Wednesday, January 28, 2026

တိုက်ပွဲပြင်းထန်

ကျောက်မဲမြို့နယ် စစ်ကော်မရှင်တပ်နှင့် TNLA တို့အကြား စစ်ရေးတင်းမာနေ၊ တိုက်ပွဲပြင်းထန်လာနိုင်

သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တို့အကြား စစ်ရေးတင်းမာနေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ တရုတ်အစိုးရ၏ အစီအစဉ်ဖြင့် ပြီးခဲ့သော ဩဂုတ် ၂၇ ရက်က တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့တွင် စစ်ကော်မရှင်နှင့် TNLA တို့အကြား အပစ်ရပ်ရေးအတွက်...

နောင်ချိုမြို့နယ် တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီတပ် ကျေးရွာအချို့ ပြန်လည်သိမ်းယူထား

သျှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်က စစ်အင်အား အလုံးအရင်း ဖြည့်တင်းကာ ထိုးစစ်ဆင်နေပြီး အချို့ကျေးရွာများကိုလည်း ပြန်လည်သိမ်းယူထားကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။ စစ်ကောင်စီတပ်သည် ရပ်စောက်မြို့နယ်မှတဆင့် တောင်းခမ်း-ကံကြီးဘက်မှလည်းကောင်း၊ ပြင်ဦးလွင်မြို့မှတဆင့် အုမ္မသီးကျေးရွာဘက်မှလည်းကောင်း စစ်ကြောင်းခွဲကာ နောင်ချိုမြို့ဘက်သို့ အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်ပြီး ရွှေသွန်းကျေးရွာ၊ လုံဝယ်ကျေးရွာ နှင့် ညံတောကျေးရွာဘက်အထိ...

မိုးဗြဲတွင် တိုက်ပွဲပြင်းထန်နေ၊ စစ်ရှောင်များအတွက် မိုးကာများလိုအပ်နေ

တိုက်ပွဲပြင်းထန်နေသည့် သျှမ်း-ကရင်နီနယ်စပ် သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့အနီးပတ်ဝန်းကျင်တွင် နေထိုင်သည့် စစ်ဘေးရှောင် တစ်ထောင်ကျော်အတွက် အမိုးအကာများ အရေးပေါ်လိုအပ်နေကြောင်း စုံစမ်းသိရသည်။ အဆိုပါ စစ်ဘေးရှောင် တစ်ထောင်ကျော်သည် ကရင်နီပြည် တွင် စစ်ကောင်စီနှင့် တော်လှန်ရေ အင်အားစုတို့ ကြား လွန်ခဲ့သည့် ၂၀၂၃ခုနစ် ၁၁ရက် ၁၁လ ပိုင်း “၁၁.၁၁”...

မိုးဗြဲမြို့ စစ်ကောင်စီတပ် အင်အားအလုံးအရင်း စစ်ကြောင်းထိုး၊ တိုက်ပွဲများပြင်းထန်နေ

သျှမ်း - ကရင်နီနယ်စပ်၊ မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်မှ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး တိုက်ခိုက်နေသည့်အတွက် တော်လှန်ရေးတပ်ဖွဲ့တို့နှင့် တိုက်ပွဲများ ပြန်လည်ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယနေ့ (ဧပြီလ ၂၈ ရက်) နံနက် (၅) နာရီခန့်မှ စတင်၍ စစ်ကောင်စီတပ်က မိုးဗြဲမြို့ကို ပြန်လည် ထိန်းချုပ်နိုင်ရန်အတွက် ခြေမြန်တပ်ရင်း...

မိုးဗြဲ တိုက်ပွဲ ဆက်လက်ပြင်းထန်နေ

သျှမ်း-ကရင်နီ နယ်စပ် မိုးဗြဲမြို့တွင် ယခုရက်ပိုင်း စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ပေါင်းစုတို့ကြား တိုက်ပွဲဆက်လက် ပြင်းထန်နေကြောင်း စုံစမ်းသိရသည်။ စစ်ကောင်စီတပ်သည် မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရန် ယခု ရက်သတ္တပတ်အတွင်း အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်မှုများ ပြုလုပ်နေသဖြင့် တိုက်ပွဲများ ဆက်လက် ပြင်းထန်ကာ လေကြောင်းမှ မီးလောင်းဗုံးများဖြင့် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း...

စစ်ကောင်စီထိန်းချုပ်ဖို့ ကြိုးစားနေသည့် မိုးဗြဲမြို့ တိုက်ပွဲပြင်းထန်၊ အသေခံ ဒရုန်းများသုံးပြု တိုက်ခိုက်

သျှမ်း - ကရင်နီးနယ်စပ် ၊ မိုးဗြဲမြို့တွင် တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီမှ အသေခံ ဒရုန်းများကို အသုံးပြုတိုက်ခိုက်နေကြောင်း စုံစမ်းသိရသည်။ သျှမ်း - ကရင်နီ နယ်စပ်ရှိ မိုးဗြဲမြို့ကို စစ်ကောင်စီမှ ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် ယခုနှစ်ဆန်းပိုင်း မှ စတင်၍ အင်အားအလုံးအရင်းဖြင့် အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး၊ တော်လှန်ရေးတပ်...

ဗန်းမော်မြို့သိမ်းတိုက်ပွဲ ပြင်းထန်၊ ယနေ့နံနက် စစ်ကောင်စီ အပြင်းအထန်ဗုံးကြဲနေ

ကချင်ပြည်၊ ဗန်းမော်မြို့သိမ်း တိုက်ပွဲ ပြင်းထန်နေပြီး ယမန်နေ့နှင့် ယနေ့ (ဇန်နဝါရီ ၂၄ ရက်) နံနက်ပိုင်းတွင် စစ်ကောင်စီ လေတပ်မှ အပြင်းအထန် ဗုံးကြဲနေသည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ ဗန်းမော်မြို့တွင် ယမန်နေ့ (ဇန်နဝါရီလ ၂၃ ရက်) နံနက်ပိုင်းမှစ၍ တိုက်ပွဲများ ပြင်းထန်နေရာ ည...

မိုးမိတ် တိုက်ပွဲပြင်းထန်၊ လက်နက်ကြီးကြောင့် အရပ်သားထိခိုက်သေဆုံးမှုရှိ

သျှမ်းပြည် မိုးမိတ်မြို့နယ် စစ်ကောင်စီတပ်နှင့် TNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ပြီး လက်နက်ကြီးကြောင့် အရပ်သား ထိခိုက်သေဆုံးမှုရှိကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်မှ စတင်ပြီး မိုးမိတ်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် PDF...

မိုးကုတ်မှာ ဘာဖြစ်နေလဲ

သျှမ်းပြည်နှင့် မန္တလေးတိုင်း နယ်စပ်မြို့ဖြစ်သည့် မတ္တမြားမြေ မိုးကုတ်မြို့နယ်တွင် ယနေ့ (ဇွန် ၂၅ ရက်) နံနက်က စပြီး တိုက်ပွဲ ပြင်းထန်နေရာ လက်နက်ကြီး ပစ်ခတ်သံများ ကြားနေရသည်ဟု မိုးကုတ်မြို့ခံများက ပြောသည်။ TNLA/ PDF တပ်များက မိုးကုတ်မြို့ အနောက်ဘက်၊ ဒေါ်နန်းကြည်တောင်ရှိ စစ်ကောင်စီတပ်ကို...

ကျောက်မဲ တိုက်ပွဲပြင်းထန်၊ လက်နက်ကြီးထိမှန်၍ အမျိုးသမီးတစ်ဦး အပါအဝင်၂ ဦး သေဆုံးပြီး ၄ ဦးဒဏ်ရာရ

သျှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA တို့ ယနေ့ (ဇွန် ၂၅ ရက်) နံနက်ပိုင်းက စပြီး တိုက်ပွဲ ပြင်းထန်နေရာ လက်နက်ကြီးထိမှန်၍ အမျိုးသမီး တစ်ဦး အပါအဝင်၂ ဦး သေဆုံးပြီး ၄ ဦးဒဏ်ရာရခဲ့ကြောင်း...

Latest news