တောင်ခမ်းသို့ စစ်ကူပို့သည့် စစ်တပ် ယာဉ်တန်း တိုက်ခိုက်ခံရ၊ စစ်ကားတစ်စီး လက်နက်ကြီးထိမှန် ပျက်စီး

သျှမ်းပြည် တောင်ပိုင်း၊ ကျောက်ဂူဘက်မှ နောင်ချိုမြို့နယ်၊ တောင်ခမ်း တိုက်ပွဲသို့ စစ်ကူပို့သည့် စစ်တပ်ယာဉ်တန်းကို ယနေ့ (စက်တင်ဘာလ ၇ ရက်) နံနက်ပိုင်းက ကြားဖြတ်တိုက်ခိုက်ရာ စစ်ကားတစ်စီး လုံးဝ ပျက်စီးသွားသည်ဟု စစ်ရေးသတင်းရင်းမြစ်က ယနေ့ ပြောသည်။

ရပ်စောက်မှ ထွက်ခွာလာသည့် စစ်ကား ၁၀ စီးပါ အဆိုပါ စစ်ယာဥ်တန်းကို တော်လှန်ရေး ပူးပေါ်းတပ်က ကျောက်ဂူ-တောင်ခမ်းလမ်း တနေရာတွင် RPG ကဲ့သို့သော လက်နက်ကြီးဖြင့် ပစ်ခတ်ရာ စစ်ကားတစီး လုံးဝ ပျက်စီးသွားပြီး ကားပေါ်ပါ စစ်သား အားလုံးသေဆုံးသည်ဟု ယူဆရကြောင်း သတင်းရင်းမြစ်က ဆိုသည်။

“၁၀ စီးတက်လာတာ တစီးကတော့ တည့်တည့်ထိလို့ လုံးဝ အပြုတ်ပဲ။ လက်နက်တွေဘာတွေတော့ ကောက်လို့မရဘူးပေါ့။ ကျန်တဲ့ ၉ စီးကတော့ ဆက်တက်သွားတယ်။ တောင်ခမ်း ရောက်မရောက်ကတော့ စောင့်ကြည့်ရမှာပေါ့” ဟု ၎င်းကရှင်းပြသည်။

အဆိုပါ စစ်ကူ ယာဉ်တန်းတွင် စစ်သင်တန်းဆင်း တပ်သားသစ် အများအပြား ပါဝင်နေသည်ဟု သတင်းကြားရကြောင်း ဆိုသည်။

စစ်ကောင်စီ၏ အမှတ် (၉၀၂) အမြောက်စခန်း ကွပ်ကဲမှုဌာနချုပ်၊ အမြောက်တပ်ရင်း (၃၅၄)၊ (၂၀၆) နှင့် (၄၀၆) တို့ တည်ရှိရာ တောင်ခမ်းဒေသတွင် တိုက်ပွဲများ ပြင်းထန်နေသည်မှာ တလနီးပါး ကြာမြင့်နေပြီဖြစ်သည်။

အမြောက်တပ် အမတ (၂၀၆) နှင့် (၄၀၆) တို့ကို သိမ်းပိုက်ထားသည်ဟု ဩဂုတ်လ ၂၆ ရက်နေ့တွေ TNLA က ထုတ်ပြန်ထားပြီး အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် (၉၀၂) နှင့် အမြောက်တပ်ရင်း (၃၅၄) တို့တွင် ယနေ့အထိ တိုက်ပွဲများ ပြင်းထန်နေထဲ ဖြစ်သည်။

အဆိုပါ တောင်ခမ်း တိုက်ပွဲနှင့် ပတ်သက်သည်​့ ရုပ်သံမှတ်တမ်းကို ပြီးခဲ့သည့် စက်တင်ဘာလ ၄ ရက်နေ့က TNLA ထုတ်ပြန်ခဲ့ရာ စစ်သား ရုပ်အလောင်း အများအပြားနှင့် လက်နက်ခဲယမ်းများကို ရုပ်သံတွင် တွေ့ရသည်။

ထို့အတူ ရပ်စောက်မြို့နယ်၊ ကျောက်ဂူ ရဲစခန်းခန်း အနီးတွင်လည်း ယမန်နေ့ နံနက် ၅ နာရီမှစတင် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA) က ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

မိုးမိတ်မြို့အနီး ၂ ရက်ဆက် တိုက်ပွဲပြန်ဖြစ်၊ စစ်ရေးဆက်လက်တင်းမာနေ

0
သျှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့အနီးတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နင့် စစ်ကော်မရှင်တပ် တို့ အကြား တိုက်ပွဲပြန်လည်ဖြစ်ပွားနေပြီး စစ်ရေး ဆက်လက်တင်းမာနေကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (ဩဂုတ်လ ၁၁ ရက်) မွန်းလွဲ ၁ နာရီခန့်မှစတင်ကာ မိုးမိတ်မြို့နှင့် ၂ မိုင်ခန့်အကွာရှိ ညောင်နီကျေးရွာ အနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ ယမန်နေ့(...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

ဖယ်ခုံမြို့နယ် တိုက်ပွဲပြန်ပြင်းထန်နိုင် ဒေသခံ နှင့် စစ်ရှောင်များ သတိထားရန်လိုအပ်

0
သျှမ်းပြည် တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီတပ် နှင့် တော်လှန်ရေးပူးပေါင်းတပ်များအကြား မကြာမီ တိုက်ပွဲများ ပြန်လည်ပြင်းထန်ဖြစ်ပွားလာနိုင်သဖြင့် ဒေသခံများနှင့် စစ်ဘေးရှောင်ပြည်သူများ သတိထားနေထိုင်ရန် လိုအပ်ကြောင်း သတင်းရရှိသည်။ လက်ရှိတွင် ဖယ်ခုံမြို့နယ် တောင်စလုံးနှင့် မြောက်စလုံးကျေးရွာအနီး၌ စစ်ကောင်စီတပ်များ တပ်အထိုင်ချထားပြီး ဘုန်းကြီးကျောင်းများတွင်လည်း လှုပ်ရှားမှုများ ရှိနေကြောင်း၊ စစ်ရေးအခြေအနေ တင်းမာနေသဖြင့်...