ကျောက်မဲ မိသားစုလိုက် လက်နက်ကြီး ထိမှန်သေဆုံးမှု မြှင့်တက်

သျှမ်းပြည် ကျောက်မဲမြို့တွင် စစ်ကောင်စီနှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့၏ နှစ်ဘက်တိုက်ပွဲအကြား လက်နက်ကြီးကြောင့် မိသားစုလိုက် ထိမှန်သေဆုံးမှု မြှင့်တက်နေကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဇွန်လ ၂၉ ရက်) နံနက် ၉ နာရီကျော်တွင် ကျောက်မဲမြို့ ရပ်ကွက်(၈)ရှိ အထက-(၁) ကျောင်းရှေ့တွင် စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်သည် ဒေါ်နန်းခင်ဖုန်းနှင့် နန်းမွေလင်းစံ တို့၏ နေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ရာ နေအိမ်အတွင်းရှိနေသည့် သားအမိနှစ်ယောက်စလုံး ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း ကျောက်မဲဒေသခံများက ပြောသည်။

“ရွှေကျင်ကျောင်းအဝင်လမ်းက အိမ်ပေါ်ကို လက်နက်ကြီးကျတာ၊ သားအမိ နှစ်ယောက်လုံး ပွဲချင်းပြီးဆုံးသွားတယ်။ သမီးက ကျန်းမာရေးဆရာမလေး။ အခုတိုက်ပွဲက နှစ်ဘက်စလုံး ပြည်သူကို မကြည့်ဘူး၊ ဘယ်ဘက်ကပစ်ပစ် ပြည်သူပဲ စတေးရတာပဲ။ နှစ်ဘက်စလုံးကို ပြောချင်တာကတော့ ပြည်သူတွေ ရှိတဲ့နေရာကို စစ်ရေးပစ်မှတ် မလုပ်ကြပါနဲ့”ဟု ကျောက်မဲမြို့မှ ဖြစ်စဉ်သိရှိသူ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အလားတူ ဇွန်လ ၂၈ ရက် ညနေ ၅ နာရီကျော်တွင် ကျောက်မဲမြို့ အုတ်ကျင်းရပ်ရှိ အရပ်သားနေအိမ်ခြံဝင်းထဲ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ရာ အိမ်အပြင်ဘက်ရှိ အမျိုးသမီး ၃ ဦး၊ ၃ နှစ်ကျော်အရွယ် ကလေး ၁ ဦးနှင့် အမျိုးသား ၂ ဦးတို့ ပွဲချင်းပြီး သေဆုံးခဲ့ပြီး အခြား ၅ ဦးမှာ ထိခိုက်ဒဏ်ရာ ပြင်းထန်ကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၂၆ ရက်ကလည်း ကျောက်မဲမြို့ ရန်ကင်းရပ်ရှိ နေအိမ်တစ်လုံးပေါ်သို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ရာ မိသားစုဝင် ၄ ဦး ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး တစ်ရပ်ကွက်တည်းရှိ အခြားနေအိမ်တွင် သားအဖနှစ်ဦး လက်နက်ကြီးကျည် ထိမှန်မှုကြောင့် သေဆုံးသွားခဲ့ရကြောင်း ကျောက်မဲဒေသခံများက ပြောသည်။

လက်နက်ကြီးကြောင့်ပျက်စီးသည့်နေအိမ်

“အခုဆုံးတာတွေက လက်နက်ကြီးနဲ့ ဗုံးသီးတွေ မြို့ထဲအိမ်တွေပေါ် ကျကွဲလို့ မိသားစုလိုက် ဆုံးတာ။ ညဆိုရင် သန်းခေါင်ကျော်အချိန် လေယာဉ်နဲ့ ဗုံးလာကြဲချတာလည်း ညတိုင်းပဲ။ ကိုယ့်အိမ်ထဲနေတာတောင် ဘယ်ချိန် လက်နက်ကြီးမှန်မလဲ၊ ဘယ်ချိန်သေမလဲ ပြောလို့မရဘူး။ အခုထိ အပြင်မထွက်နိုင်သေးတာ အများကြီး ရှိသေးတယ်”ဟု ကျောက်မဲမြို့မှ ၎င်းဒေသခံ အမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဇွန်လ ၂၈ ရက် ညပိုင်းတွင် ကျောက်မဲမြို့ ရပ်ကွက်(၈)အနီး ကုန်းမုန်ရွာတွင်လည်း လက်နက်ကြီးကြောင့် နေအိမ် ၂ လုံး ထိမှန်ပျက်စီးပြီး ဦးစိုင်းမော်ဆိုသူ အမျိုးသားတစ်ဦးလည်း သေဆုံးသွားခဲ့ကြောင်း ဖြစ်စဉ်သိရှိသူများက ပြောသည်။

ယမန်နေ့ (ဇွန်လ ၂၉ ရက်) နေ့လယ်ပိုင်းတွင် ကျောက်မဲနှင့် နောင်ချိုအကြားရှိ နောင်ပိန်ဂုတ်တွင်းတွင် စစ်ကောင်စီတပ်နှင့် TNLA ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး ည ၈ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်မှ ကျောက်မဲမြို့ပေါ်သို့ လေကြောင်းဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ရာ အရပ်သား ထိခိုက်သေဆုံးဒဏ်ရာရမှု ထပ်ရှိနိုင်ကြောင်း ဒေသခံများ ပြောဆိုနေကြပြီး သျှမ်းသံတော်ဆင့်မှ ဆက်လက်စုံစမ်းနေသည်။

TNLA တပ်ဖွဲ့၏ ကျောက်မဲမြို့သိမ်းတိုက်ပွဲ တစ်ပတ်အတွင်း စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် မြို့ပေါ် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် အရပ်သားပြည်သူ သေဆုံးဒဏ်ရာရမှု အများအပြား ရှိလာပြီး ယနေ့ (ဇွန်လ ၃၀ ရက်)အထိ လက်နက်ကြီးနှင့် လေကြောင်းဗုံး ထိမှန်မှုကြောင့် အရပ်သား စုစုပေါင်း (၃၀) ဦးထက်မနည်း သေဆုံးခဲ့ကြောင်း လူမှုကူညီရေးအသင်းများထံမှ သိရသည်။

ကျောက်မဲမြို့ရှိ စစ်ကောင်စီတပ်၏ လက်ကျန်တပ်စခန်းဖြစ်သည့် စကခ-၁၊ ခမရ-၅၀၁/၅၀၂ တပ်ရင်းတို့ကို TNLA တပ်ဖွဲ့က ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေကြောင်း ကျောက်မဲဒေသခံများက ပြောသည်။

လက်ရှိတွင် ကျောက်မဲမြို့မှ ဒေသခံ ပြည်သူများမှာ နားပြိန်း၊ နောင်ပိန်လေး၊ ခိုအုံ၊ ခိုမုန်း၊ ဟဲကွီ၊ ပုံဝိုးနှင့် နောင်ပိန်ကျေးရွာဘက်ရှိ ဆွေမျိုးနှင့် ဘုန်းကြီးကျောင်းများတွင် ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ဘေးရှောင် ၅၀၀၀ ကျော်အတွက် စားနပ်ရိက္ခာ အကူအညီများ လိုအပ်နေကြောင်း စစ်ဘေးရှောင်ကူညီသူများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...