ကျောက်မဲမြို့နယ် စစ်ကော်မရှင်တပ်နှင့် TNLA တို့အကြား စစ်ရေးတင်းမာနေ၊ တိုက်ပွဲပြင်းထန်လာနိုင်

သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တို့အကြား စစ်ရေးတင်းမာနေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

တရုတ်အစိုးရ၏ အစီအစဉ်ဖြင့် ပြီးခဲ့သော ဩဂုတ် ၂၇ ရက်က တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့တွင် စစ်ကော်မရှင်နှင့် TNLA တို့အကြား အပစ်ရပ်ရေးအတွက် တွေ့ဆုံဆွေးနွေးခဲ့ရာတွင် မအောင်မြင်ခဲ့သဖြင့် ယခုရက်ပိုင်း၌ ကျောက်မဲမြို့နယ်တွင် စစ်ရေးတင်းမာနေကြောင်း ဒေသခံများက ပြောသည်။

လက်ရှိ ကျောက်မဲမြို့ စခန်းသာကျေးရွာတွင် တအာင်းတပ် TNLA က ရွာခံမှအပ အခြားဒေသမှ လာသည့် သူများအား ကျေးရွာအတွင်းသို့ ဝင်ခွင့်မပြုတော့ကြောင်း ကျောက်မဲမြို့ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“အခု စခန်းသာရွာမှာ ဒေသခံကလွဲပြီး ဘယ်သူကိုမှ အဝင်အထွက်မပေးတော့ဘူး။ တာဝန်ရှိတဲ့သူတွေတော့ ဝင်လို့ရပေမယ့် တခြားဘာကိစ္စမှမရှိတဲ့သူတွေတော့ ဝင်လို့မရတော့ဘူး၊ အလည်သွားလို့လည်း မရဘူး။ တိုက်ပွဲက ဘယ်ချိန်ဘယ်လိုစဖြစ်မလဲဆိုတာ မသိနိုင်သေးဘူး။ အခုတံတားတွေလည်း ပြန်ပြင်ပြီးပြီဆိုတော့ ပြည်သူတွေကတော့ ကြိုတင်ရှောင်ထားနေကြပြီ” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ကျောက်မဲမြို့နယ်အတွင်းရှိ စခန်းသာကျေးရွာသည် ကျောက်မဲမြို့ နှင့် (၇) မိုင်သာ ကွာဝေးသည်။

ထို့အပြင် စစ်ကော်မရှင်တပ်နှင့် TNLA တို့အကြား ဆွေးနွေးမှုမအောင်မြင်သောကြောင့် နောင်ချိုမြို့ကဲ့သို့ စစ်ကော်ရှင်တပ်က လေကြောင်းဖြင့်ဖိအာပေး ဗုံးကြဲတိုက်ခိုက်လာမည်ကို ကျောက်မဲမြို့ဒေသခံများက စိုးရိမ်နေကြသည်။

ကျောက်မဲမြို့

ပြီးခဲ့သည့် ဩဂုတ်လ ၂၀ ရက်နေ့တွင်လည်း ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်ကို စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ ၂၀ ကျော်သေဆုံးသွားခဲ့ပြီး ၄၀ ကျော် ထိခိုက်ဒဏ်ရာရရှိသွားခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ စစ်ရေးတင်းမာနေခြင်းကြောင့် ပြည်သူများ အကြပ်အတည်းဖြစ်လာနိုင်ကြောင်း ကျောက်မဲမြို့ လူမှုကူညီရေးလုပ်နေသည့် အမျိုးသားတစ်ဦးက ပြောသည်။

“အခုလို ဆက်ပြီးတင်းမာနေမယ်ဆိုရင် ပြည်သူတွေကပဲပိုပြီး ဒုက္ခရောက်မယ်။ ကျနော်အနေနဲ့တော့ ဘက်လိုက်တာတော့မဟုတ်ဘူး။ သူတို့သဘောတူညီချက်ကိုရှာပြီးတော့ အရင်ကလိုပဲ ကိုယ်နေရာ၊ သူနေရာပြန်နေရင်လည်း ကောင်းသွားနိုင်တာပဲလေ။ တကယ်လို့ သူတို့ဒီလိုမလုပ်ရင်တော့ ကျနော်တို့ ပြည်သူတွေကတော့ ဒီထက်ပိုပြီး ကြပ်တည်းလာနိုင်တယ်။ အခုလည်း ပြောင်းဖူးချိုးနေတဲ့အချိန်လေ” ဟု ၎င်း က ပြောသည်။

ထိုကြောင့် ကျောက်မဲမြို့တွင် တိုက်ပွဲပြန်လည် ပြင်းထန်လာပါက ပျက်စီးဆုံးရှုံးမှု ပိုများလာနိုင်ပြီး ပြည်သူအတွက် ကယ်ဆယ်ရေးလုပ်ငန်းများအတွက်လည်း လုံလောက်မှုရှိမည်မဟုတ်ကြောင်း အထက်ပါ အမျိုးသားတစ်ဦးက ဆက်ပြောသည်။

“တိုက်ပွဲဆက်ဖြစ်ရင်တော့ ပိုပြီးပျက်စီးမှုတွေများလာမယ်။ ကျောက်မဲတမြို့လုံးအတွက်လည်း လူမှုကယ်ဆယ်ရေး အဖွဲ့က သုံး၊ လေး ဖွဲ့ပဲရှိတယ်။ နောက်တစ်ခုက စားသောက်ကုန်ပစ္စည်းနဲ့ ဆေးဝါးတွေလည်း ဒီဘက်ကိုပေးမလာဘူးဆိုတော့၊ အခုဆေးကုသနေတဲ့ လူနာတွေ ဆက်တိုးလာရင် ဆေးကုသဖို့ ဆေးမလုံလောက်တော့ဘူး” ဟု ၎င်းက ထပ်လောင်းပြောသည်။

တစ်ဖက်တွင်လည်း တအာင်းတပ် TNLA သည် တရုတ်အစိုးရ၏ ဖိအားပေးမှုကို ခံနေရသည့်အပြင် UWSA ထံမှ လက်နက်နှင့် ငွေကြေး ထောက်ပံ့မှုအား မရရှိတော့ပေ။

သျှမ်း-မန္တလေးနယ်စပ် မိုးကုတ်အပါအဝင် ကျောက်မဲ၊ မိုင်းငေါ့၊ သီပေါနှင့် မိုင်းလုံ မြို့နယ်တွင် စစ်ကော်မရှင်တပ်မှ လေကြောင်း၊ လက်နက်ကြီးနှင့် ဒရုန်းတို့ဖြင့် ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုကြောင့် သြဂုတ်လအတွင်း ပြည်သူ (၄၆) ဦး သေဆုံးခဲ့ရကြောင်း TNLA က ယမန်နေ့ စက်တင်ဘာလ ၁ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ထိုသေဆုံးမှုတွင် သံဃာတော် (၃) ပါး၊ သီလရှင် (၁) ပါး၊ အမျိုးသား (၁၉) ဦး၊ အမျိုးသမီး (၁၈) ဦးနှင့် ကလေး (၅) ဦး ပါဝင်ပြီး စစ်ကော်မရှင်တပ်က ပြည်သူများကို ဦးတည်၍ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်နေခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

ထို့ပြင် စစ်ကော်မရှင်တပ်၏ လေကြောင်းဗုံးကြဲမှုကြောင့် သံဃာတော် (၆) ပါး၊ သာမဏေ (၆) ပါး၊ အမျိုးသား (၃၁) ဦး၊ အမျိုးသမီး (၁၂) ဦး စုစုပေါင်း လူ (၅၅) ဦးလည်း ထိခိုက်ဒဏ်ရာရရှိသွားခဲ့ကြောင်း ဆိုသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ အရေးပေါ်ကာလ အမေ့ခံအမျိုးသမီးများ ဘဝ”

0
လူခန္ဓာကိုယ် ရေထဲမျောပါလုနီးပါး ဖြစ်သည့်အထိ ရေစီးအားပြင်းထန်နေသော်လည်း ဒေါ်လှတင်တို့အဖွဲ့ ရေကြီးမှုထဲ ပိတ်မိနေသည့် မွေးကင်းစကလေးငယ်နှင့် မိခင်ကို ကယ်တင်ရန် လှေတစီးကိုပါဆွဲသွားကြသည်။ ထို့နောက် လှေထဲကို မိခင်နှင့် မွေးကင်းစ ကလေးကို ရေစီးအားပြင်းထန်သည့်ကြား ရအောင် အသက်ကယ်ခဲ့ကြသည်။ ထိုဖြစ်ရပ် လွန်ခဲ့သည့် ၂၀၂၅ခုနစ် ဇူလိုင်လ အတွင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ...

“နိုင်ငံကူးပတ်စ်ပို့ဂယက် ကြားက သောက”

0
ယခုရက်ပိုင်း မြန်မာနိုင်ငံကူးလက်မှတ် (Passport) ကို ကိုင်ဆောင်ပြီး ပြည်ပမှာ ရွှေ့ပြောင်းနေထိုင် နေကြတဲ့သူတွေ ကြားမှာ စိတ်မအီမသာ ဖြစ်နေကြမယ်လို့ ထင်ပါတယ်။ အဲ့ဒီ စိတ်မအီမသာမှုကို ကျနော်ကိုယ်တိုင်လည်း ခံစားနေရပါတယ်။ မြန်မာနိုင်ငံမှာ “နိုင်ငံကူးလက်မှတ်” ကို ခရီးသွားရည်ရွယ်ချက်နဲ့ သွားရောက်လုပ်ကိုင်မယ့် အခြေအနေပေါ်မူတည်ပြီး အမျိုးအစားခွဲခြားထားပါတယ်။ မြန်မာနိုင်ငံရဲ့ Passport စာအုပ်က ကာဗာအနီရောင်ဖြစ်ပြီး အမျိုးအစားတွေကတော့ -• အလည်အပတ်ဆိုရင် Passport for Visit...

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...

ရွာငံမြို့နယ် နေရပ်ပြန် စစ်ရှောင်များ နေထိုင်ပြန်သော်လည်း နေထိုင်စရာခက်ခဲ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မင်းပလောင်ကျေးရွာမှ နေရပ်ပြန် စစ်ဘေးရှောင်များသည် နေအိမ်များ ပြန်လည်မဆောက်နိုင်သေးပဲ မိုးကာတဲများဖြင့် နေထိုင်နေရကြောင်း သတင်းရရှိသည်။ မင်းပလောင်ကျေးရွာကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၂)ရက်တွင် စစ်ကောင်စီမှ စစ်ကြောင်း ထိုးဝင်ရောက်ပြီး ရွာလုံးကျွတ်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထိုသို့ မီးရှို့ခံရသောကြောင့် မင်းပလောင် ကျေးရွာမှ စစ်ဘေးရှောင်...

မြန်မာပြည်မှာ မီးမလာလည်း အာကာသမှာ မီးလင်းစေရမယ်

0
မြန်မာပြည်သူတွေ လျှပ်စစ်မီးမှန်မှန်မရလို့ ဖယောင်းတိုင် တွန်းနေရတဲ့ဒုက္ခကို အသုံးသတ်ဖို့အတွက် အစိုးရက အဖြေရှာလိုက်ပါပြီ။ အဲ့ဒါကတော့ မြေကြီးပေါ်မှာ မီးမပေးနိုင်ရင် အာကာသထဲကို သွားကြည့်ဖို့ပါပဲ။ လာမယ့် ၂၀၂၈ ခုနှစ်မှာ မြန်မာအာကာသယာဉ်မှူးတစ်ယောက်ကို အာကာသထဲ လွှတ်တင်တော့မယ်လို့ သမ္မတရုံး ပြောခွင့်ရ ဒေါက်တာခိုင်ခိုင်စိုးက သတင်းကောင်း ပါးလိုက်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၁၇ ရက်ကနေ...