မိုးကုတ်
မန္တလေး-မိုးကုတ်လမ်းပိုင်းရှိ စစ်ကော်မရှင်ဂိတ်များတွင် စစ်ဆေးမှုတင်းကြပ်ပြီး ငွေညှစ်တောင်း
မန္တလေး-မိုးကုတ် လမ်းပိုင်းရှိ စစ်ကော်မရှင် စစ်ဆေးရေဂိတ်များတွင် စစ်ဆေးတင်းကြပ်ပြီး ခရီးသွားများထံ ငွေညှစ်တောင်းခံနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာ လဆန်းပိုင်းမှ စတင်ပြီး မန္တလေး- မိုးကုတ် လမ်းပိုင်းရှိ ပြင်ဦးလွင်မြို့နယ် ဝက်ဝံကျေးရွာအနီး စစ်ကော်မရှင် စစ်ဆေးရေးဂိတ်နှင့် မန္တလေးမြို့အဝင် (၁၆) မိုင်ဂိတ်တို့တွင် စစ်ဆေးမှုများ တင်းကြပ်နေကြောင်း မန္တလေး-မိုးကုတ်...
မိုးကုတ်မြို့တွင် စစ်ကော်မရှင် တပ်စွဲထားသည့် ပြည်သူ့ဆေးရုံ ဒရုန်းဗုံးကြဲတိုက်ခိုက်ခံရ
သျှမ်းပြည် - မန္တလေးတိုင်းနယ်စပ် မိုးကုတ်မြို့ရှိ စစ်ကော်မရှင်တပ်ဖွဲ့ ဝင်ရောက်တပ်စွဲထားသည့် ပြည်သူ့ဆေးရုံကို တော်လှန်ရေးအင်အားစု PDF တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၁ ရက်) ညနေပိုင်းတွင် စစ်ကော်မရှင်တပ်ဖွဲ့ ပြန်လည်ဝင်ရောက် တပ်စွဲထားသည့် မိုးကုတ်မြို့ရှိ ပြည်သူ့ဆေးရုံနှင့် အနီးတစ်ဝိုက်ကို တော်လှန်ရေးအင်အားစု...
မိုးကုတ်နှင့်မိုးမိတ်မြို့ကို စစ်တပ်ထံ ပြန်ပေးရခြင်းကြောင့် ရင်ထဲနာကျင်ရကြောင်း TNLA ဗိုလ်ချုပ်ပြော
SHAN -
သျှမ်းပြည်မြောက်ပိုင်းနှင့် မန္တလေးနယ်စပ်ရှိ မိုးကုတ်မြို့၊ မိုးမိတ်မြို့တို့ကို စစ်ကော်မရှင်တပ်ထံ ပြန်လည်ပေးအပ်လိုက်ရခြင်းကြောင့် အမှန်တကယ် ပေးဆပ်နစ်နာသူများကို အနူးအညွတ် တောင်းပန်ပြီး ရင်ထဲ လှိုက်လှိုက်လှဲလှဲ နာကျင်ရကြောင်း TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်က ပြောဆိုလိုက်သည်။ မိုးကုတ်မြို့နှင့် မိုးမိတ်မြို့ ပြန်ပေးလိုက်ရသည့်အပေါ် နိုင်ငံရေး ဖျာခင်းသူနှင့် ဘာမှန်းမသိ ဆဲချင်သူများကို...
မိုးကုတ်-မိုးမိတ်ကြားတွင် စစ်ကော်မရှင်တပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KIA ပြော
သျှမ်းပြည်မြောက်ပိုင်းနှင့် မန္တလေးနယ်စပ်ရှိ မိုးကုတ်မြို့မှ မိုးမိတ်မြို့ဘက်သို့ ချီတက်လာသည့် စစ်ကော်မရှင်တပ်နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ TNLA တပ်ဆုတ်ခွာမည်ဟု ကြေညာထားသည့် မိုးကုတ်မြို့ထဲသို့ စစ်ကော်မရှင်တပ်များ အင်အားထောင်နှင့်ချီ ပြန်လည်ဝင်ရောက်ခဲ့ပြီးနောက် ယမန်နေ့ (နိုဝင်ဘာလ ၃၀ ရက်) ၌ မိုးမိတ်မြို့ဘက်သို့ စစ်ကော်မရှင်တပ် ဆက်လက်ထွက်ခွာသွားစဉ် KIA...
မိုးကုတ်မြို့အဝင်အထွက်ကို TNLA ပိတ်ဆို့ထားသော်လည်း စစ်တပ်ယာဉ်တန်း မြို့ထဲဝင်ရန် လမ်းဖွင့်ပေး
သျှမ်းပြည်မြောက်ပိုင်းနှင့် မန္တလေးနယ်စပ်ရှိ မိုးကုတ်မြို့ အဝင်အထွက်ကို TNLA ဘက်မှ ပိတ်ဆို့ခဲ့သော်လည်း စစ်ကော်မရှင်တပ် ယာဉ်တန်းများ မြို့ထဲသို့ ဝင်ရောက်နိုင်ရန် လမ်းဖွင့်ပေးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာလ ၂၈ ရက်) နံနက်ပိုင်းမှ စတင်ပြီး TNLA တပ်ဆုတ်ခွာမည်ဟု ကြေညာထားသည့် မိုးကုတ်မြို့တွင် မာရှယ်လော ကြေညာပြီး...
မိုးကုတ်၊ မိုးမိတ်မြို့ထဲ စစ်ကော်မရှင်တပ် ပြန်ဝင်ရေးအတွက် TNLA အင်အားဖြည့် ဖြန့်ကြက်ချထား
သျှမ်းပြည်မြောက်ပိုင်းနှင့် မန္တလေးတိုင်းနယ်စပ်ရှိ မိုးကုတ်၊ မိုးမိတ်မြို့များထဲသို့ စစ်ကော်မရှင်တပ်များ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် TNLA က စစ်အင်အား ဖြန့်ကြက်ချထားကာ လုံခြုံရေး ယူပေးနေကြောင်း ဒေသခံများပြောဆိုမှုအရ သိရသည်။
လားရှိုးမြို့တွင် TNLA နှင့် စစ်ကောင်စီ ထပ်မံဆွေးနွေးခဲ့၊ တပ်ဆုတ်မည့်အစီအစဉ် အတည်မပြုနိုင်သေး
သျှမ်းပြည် လားရှိုးမြို့တွင် စစ်ကောင်စီနှင့် TNLA နှစ်ဘက်ကိုယ်စားလှယ်များ ထပ်မံတွေ့ဆုံပြီး မိုးကုတ်မြို့၊ မိုးမိတ်မြို့တို့မှ တပ်ဆုတ်မည့် အစီအစဉ်ကို ဆွေးနွေးခဲ့ကြောင်း စုံစမ်းသိရသည်။
TNLA ဆုတ်ခွာမည့် မိုးကုတ်မြို့တွင် စစ်အာဏာရှင်လက်မခံကြောင်း သံပုံးတီးဆန္ဒပြ
သျှမ်းပြည်နှင့် မန္တလေးနယ်စပ် TNLA ဆုတ်ခွာမည်ဟုဆိုထားသည့် မိုးကုတ်မြို့တွင် တော်လှန်ရေးအင်အားစုများနှင့် ဒေသခံပြည်သူများမှ စစ်အာဏာရှင်ဆန့်ကျင်ရေး သံပုံးတီးဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရသည်။
စစ်ကော်မရှင်တပ်နှင့် TNLA ကြား အပစ်ရပ်၊ မိုးကုတ်နှင့် မိုးမိတ်မြို့နယ်မှ TNLA တပ်ဆုတ်မည်
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် စစ်ကော်မရှင်တို့ တရုတ်ကြားဝင်စေ့စပ်မှုကြောင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးခဲ့ကြောင်း TNLA ဘက်မှ ထုတ်ပြန်လိုက်သည်။ အောက်တိုဘာလ (၂၇-၂၈) ရက်တို့တွင် တရုတ်နိုင်ငံ ကူမင်းမြို့၌ TNLA ဘက်မှ ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် စစ်ကော်မရှင်ဘက်မှ ဒုဗိုလ်ချုပ်ကြီး ကိုကိုဦး...
မိုးကုတ်မြို့ အရှေ့ပိုင်းကို စစ်ကော်မရှင်တပ် ဗုံးထပ်မံကြဲ
သျှမ်းပြည် - မန္တလေးနယ်စပ် မိုးကုတ်မြို့ကို စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက် သွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (အောက်တိုဘာ ၂၁ ရက်) နေ့လည် ၃ နာရီဝန်းကျင်တွင် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့အရှေ့ပိုင်း ဘုရားငါးဆူ အနီးတဝိုက်ကို စစ်ကော်မရှင်တပ်က...





