မိုးကုတ်မှာ ဘာဖြစ်နေလဲ

သျှမ်းပြည်နှင့် မန္တလေးတိုင်း နယ်စပ်မြို့ဖြစ်သည့် မတ္တမြားမြေ မိုးကုတ်မြို့နယ်တွင် ယနေ့ (ဇွန် ၂၅ ရက်) နံနက်က စပြီး တိုက်ပွဲ ပြင်းထန်နေရာ လက်နက်ကြီး ပစ်ခတ်သံများ ကြားနေရသည်ဟု မိုးကုတ်မြို့ခံများက ပြောသည်။

TNLA/ PDF တပ်များက မိုးကုတ်မြို့ အနောက်ဘက်၊ ဒေါ်နန်းကြည်တောင်ရှိ စစ်ကောင်စီတပ်ကို ထိုးစစ်ဆင် တိုက်ခိုက်နေပြီး လက်နက်ကြီး၊ လက်နက်ငယ်သံများ ကြားနေရသည်ဟု မြို့ အနောက်ပိုင်းတွင် နေထိုင်သည့် ဒေသခံ တစ်ဦးက ပြောသည်။

“အခုထိ ကြားနေရတယ်။ လက်နက်ကြီးသံတွေကော။ သေနတ်သံတွေကော။ ခုထိ မြို့ထဲတော့ ဖြစ်သံ မကြားသေးဘူး” ၎င်းကဆိုသည်။

လက်ရှိ မြို့ပေါ်ရှိ ကျောင်းများ ပိတ်လိုက်ပြီဖြစ်ပြီး ဆိုင်အချို့ပိတ်ထားကာ ဖွင့်ထားသည့် ဆိုင်အချို့ စားသောက်ကုန်များကို ထိန်းရောင်းနေကြောင်း၊ မြို့ပေါ်တွင် သွားလာသူများ ရှိနေဆဲဖြစ်ကြောင်း မြို့ခံများက ဆိုသည်။

“ကျပ်ပြင်-ဂွေ့ကြီးဘက် (မြို့အနောက်ဘက်) ဖြစ်တယ် ပြောတယ်။ အရှေ့ဘက်ကတော့ သိပ်မကြားဘူး။ မြို့က ထွက်တဲ့လူတွေလည်း ထွက်နေတယ်။ တံတားကျိုးလို့ လမ်းမှာ ပိတ်မိနေတယ်လို့ ပြောသံလည်း ကြားတယ်။ သေချာတော့ မသိဘူး” ဟု မြို့ခံ အမျိုးသမီး တစ်ဦးက ပြောသည်။

ယနေ့ နေ့လယ်ပိုင်း ပစ်ခတ်သံများ လျော့သွားသော်လည်း မြို့အနီးရှိ စစ်ကောင်စီတပ် ဗျူဟာကုန်းက လက်နက်ကြီး ပစ်ခတ်သံများ ကြားနေရဆဲဖြစ်ကြောင်း၊ မြို့တွင်း၌ သွားလာမှုများ ရှိနေဆဲဖြစ်ကြောင်း မြို့ခံများက ဆိုသည်။

လက်ရှိ မိုးကုတ်မြို့ပေါ် တည်ငြိမ်နေဆဲဖြစ်ပြီး ဖုန်းနှင့် အင်တာနက်လိုင်းများ ကောင်းမွန်ကြောင်း၊ တိုက်ပွဲ အခြေအနေနှင့် တကွ မိုးကုတ်- မန္တလေး လမ်းပိုင်း အခြေအနေ သတင်းမျိုးစုံ ထွက်ပေါ်နေသဖြင့် စိုးရိမ်ကြောင်း အခြားမြို့ခံ တစ်ဦးက ဆိုသည်။

လက်ရှိ မိုးကုတ်-မန္တလေး လမ်းပိုင်း၊ နွယ်ရုံရွာအနီးရှိ သရက်ချောင်း တံတားကျိုးနေသော်လည်း ကားငယ်များ သွားလာ၍ ရသေးကြောင်း မိုးကုတ်မှ မန္တလေးသို့ ယနေ့ သွားရောက်နေသူ တစ်ဦးက ပြောသည်။

“တံတားက အလယ်က တစ်ပေလောက် ပေါက်သွားတာ။ ကားလေးသွားလို့ရတယ်။ ကားကြီးတော့ မရလောက်ဘူး။ မတ္တရာလမ်းက သွားလို့ရတယ်။ ရေနံ့သာ တိုးဂိတ်ပိတ်ထားတယ်တော့ ကြားတယ်” ဟု ၎င်းကရှင်းပြသည်။

ယနေ့ နံနက်ပိုင်းမှ စတင်ကာ မိုးကုတ် ကားလမ်းမကြီးပေါ်တွင် စစ်ကားများ၊ လူနာတင်ကားများ အပြင်းမောင်းနှင်နေသည်ကို တွေ့ရကြောင်း မတ္တရာ ဒေသခံ တစ်ဦးက ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။

သျှမ်းသံတော်ဆင့်၏ မေးမြန်းမှုများအရ လက်ရှိ အချိန်အထိ မိုးကုတ်-မန္တလေး ကားလမ်းမ အသုံးပြု သွားလာနေသော်လည်း အချိန်မရွေး လမ်းပိတ်သွားနိုင်သည့် အခြေအနေဖြစ်ကြောင်း လမ်းအသုံးပြုနေသူများက ဆိုသည်။

တိုက်ပွဲကာလအတွင်း ခရီးသွားပြည်သူများ ည ၇ နာရီမှ မနက် ၆ နာရီအတွင်း မန္တလေး – မိုးကုတ်နှင့် မန္တလေး – မြစ်ကြီးနား ကားလမ်းပေါ် ခရီးသွားလာမှု မပြုရန် သတ်မှတ်ချိန်အတွင်း သွားလာပါက ကားမှန်ချပြီး မောင်းနှင်ကြရန် ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဇွန်လ ၂၄ ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

ယနေ့ ဇွန်လ ၂၅ ရက်တွင် ကျောက်မဲ၊ နောင်ချိုနှင့် မိုးကုတ်မြို့နယ်များတွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး လက်နက်ကြီးကြောင့် အရပ်သား ထိခိုက်သေဆုံးမှုများ ရှိနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...

နမ့်ခမ်းမြို့အနီး ပေါက်ကွဲမှုကြီး ဖြစ်ပွား၊ သေဆုံးသူ ၂၀ ကျော်အထိရှိလာ၊ ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်ရှိ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း၌ ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုအတွင်း ၂၀ ဦးကျော် သေဆုံးကြောင်း ကနဦး သိရှိရပြီး ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်နှင့် ပိတ်မိနေသူများကိုလည်း ဆက်လက် ကယ်ထုတ်နေဆဲ ဖြစ်ကြောင်း နမ့်ခမ်းမြို့ခံတစ်ဦးက ပြောသည်။ “သေတဲ့လူကတော့ ၂၀...