Tuesday, January 27, 2026

တောင်ခမ်းသို့ စစ်ကူပို့သည့် စစ်တပ် ယာဉ်တန်း တိုက်ခိုက်ခံရ၊ စစ်ကားတစ်စီး လက်နက်ကြီးထိမှန် ပျက်စီး

သျှမ်းပြည် တောင်ပိုင်း၊ ကျောက်ဂူဘက်မှ နောင်ချိုမြို့နယ်၊ တောင်ခမ်း တိုက်ပွဲသို့ စစ်ကူပို့သည့် စစ်တပ်ယာဉ်တန်းကို ယနေ့ (စက်တင်ဘာလ ၇ ရက်) နံနက်ပိုင်းက ကြားဖြတ်တိုက်ခိုက်ရာ စစ်ကားတစ်စီး လုံးဝ ပျက်စီးသွားသည်ဟု စစ်ရေးသတင်းရင်းမြစ်က ယနေ့ ပြောသည်။

ရပ်စောက်မှ ထွက်ခွာလာသည့် စစ်ကား ၁၀ စီးပါ အဆိုပါ စစ်ယာဥ်တန်းကို တော်လှန်ရေး ပူးပေါ်းတပ်က ကျောက်ဂူ-တောင်ခမ်းလမ်း တနေရာတွင် RPG ကဲ့သို့သော လက်နက်ကြီးဖြင့် ပစ်ခတ်ရာ စစ်ကားတစီး လုံးဝ ပျက်စီးသွားပြီး ကားပေါ်ပါ စစ်သား အားလုံးသေဆုံးသည်ဟု ယူဆရကြောင်း သတင်းရင်းမြစ်က ဆိုသည်။

“၁၀ စီးတက်လာတာ တစီးကတော့ တည့်တည့်ထိလို့ လုံးဝ အပြုတ်ပဲ။ လက်နက်တွေဘာတွေတော့ ကောက်လို့မရဘူးပေါ့။ ကျန်တဲ့ ၉ စီးကတော့ ဆက်တက်သွားတယ်။ တောင်ခမ်း ရောက်မရောက်ကတော့ စောင့်ကြည့်ရမှာပေါ့” ဟု ၎င်းကရှင်းပြသည်။

အဆိုပါ စစ်ကူ ယာဉ်တန်းတွင် စစ်သင်တန်းဆင်း တပ်သားသစ် အများအပြား ပါဝင်နေသည်ဟု သတင်းကြားရကြောင်း ဆိုသည်။

စစ်ကောင်စီ၏ အမှတ် (၉၀၂) အမြောက်စခန်း ကွပ်ကဲမှုဌာနချုပ်၊ အမြောက်တပ်ရင်း (၃၅၄)၊ (၂၀၆) နှင့် (၄၀၆) တို့ တည်ရှိရာ တောင်ခမ်းဒေသတွင် တိုက်ပွဲများ ပြင်းထန်နေသည်မှာ တလနီးပါး ကြာမြင့်နေပြီဖြစ်သည်။

အမြောက်တပ် အမတ (၂၀၆) နှင့် (၄၀၆) တို့ကို သိမ်းပိုက်ထားသည်ဟု ဩဂုတ်လ ၂၆ ရက်နေ့တွေ TNLA က ထုတ်ပြန်ထားပြီး အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် (၉၀၂) နှင့် အမြောက်တပ်ရင်း (၃၅၄) တို့တွင် ယနေ့အထိ တိုက်ပွဲများ ပြင်းထန်နေထဲ ဖြစ်သည်။

အဆိုပါ တောင်ခမ်း တိုက်ပွဲနှင့် ပတ်သက်သည်​့ ရုပ်သံမှတ်တမ်းကို ပြီးခဲ့သည့် စက်တင်ဘာလ ၄ ရက်နေ့က TNLA ထုတ်ပြန်ခဲ့ရာ စစ်သား ရုပ်အလောင်း အများအပြားနှင့် လက်နက်ခဲယမ်းများကို ရုပ်သံတွင် တွေ့ရသည်။

ထို့အတူ ရပ်စောက်မြို့နယ်၊ ကျောက်ဂူ ရဲစခန်းခန်း အနီးတွင်လည်း ယမန်နေ့ နံနက် ၅ နာရီမှစတင် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA) က ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...