုင်နေကြရတာ ဖြစ်ပါတယ်။

ပြည်တွင်းမှ သတင်းထောက် အလုပ်ကိုလုပ်နေသူ ကိုရှမ်းလေး (အမည်လွှဲ) က “ ကိုယ့်ကိုယ် သတိထားပြီး နေနေရတာပေါ့။ အလုပ်လည်း ခိုးပြီး လုပ်ကိုင်နေရတာပေါ့။ ခရီးတစ်ခု သွားရင်လည်း ဖုန်းထဲက ဒေတာတွေ ဖျက်သွားရတယ်။ လုံခြုံမှုတော့ မရှိဘူးပေါ့။ ဘယ်သွားသွား သတိနဲ့ပဲ သွားလာပြီး သတင်းတွေ အမြဲနားထောင်နေရတာ” လို့ ပြောပါတယ်။

ဆန္ဒပြစဥ် မြင်တွေ့ရသည့် သတင်းသမားများ

အာဏာသိမ်းပြီးနောက်ပိုင်းတွင် သတင်းသမားများဟာ သတင်းယူရန် အခက်ခဲများစွာရှိပြီး လမ်းခရီး အသွားအလာများ၊ မြို့တွင်းသတင်းယူမှုများ၊ ဖုန်းခေါ်ဆိုမှုများ စတဲ့နည်းတွေနဲ့ သတင်းယူရာတွင်လဲ အန္တရာယ်များ ကြုံတွေ့နေကြရတာဖြစ်တယ်လို့ မသူဇာက ဆက်ပြောပါတယ်။

“မသက်သာလို့ အခြေနေ အကြောင်းကြောင့် မြို့တွေထဲသွားမယ်ဆိုရင် ယုံကြည်ရလောက်တဲ့ သူတွေကို လမ်းခရီးအခြေအနေတွေ အရင်စုံစမ်းခိုင်းပြီးမှပဲ သွားတယ်။ ခရီးထွက်ရင်တော့ အရမ်းဒုက္ခ ရောက်ရပါတယ်။ ဘာလို့ဆို ဖုန်းထဲက အချက်အလက်တွေ သိမ်းရပြုရနဲ့ အလုပ်အရမ်း ရှုပ်ရပါတယ်။ ဖုန်းတစ်လုံးပဲ ကိုင်တော့ ဖျက်ရဝှက်ရ အဲ့အတွက်နဲ့တင် အချိန်တော်တော်ပေးရတယ်” ကိုယ်ပိုင်သုံး Social Media အကောင့်များကိုလည်း လုံခြုံအောင် လုပ်ထားရပြီး၊ အချက်အလက်များကိုလည်း ခရီးမသွားခင် ရှင်းလင်းမှုများ အမြဲလိုလိုလုပ်ဆောင်နေကြရတာဖြစ်ပါတယ်။

လူငယ်များ စစ်ကောင်စီကို ဆန္ဒပြ

ဖမ်းဆီးမှုများကြောင့် သတင်းသမားများရဲ့ ဘဝဟာ လုံခြုံမှု မရှိတော့ဘဲ နေထိုင်မှုအထိ သက်ရောက်မှုတွေ ကြုံတွေ့နေပါတယ်။ အခြေအနေ အမျိုးမျိုးကြောင့် ဖမ်းဆီးထိန်းသိမ်းခံရနိုင်ပြီး ပြည်တွင်းသတင်းထောက်များဟာ လွှတ်ရာပြေးဖို့အတွက် အမြဲအဆင်သင့် ဖြစ်အောင် ပြင်ဆင်နေကြရတာဖြစ်ပါတယ်။ ကိုရှမ်းလေးက“ အဲ့လိုကိုယ့်အတွက် လုံခြုံမှုလုံးဝ မရှိဘူး။ သွားဖို့လာဖို့ကော သတင်းယူဖို့အတွက်လဲ တော်တော်ကို ခက်ခဲတယ်။ ပြီးတော့ နေဖို့ထိုင်ဖို့လဲ လုံခြုံမှုမရှိဘူးပေါ့နော်။ တော်တော်လေးလဲ သတိထားရတယ်။ နေ့ကောညပါ မနက်ကစ ညအဆုံး အကုန်လုံး သတိထားပြီးသွားလာ နေထိုင်ရတယ်”လို့ပြောပါတယ်။

အာဏာမသိမ်းခင်မှာ စကစဖက်က တိုင်းရင်းသားဒေသတွေမှာ အမျိုးစုံ ဖိနှိပ်နေတာတွေရှိပေမဲ့ အာဏာသိမ်း ပြီးနောက်ပိုင်းမှာတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ မတရား ဖမ်းဆီးသတ်ဖြတ်ခံရမှုတွေ ပိုများလာပါတယ်။

ကိုရှမ်းလေးကလည်း “ဘာလို့ ဒီအလုပ်ကိုဆက်လုပ်နေသေးတာလဲဆိုတော့ ရှင်းရှင်းပြောရရင် ပြည်သူလူထုကို ကျနော်ချစ်တယ် အဲ့လိုမျိုး ဒီမီဒီယာတွေ မရှိတော့ရင် လူ့အခွင့်ရေးချိုးဖောက် တာတွေလဲပိုများလာမယ်။ ပြည်သူရဲ့ အသံ တိုင်းရင်းသားတွေရဲ့အသံ တွေက တယောက်ချင်းစီပဲ ထွက်မယ်ဆိုရင် အကျိုးသက် ရောက်မှုကမရှိဘူး။ အဲ့တော့ ပြည်သူလူထုရဲ့ အသံကို ကိုယ်စားပြုအောင် ဆက်လက်ပြီးတော့ လုပ်နေတာပါဗျ။” လို့ပြောပါတယ်။

လူငယ်များ စစ်ကောင်စီကို ဆန္ဒပြ

CPJ (သတင်းသမားများ ကာကွယ်ရေး ကော်မတီ) ထုတ်ပြန်ချက်အရမှာ ၂၀၂၂ ခုနှစ်တွင် ကမ္ဘာတဝန်း သတင်းထောက် ထောင်ချခံရသည့် အရေအတွက်သည် စံချိန်မြင့်တက်လာတယ်လို့ ဖော်ပြထားပါတယ်။

စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း မြန်မာနိုင်ငံတွင်း သတင်းသမား ၁၅၀ ကျော် ဖမ်းဆီးခံရပြီး ၃ ဦး သတ်ဖြတ်ခံထားရပြီး သတင်းတိုက် ၁၀ ခုကျော် လည်း ပိတ်သိမ်းခံထား ရကြောင်း ထုတ်ဖော်ရေးသားထားပါတယ်။

စစ်ကောင်စီရဲ့ ဖိနှိပ်မှုတွေကြောင့် သတင်းမီဒီယာတွေ ပျောက်ကွယ်သွားမယ်ဆိုရင် အရင်ခေတ် ကလိုမျိုး ပြည်သူများ သတင်းအမှောင်ခေတ်ကို ပြန်ရောက်သွားမှာ ဖြစ်တဲ့အတွက် သတင်းသမားများဟာ မိမိအသက်ကို ပဓာန မထားဘဲ ပြည်သူ့အကျိုးအတွက် အသက်အန္တရာယ်ကြားက သတင်းများ ဆက်လက်ရေးသား ဖော်ပြနေကြပါတယ်။

ဒါကြောင့် မီဒီယာဟာ အရေးပါတဲ့ စတုတ္ထမဏ္ဍိုင် တစ်ခုဖြစ်နေဆဲဖြစ်ပြီး ဖိနှိပ်ခံရမှုတွေ မတရားဖမ်းဆီးမှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို ဖော်ထုတ်ရာမှာ အရေးပါတဲ့ နေရာမှာရှိပါတယ်။

ဖမ်းဆီးမှုတွေ ရှိနေပေမယ့် သတင်းသမားအလုပ်ကို မကြောက်ဘဲ ဆက်လက်လုပ်ကိုင်လိုကြောင်း မသူဇာကပြောပါတယ်။

“ဒါကြောင့်မို့ ကျွန်မတို့ဒေသ ကျွန်မတို့ လူမျိုး ကျွန်မတို့ မိတ်ဆွေတွေ ဒီလို မတရားဖိနှိပ်ခံရတဲ့ ဘဝကနေ လွတ်မြောက်ဖို့အတွက်ဆိုရင် ကျွန်မတို့မှာ တာဝန်ရှိတယ်လို့ ခံစားရတယ် ဒါကြောင့် အသက် အန္တရာယ်ကြား စိန်ခေါ်မှုများစွာကြားကနေပဲ ဒီအလုပ်ကို ဆက်လုပ်နေတာပေါ့”

ဆောင်းပါးရှင် – လင်းလင်း

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းပြည်တွင်း စိုးရိမ်ဖွယ်ရာ လိင်နှင့်ဂျဲန်ဒါ အကြမ်းဖက်မှုပုံစံများ ဖြစ်ပွားနေဟု ‘စွမ်း’ ထောက်ပြ

0
သျှမ်းပြည်တစ်ဝှမ်း လိင်နှင့် ဂျဲန်ဒါ အခြေပြု အကြမ်းဖက်မှု (SGBV) ပုံစံများ စိုးရိမ်ဖွယ်ရာ ဖြစ်ပွားနေကြောင်း ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှား ဆောင်ရွက်ရေးအသင်း (စွမ်း) က အစီရင်ခံစာ အသစ်တစ်စောင် ထုတ်ပြန်လိုက်သည်။ ယနေ့ (ဇူလိုင်လ ၃၀ ရက်) တွင် ထုတ်ပြန်သည့် “အကြမ်းဖက်မှုကို ရင်ဆိုင်ရချိန်တွင်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...