နောင်ချို အင်အားဖြည့်စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်၊ အရပ်သားနေအိမ် ထိခိုက်ပျက်စီး

သျှမ်းပြည် နောင်ချိုမြို့နယ်သို့ အင်အားဖြည့်တင်းနေသည့် စစ်ကောင်စီတပ်နှင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဘက်တိုက်ပွဲကြား အရပ်သားနေအိမ် ထိခိုက်ပျက်စီးခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဩဂုတ်လ ၂၁ ရက်) နံနက်ပိုင်းတွင် နောင်ချိုမြို့နယ် တောင်ရှည်ကျေးရွာအုပ်စုသို့ ရောက်ရှိလာသည့် အင်အားဖြည့် စစ်ကောင်စီယာဉ်တန်းကို TNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်လျက် ရှိရာ တောင်းခမ်းကျေးရွာရှိ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၂) မှ ပစ်ကူလာသည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားနေအိမ် ထိခိုက်ပျက်စီးမှုရှိကြောင်း ဒေသခံများက ပြောသည်။

ပုံစာ – နောင်ချိုမြို့နယ် လက်နက်ကြီးထိမှန်မှုကြောင့် အရပ်သားနေအိမ် ပျက်စီးမှု

“စစ်ကားတွေက ကံကြီးကနေ ကျော်ပြီး တောင်ရှည် တောင်းခမ်းအထိ ရောက်သွားပြီ၊ တံတားကြီးကိုလည်း ကျော်သွားပြီ။ ယာဉ်တန်းကို TNLA နဲ့ ဓနုတပ်၊ PDF ပူးပေါင်းတပ်က ဝိုင်းတိုက်ကြတာ။ မပြီးသေးဘူး နေ့တိုင်း တိုက်ပွဲဖြစ်နေကြတာ၊ ဖုန်းလိုင်းကလည်း ဖြတ်ထားတာ။ မနေ့ကတော့ နားရှိုးဘက် လက်နက်ကြီးပစ်လို့ နေအိမ်ထိတယ်”ဟု နောင်ချိုမြို့နယ် ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နောင်ချိုမြို့နယ် တောင်းခမ်းနှင့် သရက်ချိုရွာတို့တွင် ရပ်စောက်မြို့ ကျောက်ဂူမှ အင်အားဖြည့်တင်းလာသည့် စစ်ကောင်စီတပ်နှင့် TNLA ပူးပေါင်းတပ်တို့ ၂ ရက်ဆက် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အလားတူ တောင်းခမ်းရွာအခြေစိုက် အမြောက်တပ် (မစခ-၉၀၂) တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် တစ်ကြိမ် လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

လက်ရှိတွင် နောင်ချိုမြို့ပေါ်တွင် တိုက်ပွဲများ ငြိမ်သက်နေသော်လည်း မြို့တောင်ဘက်ရှိ ရေဖြူ၊ ကံကြီး၊ ရွှေမုဋ္ဌော၊ တောင်းခမ်း၊ မဲပုတ်၊ နောင်ချိုလေး ကျေးရွာဘက်သို့ ဇူလိုင်လကုန်ပိုင်းက စတင်၍ TNLA ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်လျက် ရှိသည်။

“အခုက စစ်ရှောင်တွေ မပြန်ရဲဘူးဆိုတာ လေယာဉ်ပျံကြောက်လို့၊ ၁၅ ရက်နေ့က ယာယီဈေးထဲ လေယာဉ်နဲ့ ဗုံး ၂ လုံး လာကြဲတယ် မကွဲဘူး။ နောက်တစ်လုံး ထပ်ချတာ အဲ့တာက လေထဲမှာ ကွဲသွားတယ် လူတော့မထိဘူး။ နောက်ထပ်က သပြေရေဘက်က ဘုန်းကြီးကျောင်းဘက် ထင်းရှူးတောထဲ ကျတယ်”ဟု ၎င်းဒေသခံ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

ပုံစာ – နောင်ချိုမြို့နယ် လက်နက်ကြီးထိမှန်မှုကြောင့် အရပ်သားနေအိမ် ပျက်စီးမှု

နောင်ချိုမြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ ခလရ-(၁၁၄၊ ၁၁၅) တို့ကို “၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်း အစကတည်းက TNLA ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ဇူလိုင်လအတွင်းက ဒုံးတပ်ရင်း (၆၀၆) ကို သိမ်းပိုက်နိုင်ပြီးနောက် နောင်ချိုမြို့ပေါ်ကို အလုံးစုံ ထိန်းချုပ်ထားသည်။

လက်ရှိတွင် နောင်ချိုမြို့တောင်ဘက်ရှိ တောင်းခမ်းရွာအခြေစိုက် အမြောက်စခန်းကွပ်ကဲမှု ဌာနချုပ် (မစခ-၉၀၂) ကို TNLA ပူးပေါင်းတပ်များ ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိရာ ရပ်စောက်မြို့နယ်ရှိ အင်တောမြို့နှင့် ကျောက်ဂူကျေးရွာအုပ်စုဘက်အထိ တိုက်ပွဲဖြစ်ပွားလာနိုင်ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

နောင်ချို-မန္တလေးလမ်းတွင် ဂိတ်ကြေး ကျပ်သိန်း (၁,၀၀၀) ကျော်အထိ ပေးဆောင်ရ

0
သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့မှ မန္တလေးသို့ သွားသည့် လမ်းတလျှောက်ရှိ စစ်ကော်မရှင် စစ်ဆေးရေးဂိတ်များတွင် ဂိတ်ကြေးနှင့် လမ်းရှင်းခ တောင်ခံမှုသည် အဆမတန် မြင့်မားနေကြောင်း ကုန်သည်များနှင့် ယာဉ်မောင်းများထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလမှစတင်ကာ စစ်ကော်မရှင်၏ "ရက် ၁၀၀ စီမံချက်" ဖြင့် ကုန်သွယ်ရေးလမ်းကြောင်းများကို တင်းကျပ်လိုက်ပြီးနောက် နယ်စပ်မှဝင်လာသည့်...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...