ဆီဆိုင်မြို့နယ် ဒေသခံ ၁၅ ဦးထက်မနည်း လက်နက်ကြီးထိမှန်

သျှမ်းပြည် ဆီဆိုင်မြို့နယ်အတွင်း စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် PNO အဖွဲ့တို့ ပစ်ခတ်သည့် လက်နက်ကြီး၊ လက်နက်ငယ်များကြောင့် ဒေသခံ ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း စုံစမ်းသိရသည်။

ဖြစ်စဉ်မှာ ယနေ့ (ဖေဖော်ဝါရီ ၁၉ ရက်) နံနက် ၆ နာရီခွဲဝန်းကျင်တွင် စစ်ရှောင်များ ဆီဆိုင်မြို့သို့ နေရပ်ပြန်ပြီး ပစ္စည်းယူနေစဥ် မွေတော်ဘုရားအရှေ့ဘက်ရှိ ဝါးတောရွာမြောက်ဘက်မှာ လက်နက်ကြီးထိမှန်သွားခဲ့ကြောင်း ကိုယ်တိုင်သွားရောက်ကူညီခဲ့သည့် ဒေသခံတစ်ဦး သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ လက်နက်ကြီးသည် ဆိုက်ခေါင်ကျေးရွာရှိ စစ်ကောင်စီအမြောက်တပ်မှနေ၍ ပစ်ခတ်လိုက်သည့် လက်နက်ကြီးများ ဖြစ်ကြောင်း ဆိုသည်။

“နံနက် ၆ နာရီခွဲလောက်က ဆိုက်ခေါင်ကနေ လက်နက်ကြီးနဲ့ ပစ်တာပေါ့။ လိုင်းပေါ်မှာ ပစ္စည်းပြန်ယူခွင့်ရတယ် ဘာညာဆိုပြီး သွားတဲ့ကားတွေ အဲ့လမ်းကြောတကြောလုံးကို ကျတာ။ ၁၀ ဦးထက်မနည်း ဒဏ်ရာရတယ်။ လောလောဆယ် ၃ ယောက်ကတော့ စစ်စံထွန်းဆေးရုံကို ရောက်သွားပြီ။ ၁ ယောက်ကတော့ စိုးရိမ်ရတယ်။ ၁ ယောက်ကတော့ ခြေထောက်မှာ ပြင်းပြင်းထန်ထန် ဒဏ်ရာရတယ်။ နောက်တစ်ယောက်တော့ မျက်နှာမှာ စုတ်ပြတ်သွားတယ်” ဟု ၎င်းကပြောသည်။

လက်ရှိတွင် ထိခိုက်ဒဏ်ရာရသူ အမျိုးသား ၃ ဦးကို သွားရောက်ကူညီခဲ့ပြီး တောင်ကြီးမြို့ စစ်စံထွန်းဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

ထို့အပြင် ကျန်ရှိနေသော ထိခိုက်ဒဏ်ရာရသူ နောက်ထပ် အမျိုးသား ၆ ဦးသည် စစ်ကောင်စီဘက်မှ လက်နက်ကြီးဖြင့် အဆက်မပြတ်ပစ်ခတ်နေသေးကြောင့် သွားရောက်နိုင်ခြင်း ရှိ၊ မရှိ မသိရသေးပေ။

အလားတူ ဆီဆိုင်မြို့နယ် လွယ်ပွတ်ကျေးရွာဘက်မှ ဆိုက်ခေါင်ကျေးရွာသို့ ပြန်လာသည့် ဒေသခံကားတစ်ဦးကို ယနေ့ (ဖေဖော်ဝါရီ ၁၉ ရက်) နံနက် ၈ နာရီကျော်အချိန် ဂေါ်တန်ကျောက်ကွင်းအနီးတွင် ပအိုဝ်းပြည်သူ့စစ် PNO အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ကားပေါ်ပါလာသည့် အရပ်သား ၅ ဦးထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း ဆိုက်ခေါင်ကျေးရွာ ဒေသခံတစ်ဦးက ဆက်ပြောသည်။

“ဆိုက်ခေါင်အရှေ့ဘက် ဂေါ်တန်ကျောက်ကွင်းအနီးမှာ အမြောက်တပ်ကို ဒရုန်းနဲ့လာတိုက်ခိုက်လို့ တိုက်ပွဲဖြစ်ချိန်မှာ ဖြတ်လာတဲ့ ဂေါ်တန်ကျောင်းကွင်းက ကားတစ်စီးကို PNO က အချက်ပေါင်း ၂၀၀ ကျော်လောက်ပစ်လိုက်တာ။ ကားရော၊ လူတွေရော ထိခိုက်ဒဏ်ရာသွားတယ်။ အသက် ၃၀ အရွယ် အမျိုးသား ၁ ယောက် ခြေတလုံးဟိုဘက်ဒီဘက် ဖြောင်သွားတယ်။ ကျန်တဲ့လူကတော့ ထိခိုက်ဒဏ်ရာအနည်းကျဉ်းရပြီး ကားကိုဖြစ်တဲ့နေရာထားခဲ့ရတယ်” ဟု ဆိုက်ခေါင်ကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။

ထိုကဲ့သို့ ကားပစ်ခံရပြီးနောက် ကားပေါ်စီးလာကြသည့် ဒေသခံများသည် ထပ်မံမပစ်ရန်တောင်းဆိုခဲ့ကြောင်း၊ ထိုမှ ပအိုဝ်းပြည်သူ့စစ် PNO အဖွဲ့သည် ဆက်မပစ်ဘဲ ထိခိုက်ဒဏ်ရာရသူများကို ကားပေါ်သို့ ထားရှိရန်နှင့် ကျန်ရှိသူများကို တိုက်ပွဲကြားအမြန်ဆုံးထွက်ခွာရန် ညွှန်းကြားခဲ့ကြောင်း ဆိုသည်။

ပြီးသည့်နောက် ထိခိုက်ဒဏ်ရာသူများကို လူမှုကူညီရေးအသင်းများက တိုက်ပွဲကြား သွားရောက်ကယ်ထုတ်ခဲ့ ကြောင်း၊ ထိခိုက်ဒဏ်ရာရသူ အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၄ ဦးဖြစ်ကြောင်း သိရသည်။

“ဒါကစစ်မြေပြင်ဖြစ်နေတဲ့အတွက် သွားလာသူတွေအနေနဲ့ သတင်းတွေကို လွယ်လွယ်ကူကူမယုံကြည်ဖို့ရယ်၊ ကိုယ်သွားမယ်ဆိုရင် ကိုယ့်ရဲ့ခံယူချက်၊ ကိုယ်တိုင်ဆုံးဖြတ်ပြီးမှ သွားတာ အကောင်းဆုံးပဲ။ ပစ္စည်းဥစ္စာဆိုတာထက် အသက်ကပိုအရေးကြီးတယ်။ နှစ်ဖက်အဖွဲ့အစည်းအနေနဲ့ အပြစ်မရှိတဲ့ သာမန်လူပြည်သူလူထုကို ပစ်ခတ်တာမျိုး အတတ်နိုင်ဆုံး ရှောင်းရှားပေးဖို့။ အခုဟာကျတော့ ကားတစ်စီးလုံးကို ပစ်လိုက်တဲ့အခါကျတော့ လက်ထဲမှာဘာမှမပါတဲ့လူ အသက်တန်ဖိုးမရှိတော့သလိုဖြစ်သွားတယ်။ ကြက်ကလေး၊ ငှက်ကလေးလို ဖြစ်နေတာပေါ့” ဟု ဒေသအတွင်းတက်ကြွလှုပ်ရှားသူတစ်ဦးက တောင်းဆိုထားသည်။

ထို့အတူ နှစ်ဖက်လက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် ပြည်ထောင်စုလမ်းပေါ်တွင် မိုင်းများထောင်ထားခြင်း မပြုလုပ်ခြင်းဖြင့် ဒေသခံပြည်သူလူထုများကို ကာကွယ်ရန် နှင့် စားသားစာနာမှုလိုက်နာရန် ၎င်းတက်ကြွလှုပ်ရှားသူတစ်ဦးက ထပ်လောင်းပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း လှုမှုကွန်ရက်စာမျက်နှာပေါ်မှ တစ်ဆင့် “လာမယ့် ဖေဖော်ဝါရီလ ၂၀ ရက် ၁ ရက်ကို မြို့တွင်း ဝင်ခွင့်ပြုမယ်” ဆိုသည့် သတင်းသည်လည်း မဟုတ်မှန်၊ မမှန်ကန်ကြောင်း၊ ယင်းကဲ့သို့ သတင်းတု၊ သတင်းမှား ဖြန့်ချိနေသည့်အတွက် ဒေသခံများအထင်လွှဲမှားပြီး နေရပ်ပြန်ကြရာ ယခုလိုအဖြစ်မျိုးဖြင့် ကြုံတွေ့ရခြင်း ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ PNO နှင့် စစ်တပ် အဆမတန် ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်ကော်မရှင်တပ်တို့သည့် ဒေသခံများထံ အဆမတန် ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသည်။ လက်ရှိ နောင်ကားကျေးရွာအုပ်စုတွင် PNO၏ စစ်အသုံးစရိတ်နှင့် စစ်ကော်မရှင် အတွက် စစ်မှုထမ်းကြေး တအိမ်လျှင် တိကြိမ် ငွေကျပ် ငါးသောင်းပေးဆောင်ရကြောင်း...

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

ဆီဆိုင် ယာယီမြို့မဈေး မိုးကြီးတိုင်း ရေကြီးရေလျှံဖြစ်

0
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့ရှိ ယာယီမြို့မဈေးတွင် ရေထွက်ပေါက်စနစ် စနစ်တကျမရှိသဖြင့် မိုးသည်းထန်စွာ ရွာသွန်းတိုင်း ဈေးအတွင်း ရေဝပ်နေကြောင်း စုံစမ်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၀ ရက်) ဆီဆိုင်မြို့ ဈေးနေ့ကျရောက်သည့် နေ့ဖြစ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယာယီမြို့မဈေးအတွင်း ရေများဝင်ရောက်ကာ ရေဝပ်နေကြောင်း ဆီဆိုင်မြို့နေ ဒေသခံအမျိုးသားတစ်ဦးက...

တောင်ကြီးမြို့နယ် အတွင်း စစ်တပ်နှင့် PNO က စစ်အသုံးစရိတ် တလ ကျပ်ငါးသောင်းကောက်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်အသုံးစရိတ်အတွက် တစ်လ ကျပ်ငါးသောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ်အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ်ငါးသောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားထားသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...