ပန်ဆိုင်းမြို့ လက်နက်ကြီးကျပေါက်ကွဲ အရပ်သား ၁ ဦးသေဆုံး၊ ၁ ဦးထိခိုက်ဒဏ်ရာရ

သျှမ်းပြည် ပန်ဆိုင်းမြို့ (ကြူဂုတ်) ရှိ ရဲစခန်းအနီး လက်နက်ကြီးကျပေါက်ကွဲမှုကြောင့် အမျိုးသား တစ် ဦးသေဆုံးပြီး၊ အမျိုးသမီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ပန်ဆိုင်း

ပန်ဆိုင်းမြို့ (ကြူဂုတ်) ရပ်ကွက် ၈ အတွင်းရှိ စစ်ကောင်စီ ရဲစခန်းအနီး၌ ယနေ့ (နိုဝင်ဘာ ၁ ) ရက်တွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသား တစ်ဦး သေဆုံးကာ အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ဒီနေ့မနက်ပိုင်းက ရဲစခန်းနားမှာ လက်နက်ကြီးကျလို့ တစ်ယောက်ဆုံးသွားတယ်။ သေသွားတဲ့တစ်ယောက်က အမျိုးသားပါ။ အမျိုးသမီး တစ်ယောက်ကတော့ လက်နက်ကြီးကျည်စမှန်ထားတယ်။ ဒေသခံတစ်ယောက်ကလည်း သွေးတိုးနေတယ် “ ဟု ၎င်းဒေသခံတစ်ဦးက ပြောသည်။

လက်ရှိမှာ လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာရသူအပါအဝင် သွေးတိုးနေသော ပြည်သူတစ်ဦးကိုလည်း ဒေသလူမှုကူညီရေးအသင်းမှ သွားရောက်ကူညီခဲ့ပြီး မူဆယ်ဆေးရုံသို့ ပို့ဆောင်ပေးနေကြောင်း သိရသည်။

လက်ရှိသတင်းရေးသားချိန်ထိ တိုက်ပွဲသည် ပြင်းထန်နေဆဲဖြစ်သဖြင့် ထွက်ပြေးတိမ်းရှောင်ရန် ကြိုတင်ပြင်ဆင်ထားသည့် ဒေသခံများ တိုက်ပွဲကြား ပိတ်မိနေကြောင်း ဒေသခံတစ်ဦးက ဆက်ပြောသည်။

“ အခုတိုက်ပွဲပြင်းထန်နေသေးလို့ ထွက်ပြေးလို့မရသေးဘူး။ အိမ်ထဲမှာ ဝင်ပုန်းနေရသေးတယ်။ လက်နက်ကြီးသံတွေလည်း ဒုန်းဒုန်းဒိုင်းဒိုင်း ကြားနေရတယ် “ ဟု ၎င်းက ဆက်ပြောသည်။

လက်ရှိမှာ စစ်ကောင်စီဘက်မှ ဂျက်လေယာဥ်ဖြင့် ပျံဝဲနေပြီး၊ ပြည်သူများအနေဖြင့် လေကြောင်း ဗုံးကြဲမည်ကို စိုးရိမ်နေကြသည်။

အလားတူ ယမန်နေ့ (အောက်တိုဘာ ၃၁ ရက်) တွင်လည်း ပန်ဆိုင်းမြို့ (ကြူဂုတ်) ရှိ ရဲစခန်းကို ညီနောင်မဟာမိတ်တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

လက်ရှိ သတင်းရေးသားချိန်အထိ ပန်ဆိုင်းမြို့ ရပ်ကွက် ၄ အနီးရှိ စစ်တပ်စခန်းကုန်းတွင် တိုက်ပွဲပြင်းထန်နေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...