ကျောက်မဲ တိုက်ပွဲပြင်းထန်၊ လက်နက်ကြီးထိမှန်၍ အမျိုးသမီးတစ်ဦး အပါအဝင်၂ ဦး သေဆုံးပြီး ၄ ဦးဒဏ်ရာရ

သျှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA တို့ ယနေ့ (ဇွန် ၂၅ ရက်) နံနက်ပိုင်းက စပြီး တိုက်ပွဲ ပြင်းထန်နေရာ လက်နက်ကြီးထိမှန်၍ အမျိုးသမီး တစ်ဦး အပါအဝင်၂ ဦး သေဆုံးပြီး ၄ ဦးဒဏ်ရာရခဲ့ကြောင်း စုံစမ်းသိရသည်။

တိုက်ပွဲ စတင်ပြီးနောက် ကျောက်မဲမြို့၊ ရပ်ကွက်(၈)၊ ထုံးဖိုရှိ အခွန်လွတ်ဈေးအနီး လက်နက်ကြီး ကျရောက်၍ အမျိုးသား တစ်ဦး သေဆုံးကာ တစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ရပ်ကွက်နေ ပြည်သူများ ကျောက်မဲလေးနှင့် နားပြိန်းကျေးရွာဘက်သို့ ထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရသည်။

အလားတူ ကျောက်မဲမြို့၊ ရပ်ကွက်(၉)၊ တိလင်ရပ်တွင် အမျိုးသမီး တစ်ဦး ဦးခေါင်း ကျည်ထိမှန် သေဆုံးပြီး ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ပန်ပေါင်းကျေးရွာသို့ လက်နက်ကြီး ကျရောက် ပေါက်ကွဲရာ အသက် (၁၄) နှစ်အရွယ် အမျိုးသမီးတစ်ဦး ကျည်စထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း ကျောက်မဲ ဒေသခံများက ပြောသည်။

“လက်ရှိ ကနဦး သိရသလောက်ဆိုရင် သေတာ ၂ ယောက်ရှိပြီ၊ ဒဏ်ရာရတာ ၄ ယောက်။ ရပ်ကွက်(၈) အခွန်လွတ်ဈေးမှာ တစ်ယောက်၊ တိလင်ဘက်မှာ တစ်ယောက်။ ၂ ယောက်ဆုံးတာ။ လက်ရှိအချိန်ထိတော့ ရှုပ်ထွေးနေဆဲပဲ။ လက်နက်ကြီးကျပြီး မြို့ထဲတိုက်ပွဲဖြစ်ပြီလို့ ပြောလို့ရတယ်၊ ဘယ်သူမှ အပြင်မထွက်ရဲတော့ဘူး”ဟု ကျောက်မဲမြို့ခံ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ရှင်းပြသည်။

ယနေ့ နံနက် ၆ နာရီခန့်မှ စတင်ပြီး ကျောက်မဲမြို့ အခြေစိုက် စစ်ကောင်စီတပ် ခလရ (၅၀၁) (၅၀၂) နှင့် TNLA တို့ ပစ်ခတ်မှု ဖြစ်ပွားပြီး တပြိုင်နက်ပင် ကျောက်မဲမြို့ အနီးရှိ ငြိမ်းချမ်းရေးကုန်း၊ နားအိုက်ခန့်၊ စခန်းသာနှင့် လုံဝယ်ကျေးရွာအနီးတို့တွင် တိုက်ပွဲ ဖြစ်ပွားနေရာ လက်ရှိ သီပေါ၊ ကျောက်မဲ၊ နောင်ချို တဝိုက် စစ်လေယာဉ် ပျံဝဲနေကြောင်း ကျောက်မဲ ဒေသခံများက ပြောသည်။

“၂ ဖက်စလုံးကတော့ ချိန်နေတာပေါ့၊ အရမ်းနီးနီးကပ်ကပ် ပစ်ကြတာမျိုးတော့ မဖြစ်သေးဘူး။ လက်နက်ကြီး ပစ်တာတော့ ရပ်ကွက်တွေထဲ ကျပြီး အရပ်သား ထိခိုက် သေဆုံးတာရှိတယ်။ မနက် ၆ နာရီလောက်မှာ TNLA နဲ့ စစ်တပ်နဲ့ စပြီးပစ်ကြတာ။ ၅၀၁/၅၀၂ တပ်နဲ့နီးတဲ့နားလေးတော့ ထွက်ပြေးကြရပြီ”ဟု ကျောက်မဲဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယနေ့ နံနက် ၇ နာရီခန်က နောင်ချိုမြို့နယ်တွင်လည်း စစ်ကောင်စီတပ်နှင့် TNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားနေရာ စစ်ကောင်စီတပ် စခန်းချထားသည့် ပြည်ထောင်စုလမ်းမပေါ်ရှိ အုမ္မတီး၊ အုမ္မခါး၊ ရေမောင်းတန်းနှင့် ကျောက်ကြမ်းကျေးရွာတို့တွင် တိုက်ပွဲပြင်းထန်နေကြောင်း နောင်ချိုဒေသခံများက ပြောသည်။

ယမန်နေ့ (ဇွန်လ ၂၄ ရက်) ညသန်းခေါင်ကလည်း ကျောက်မဲမြို့နယ်၊ ပိန်းအင်ကျေးရွာကို စစ်ကောင်စီ လေကြောင်းက ဗုံးကြဲ တိုက်ခိုက်ရာ ဒေသခံ တစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ဆိုသည်။

စစ်ကောင်စီတပ်က ဟိုင်ဂင်သဘောတူညီချက် ချိုးဖေါက်၍ သျှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုနှင့် မိုးမိတ်တို့တွင် လက်နက်ကြီး ပစ်ခတ်ပြီး လေကြောင်းက ဗုံးကြဲ တိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်နေခြင်းကြောင့် အချိန်မရွေး တိုက်ပွဲ ပြန်လည် ဖြစ်ပွားလာနိုင်ကြောင်း TNLA အထွေထွေ အတွင်းရေးမှူး ဗိုလ်ချုပ် တာဘုန်းကျော်က ယမန်နေ့ (ဇွန်လ ၂၄ ရက်) တွင် ပြောဆိုပြီးနောက် ယနေ့ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလာခြင်း ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...