နိုင်ငံရေးစားပွဲဝိုင်းတွင် အဖြေရှာရန် နည်းလမ်းမရှိတော့ခြင်းကြောင့် စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်ရတော့မည်ဟု SSPP/SSA ဒုဥက္ကဋ္ဌပြော

နိုင်ငံရေးစားပွဲဝိုင်းတွင် အဖြေရှာရန် နည်းလမ်းမရှိတော့ခြင်းကြောင့် စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်ရတော့မည်ဟု ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ဒုဥက္ကဋ္ဌဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး ခွန်ဆိုင်က ပြောဆိုလိုက်သည်။

ယနေ့ (မေလ ၃ ရက်) တွင် SSPP/SSA ဒုဥက္ကဋ္ဌဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး ခွန်ဆိုင်က
စစ်မှန်သည့် ပြည်ထောင်စု ဒီမိုကရေစီ နိုင်ငံတော် ရရှိရန်နှင့် စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ရန်အတွက် တော်လှန်ရေး တပ်ဖွဲ့များ အပါအဝင် ပြည်သူလူထုအားလုံး ကြိုးစားတိုက်ပွဲဝင်ကြရန် တိုက်တွန်းပြောဆိုလိုက်ကြောင်း SSPP Info က သတင်းထုတ်ပြန်သည်။

“စစ်ကောင်စီတွေ အာဏာသိမ်းပြီး နောက်မှာလည်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခြေအနေဟာ စားပွဲဝိုင်းပေါ် ဆွေးနွေးညှိနှိုင်း အဖြေရှာဖို့ နည်းလမ်းတွေ လုံးဝ မဖြစ်နိုင်တော့တဲ့ အနေအထား ဖြစ်ခဲ့ပါတယ်။ အခြေအနေ လုံးဝ မပေးနိုင်တော့တဲ့အဆုံး လက်နက်ကိုင် တော်လှန်မယ့် လမ်းစဉ်ကို ရွေးချယ်ခဲ့ရတာ ဖြစ်ပါတယ်” ဟု SSPP/SSA ဒုဥက္ကဋ္ဌဖြစ်သူ ဒုတိယ ဗိုလ်ချုပ်ကြီးခွန်ဆိုင်က SSPP Info တွင် ပြောဆိုထားသည်။

စစ်မှန်သည့် ပြည်ထောင်စု နိုင်ငံတော် တည်ဆောက်ရန် ချုပ်ဆိုခဲ့သည့် “ပင်လုံစာချုပ်”ကို မဟာလူမျိုးကြီးဝါဒ ကျင့်သုံးသည့် စစ်အုပ်စု အဆက်ဆက်က လျစ်လျူရှု ပစ်ပယ်ခဲ့ပြီး တစ်ပြည်ထောင်စနစ် တည်ဆောက်ခဲ့ခြင်းကြောင့် ယခုလို ဆုံးဖြတ်ရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“တွေဝေနေလို့ မဖြစ်တော့ပါဘူး ၊ အခု ကျနော်တို့ ဖြစ်ချင်တာက နိုင်ငံရေး ပြဿနာကို နိုင်ငံရေး နည်းလမ်းနဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာတာ ဖြစ်ပါတယ်။ အခုချိန်မှာတော့ အဖြေရှာဖို့ လမ်းစဉ်ဟာ လုံးဝ မရှိတော့ပါဘူး၊ ဒါ့ကြောင့် တိုက်ပွဲ ဖြစ်ရပါတော့မယ်။ မနက်ဖန် စစ်မဖြစ်ချင်ရင် ဒီနေ့ စစ်ဖြစ်ရပါမယ်။ မနက်ဖန် အခက်မကြုံဖို့အတွက် ဒီနေ့ ရုန်းကန်ရပါမယ်”ဟု SSPP/SSA ဒုဥက္ကဋ္ဌဖြစ်သူ ဒုတိယ ဗိုလ်ချုပ်ကြီးခွန်ဆိုင်က ဆက်ပြောသည်။

SSPP/SSA ၏ ဒုဥက္ကဋ္ဌဖြစ်သူ ဒုတိယ ဗိုလ်ချုပ်ကြီးခွန်ဆိုင် ၏ ယခုပြောဆိုချက်သည် ပြီးခဲ့သည့် ဧပြီလ ၂၄ ရက်က ဝမ်ဟိုင်းဌာနချုပ်တွင် သျှမ်းပြည်တပ်မတော် SSA ထူထောင်ခြင်း နှစ် (၆၀) ပြည့် အခမ်းအနားပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။

၎င်းအခမ်းအနားသို့ ညီနောင်မဟာမိတ် အဖွဲ့ဝင်ဖြစ်သည့် ရခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/AA) ၏ ဒုစစ်ဦးစီးချုပ်ဖြစ်သူ ဒေါက်တာညိုထွန်းအောင်လည်း တက်ရောက်ခဲ့ပြီး ပြောင်းလဲလာသည့် နိုင်ငံရေး၊ စစ်ရေး ရေစီးကြောင်းတွင် ကိုယ့်လူမျိုး၊ ကိုယ့်ဒေသအတွက် အကျိုးဖြစ်ထွန်းအောင် လုပ်ဆောင်ကြရန် ဂုဏ်ပြုအမှာစကားတွင် ထည့်သွင်းပြောကြားသွားခဲ့သည်။

ထို့အပြင် SSPP/SSA တပ်ဖွဲ့အနေဖြင့် နယ်ချဲ့စနစ်၊ အာဏာရှင်စနစ်နှင့် အရင်းရှင်စနစ်တို့ကို တိုက်ဖျက်ပြီး မဟာလူမျိုးကြီးဝါဒနှင့် ကျဉ်းမြောင်းသော ကိုယ့်လူမျိုးရေးဝါဒတို့ကိုလည်း ဆန့်ကျင်ကာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို ဆက်လက်လျှောက်လှမ်း သွားမည်ဖြစ်ကြောင်း အခမ်းအနားတွင် ဗိုလ်မှူးစိုင်းဖုန်းဟန်က ပြောဆိုသွားခဲ့သည်။

အဆိုပါသတင်းနှင့်ပတ်သက်ပြီး သျှမ်းသံတော်ဆင့်အနေဖြင့် SSPP ပြန်ကြားရေးဌာနကို သီးသန့်ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း ဖြေကြားခြင်းမရှိပေ။

အလားတူ ဧပြီလ ၂၈ ရက်တွင် SSPP/SSA တပ်ဖွဲ့၏ ရွှေလီဒေသ ကွပ်ကဲရေးတပ်မ (၉၈၉) မှ မူဆယ်မြို့နယ်အတွင်း ပြန်ပေးဆွဲခြင်း၊ လူသတ်လုယက်မှုနှင့် ခိုးဆိုးလုနှိုက် ဓါးပြတိုက်မှု စသည့် မကောင်းမှု ဒုစရိုက်လုပ်ငန်း လုပ်ကိုင်နေသူများကို လူမျိုးဘာသာမရွေး ထိရောက်စွာ တားဆီးနှိမ်နှင်းသွားမည်ဟုလည်း ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

မိုးမိတ်မြို့အနီး ၂ ရက်ဆက် တိုက်ပွဲပြန်ဖြစ်၊ စစ်ရေးဆက်လက်တင်းမာနေ

0
သျှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့အနီးတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နင့် စစ်ကော်မရှင်တပ် တို့ အကြား တိုက်ပွဲပြန်လည်ဖြစ်ပွားနေပြီး စစ်ရေး ဆက်လက်တင်းမာနေကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (ဩဂုတ်လ ၁၁ ရက်) မွန်းလွဲ ၁ နာရီခန့်မှစတင်ကာ မိုးမိတ်မြို့နှင့် ၂ မိုင်ခန့်အကွာရှိ ညောင်နီကျေးရွာ အနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ ယမန်နေ့(...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

ဖယ်ခုံမြို့နယ် တိုက်ပွဲပြန်ပြင်းထန်နိုင် ဒေသခံ နှင့် စစ်ရှောင်များ သတိထားရန်လိုအပ်

0
သျှမ်းပြည် တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီတပ် နှင့် တော်လှန်ရေးပူးပေါင်းတပ်များအကြား မကြာမီ တိုက်ပွဲများ ပြန်လည်ပြင်းထန်ဖြစ်ပွားလာနိုင်သဖြင့် ဒေသခံများနှင့် စစ်ဘေးရှောင်ပြည်သူများ သတိထားနေထိုင်ရန် လိုအပ်ကြောင်း သတင်းရရှိသည်။ လက်ရှိတွင် ဖယ်ခုံမြို့နယ် တောင်စလုံးနှင့် မြောက်စလုံးကျေးရွာအနီး၌ စစ်ကောင်စီတပ်များ တပ်အထိုင်ချထားပြီး ဘုန်းကြီးကျောင်းများတွင်လည်း လှုပ်ရှားမှုများ ရှိနေကြောင်း၊ စစ်ရေးအခြေအနေ တင်းမာနေသဖြင့်...