နောင်ချိုမြို့နယ် တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီတပ် ကျေးရွာအချို့ ပြန်လည်သိမ်းယူထား

သျှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်က စစ်အင်အား အလုံးအရင်း ဖြည့်တင်းကာ ထိုးစစ်ဆင်နေပြီး အချို့ကျေးရွာများကိုလည်း ပြန်လည်သိမ်းယူထားကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

စစ်ကောင်စီတပ်သည် ရပ်စောက်မြို့နယ်မှတဆင့် တောင်းခမ်း-ကံကြီးဘက်မှလည်းကောင်း၊ ပြင်ဦးလွင်မြို့မှတဆင့် အုမ္မသီးကျေးရွာဘက်မှလည်းကောင်း စစ်ကြောင်းခွဲကာ နောင်ချိုမြို့ဘက်သို့ အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်ပြီး ရွှေသွန်းကျေးရွာ၊ လုံဝယ်ကျေးရွာ နှင့် ညံတောကျေးရွာဘက်အထိ စစ်အင်အား ဖြည့်တင်းလာကြောင်း ရှေ့တန်းရောက် စစ်ရေးသတင်းရင်းမြစ်တစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“နေသာတဲ့ နေ့ဆို လေယာဉ်လာတော့ မိုးပဲ ရွာစေချင်တာ။ သူတို့က အပစ်ရပ်ကာလကို ဒီလကုန်ထိ ပြောပြီး စစ်ကောင်စီဘက်ကပဲ ထိုးစစ်လုပ်နေတာ၊ ကျနော်တို့တော့ ခံစစ်အနေနဲ့ပဲ တိုက်နေရတာ။ သူတို့ (စစ်ကောင်စီ)က အင်အားအလုံးအရင်းနဲ့ လာတာ၊ တခါတလေဆို သူတို့ဘက်ကလည်း အလုံးအရင်း သေတယ်” ဟု ၎င်းစစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

ပုံစာ – နောင်ချိုမြို့နယ် ကျေးရွာအချို့ကို စစ်ကောင်စီတပ် ပြန်လည်သိမ်းပိုက်ပြီးနောက် ရွာထဲဝင်လာစဉ် (ဓာတ်ပုံ – တယ်လီဂရမ်)

စစ်ကောင်စီတပ်သည် လက်ရှိအနေအထားအရ နောင်ချိုမြို့နယ် ရွှေမုဌောကျေးရွာ၊ နောင်လင်ကျေးရွာ၊ မဲပုတ်ကျေးရွာ၊ သရက်ချိုကျေးရွာနှင့် ရှောက်ခြုံကျေးရွာတို့ကို ပြန်လည် သိမ်းယူထားသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် နောင်ချိုမြို့ကို ပြန်ရရန် စစ်အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်နေပြီး စစ်ကောင်စီ ရောက်ရှိနေသော ရွှေသွန်းရွာနှင့် နောင်ချိုမြို့သည် ၈ မိုင်ခန့်သာ ကွာဝေးတော့ကြောင်း သိရသည်။

နောင်ချိုမြို့နယ်အတွင်း ဖြစ်ပွားသည့်တိုက်ပွဲများကြောင့် ကျောက်မဲမြို့နယ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်သွားသော စစ်ဘေးရှောင်များသည် စားဝတ်နေရေး အခက်အခဲ ဖြစ်ပွားနေကြောင်း စစ်ဘေးရှောင် အမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျောက်မဲမြို့ဘက်မှာ စစ်ရှောင်နေကြတာ အများကြီးပဲ၊ တစ်ထောင်ကျော်မယ် ထင်တာပဲ။ နောင်ချိုတို့ နောင်ပိန်တို့ဘက်မှာ တအုန်းအုန်းနဲ့ အသံတွေ ကြားနေရတာ။ အစ်မတို့လည်း အခြေအနေ ကြည့်နေရတာ၊ ဒီတစ်ခါဆို ပြေးစရာမြေ မရှိတော့ဘူး။ ဆိုင်ကယ်က လိုင်စင်ဖမ်းတယ် ဆိုတော့ စီးစရာလည်း မရှိဘူး၊ အလုပ်အကိုင်လည်း ရှားတယ်” ဟု ၎င်းစစ်ရှောင် အမျိုးသမီးက ဆိုသည်။

စစ်ကောင်စီတပ်က ဇွန် ၂၂ ရက်တွင် နောင်ချိုမြို့ သရက်ကုန်ကျေးရွာကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး၊ ဇွန် ၂၁ ရက်တွင်လည်း နောင်ချိုမြို့ သံဘိုကျေးရွာကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးအလုံး(၅၀)ကျော် ကြဲချတိုက်ခိုက်ခဲ့ကြောင်း TNLA ဘက်မှ ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းတွင် တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် စစ်ကောင်စီတို့သည် တရုတ်၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် ကူမင်းမြို့၌ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ရာ နောင်ချိုမြို့နယ်၊ ကျောက်မဲမြို့နယ်၊ သီပေါမြို့နယ်၊ မိုးကုတ်မြို့နယ်နှင့် မိုးမိတ်မြို့နယ်တို့မှ TNLA တပ်များ ဆုတ်ခွာရန် စစ်ကောင်စီဘက်က တောင်းဆိုခဲ့ခြင်းကြောင့် ဆွေးနွေးပွဲ မအောင်မြင်ခဲ့ပေ။

စစ်ကောင်စီ၏ စစ်ရေးဖိအားပေးမှု၊ တရုတ်အစိုးရ၏ ဖိအားကြား TNLA အနေဖြင့် ရင်ဆိုင်နေရသော်လည်း ၎င်းတို့ သိမ်းပိုက်ထားသည့် နယ်မြေကို လက်လွှတ်မည်မဟုတ်ကြောင်း၊ စစ်အာဏာရှင်ကို ဆက်လက်တော်လှန်သွားမည် ဖြစ်ကြောင်း ဇွန် ၅ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် TNLA ဘက်မှ ပြောဆိုခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...

နမ့်ခမ်းမြို့အနီး ပေါက်ကွဲမှုကြီး ဖြစ်ပွား၊ သေဆုံးသူ ၂၀ ကျော်အထိရှိလာ၊ ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်ရှိ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း၌ ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုအတွင်း ၂၀ ဦးကျော် သေဆုံးကြောင်း ကနဦး သိရှိရပြီး ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်နှင့် ပိတ်မိနေသူများကိုလည်း ဆက်လက် ကယ်ထုတ်နေဆဲ ဖြစ်ကြောင်း နမ့်ခမ်းမြို့ခံတစ်ဦးက ပြောသည်။ “သေတဲ့လူကတော့ ၂၀...