Saturday, May 4, 2024

ဆီဆိုင်မြို့နယ် အမျိုးသမီးတစ်ဦး လက်နက်ကြီးထိမှန်

Must read

သျှမ်းပြည် ဆီဆိုင်မြို့နယ်တွက် စစ်ကောင်စီမှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

သျှမ်းပြည် ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာတစ်ရွာတွင် ယမန်နေ့ ( ဧပြီလ ၂၄) ရက် နံနက် ၇ နာရီဝန်းကျင်၌ စစ်ကောင်စီမှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် တောင်ယာခြံသို့ သွားနေသည့် အမျိုးသမီး “မွိုးကဲ့” ကို လက်နက်ကြီး ထိမှန်၍ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း PNLA မှ ထုတ်ပြန်ထားသည်။

“နောင်ကျောရွာက မွိုးဖြားလို့ ကြားမိတယ်။ထိတာကတော့ ၆၆ နှစ် အမျိုးသမီးတစ်ဦး ထိသွားတယ်။ အဲ့ဒါ မနေ့ မနက်လောက်ကပေါ့။”ဟု ဆီဆိုင်မြို့နယ် ဒေသခံတစ်ဦးက ပြောသည်။

သျှမ်းပြည် တောင်ပိုင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) မဟာမိတ် ပူးပေါင်း တော်လှန်‌ရေး တပ်ပေါင်းစုများ နှင့် စစ်ကောင်စီ တို့အကြား ၃ လအကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် အရပ်သား ၆၀ ကျော် သေဆုံး ပြီး ထိ ခိုက်ဒဏ်ရာရှိသူ ၈၀ ဝန်းကျင် အထိ ရှိနေကြောင်း စုံစမ်းသိရသည်။

Leave a Comments

- Advertisement -spot_img

Latest article