Friday, May 3, 2024

လက်နက်ကြီးထိမှန်

ဆီဆိုင်မြို့နယ် အမျိုးသမီးတစ်ဦး လက်နက်ကြီးထိမှန်

သျှမ်းပြည် ဆီဆိုင်မြို့နယ်တွက် စစ်ကောင်စီမှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ သျှမ်းပြည် ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာတစ်ရွာတွင် ယမန်နေ့ ( ဧပြီလ ၂၄) ရက် နံနက် ၇ နာရီဝန်းကျင်၌ စစ်ကောင်စီမှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် တောင်ယာခြံသို့...

ဆီဆိုင်မြို့နယ် ဒေသခံ ၁၅ ဦးထက်မနည်း လက်နက်ကြီးထိမှန်

သျှမ်းပြည် ဆီဆိုင်မြို့နယ်အတွင်း စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် PNO အဖွဲ့တို့ ပစ်ခတ်သည့် လက်နက်ကြီး၊ လက်နက်ငယ်များကြောင့် ဒေသခံ ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ ယနေ့ (ဖေဖော်ဝါရီ ၁၉ ရက်) နံနက် ၆ နာရီခွဲဝန်းကျင်တွင် စစ်ရှောင်များ ဆီဆိုင်မြို့သို့ နေရပ်ပြန်ပြီး...

ပန်ဆိုင်းမြို့ လက်နက်ကြီးကျပေါက်ကွဲ အရပ်သား ၁ ဦးသေဆုံး၊ ၁ ဦးထိခိုက်ဒဏ်ရာရ

သျှမ်းပြည် ပန်ဆိုင်းမြို့ (ကြူဂုတ်) ရှိ ရဲစခန်းအနီး လက်နက်ကြီးကျပေါက်ကွဲမှုကြောင့် အမျိုးသား တစ် ဦးသေဆုံးပြီး၊ အမျိုးသမီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ပန်ဆိုင်းမြို့ (ကြူဂုတ်) ရပ်ကွက် ၈ အတွင်းရှိ စစ်ကောင်စီ ရဲစခန်းအနီး၌ ယနေ့ (နိုဝင်ဘာ ၁ ) ရက်တွင်...

ပန်ဆိုင်းမြို့ စစ်တပ်စခန်း ဒရုန်းဖြင့်တိုက်ခိုက်ခံရ၊ စစ်ကောင်စီဘက်မှ လက်နက်ကြီးပစ်ခတ် တိုက်ပွဲပြင်းထန်နေ

သျှမ်းပြည် မူဆယ်ခရိုင် ပန်ဆိုင်းမြို့ (ကြူကုတ်) ရပ်ကွက် ၄ အနီးရှိ စစ်တပ်စခန်းကို ညီနောင်မဟာမိတ်အဖွဲ့ဝင် ကိုးကန့် MNDAA မှ ဒရုန်းဖြင့်လာရောက်တိုက်ခိုက်ပြီး စစ်ကောင်စီဘက်မှ လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်ကာ တိုက်ပွဲပြင်းထန် နေကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ (အောက်တိုဘာလ ၃၁ ရက်) နံနက်ပိုင်းအချိန်မှစပြီး ပန်ဆိုင်းမြို့...

နမ့်ဖတ်ကာ လမ်းမပေါ် လက်နက်ကြီးကျ အမျိုးသမီးအပါအဝင် လူငယ် ၃ ဦးသေဆုံး

သျှမ်းပြည် မူဆယ်-ကွတ်ခိုင် ပြည်ထောင်စုကားလမ်းပေါ်ရှိ နမ့်ဖတ်ကာကျေးရွာတွင် လက်နက်ကြီးတစ်လုံး ကျပေါက်ကွဲမှုကြောင့် အမျိုးသမီးအပါအဝင် လူငယ် ၃ ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ (အောက်တိုဘာလ ၃၀ ရက်) ညနေပိုင်း ၅ နာရီကျော်တွင် မူဆယ်-ကွတ်ခိုင် ပြည်ထောင်စုကားလမ်းပေါ်ရှိ နမ့်ဖတ်ကားကျေးရွာ မောရှမ်းစားသောက်ဆိုင် ရှေ့သို့...

လားရှိုးတွင် စစ်ကောင်စီ လက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦး ထိမှန်သေဆုံး၊ တစ်ဦး ဒဏ်ရာရ

သျှမ်းပြည် လားရှိုးမြို့နယ် ဟိုနမ့်ကျေးရွာတွင် စစ်ကောင်စီမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် အမျိုးသမီး တစ်ဦး ထိမှန်သေဆုံးပြီး အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (အောက်တိုဘာ ၂၅ ရက်) ညအချိန် ၁၁ နာရီခွဲခန့်က ဟိုနမ့်ရွာတွင် ကိုးကန့်တပ်ဖွဲ့ MNDAA စခန်းချသည်ဆိုကာ ကျေးရွာဘက်သို့ စစ်ကောင်စီတပ်မှ...

သိန္နီမြို့နယ် ကိုယ်ဝန်သည်တစ်ဦး လက်နက်ကြီး ထိမှန်

သျှမ်းပြည် လားရှိုးခရိုင် သိန္နီမြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီ တပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုယ်ဝန်သည် အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိကြောင်း စုံစမ်းသိရသည်။ ယနေ့ (အောက်တိုဘာလ ၉) ရက် နံနက်ပိုင်း ၁၀ နာရီဝန်းကျင်မှ စတင်ကာ သိန္နီမြို့နယ် ကွန်ကောက် ကျေးရွာအုပ်စု (ဢိူင်ႇၵုၼ်ၵွၵ်ႇ)၊...

မိုးဗြဲမြို့ စစ်ကောင်စီလက်နက်ကြီး တစ်ဖက်သတ်ပစ်ခတ် အမျိုးသမီးတစ်ဦး သေဆုံး

သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့တွင် ယနေ့ (ဇူလိုင် ၂၅) ရက် နေ့လည် ၃ နာရီ ဝန်းကျင်တွင် စစ်ကောင်စီ၏ တစ်ဖက်သတ် ရမ်းသမ်းပစ်ခတ်မှုကြောင့် အသက်ကြီးသည့် အမျိုးသမီး တစ်ဦး လက်နက်ကြီး ထိမှန်ပြီး သေဆုံးသွားကြောင်း စုံစမ်းသိရသည်။ အဆိုပါ အမျိုးသမီးသည် စစ်ကောင်စီ၏ လက်နက်ကြီး...

ပန်ဆိုင်းမြို့ လက်နက်ကြီးထိမှန်သည့် အမျိုးသမီး အခြေအနေစိုးရိမ်ရ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်းမြို့တွင် တိုက်ပွဲကြောင့် လက်နက်ကြီးထိမှန်ခဲ့သည့် အမျိုးသမီးသည် အခြေအနေစိုးရိမ်ရကြောင်း စုံစမ်းသိရှိရသည်။ ပန်ဆိုင်းမြို့တွင် လွန်ခဲ့သည့် အောက်တိုဘာ (၂၃)ရက်နေ့တွင် စစ်ကောင်စီနှင့် ကိုးကန့်တပ်မတော် (MNDAA)တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အမျိုးသမီး တစ်ဦး လက်နက်ကြီးထိမှန်ခဲ့ပြီး လက်ရှိမှာ မန္တလေးမြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြောင်း...

ကျောက်မဲ တိုက်ပွဲကြား ထွက်ပြေးလာချိန် အရပ်သား(၂)ဦး လက်နက်ကြီးထိမှန်

သျှမ်းမြောက် ကျောက်မဲမြို့နယ်တွင် တိုင်းရင်းသားလက်နက်ကိုင်တိုက်ပွဲကြား ထွက်ပြေးတိမ်းရှောင်နေစဉ် အရပ်သား (၂)ဦး လက်နက်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (သြဂုတ် ၂၆)ရက် ညနေ (၄)နာရီဝန်းကျင် တွင် ကျောက်မဲမြို့နယ် လွယ်ကုန်ကျေးရွာအနီး တိုင်းရင်းသားလက်နက်ကိုင်တပ်များဖြစ်သည့် RCSS/SSA နှင့် SSPP/SSA ၊ TNLA တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့်...

Latest news