စစ်ကော်မရှင်တပ်နှင့် TNLA ကြား အပစ်ရပ်၊ မိုးကုတ်နှင့် မိုးမိတ်မြို့နယ်မှ TNLA တပ်ဆုတ်မည်

တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် စစ်ကော်မရှင်တို့ တရုတ်ကြားဝင်စေ့စပ်မှုကြောင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးခဲ့ကြောင်း TNLA ဘက်မှ ထုတ်ပြန်လိုက်သည်။

အောက်တိုဘာလ (၂၇-၂၈) ရက်တို့တွင် တရုတ်နိုင်ငံ ကူမင်းမြို့၌ TNLA ဘက်မှ ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် စစ်ကော်မရှင်ဘက်မှ ဒုဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်သည့် NSPNC ကိုယ်စားလှယ်အဖွဲ့တို့သည် တရုတ်အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်း ၏ ကြားဝင်ညှိနှိုင်းမှုဖြင့် (၉) ကြိမ်မြောက် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း TNLA ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးမှုအတွင်း တရုတ်အထူးကိုယ်စားလှယ်၏ ကြားဝင်စေ့စပ်ညှိနှိုင်းမှုကြောင့် နှစ်ဘက် အပြန်အလှန် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နိုင်ခဲ့ပြီး သဘောတူ သတ်မှတ်ထားသည့် ကာလတွင် မိုးကုတ်နှင့် မိုးမိတ်မြို့နယ်များမှ TNLA တပ်ဆုတ်ခွာမည်ဖြစ်ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနမှ တရားဝင် ထုတ်ပြန်သည်။

“ဒီတစ်ခေါက် ဆွေးနွေးပွဲမှာ TNLA ဘက်က တပ်ဆုတ်ပေးမယ်ဆိုတာ သဘောတူလိုက်ရတာ။ မိုးကုတ်နဲ့ မိုးမိတ်ကနေ TNLA ဆုတ်မယ်ဆိုတော့ တိုက်ပွဲက မရှိသလောက် ဖြစ်သွားမယ်၊ စစ်ရှောင်တွေလည်း ဒီကြားထဲ နေရပ်ပြန်လို့ ရမယ်။ ဒါက စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲ မတိုင်ခင်မှာ တည်ငြိမ်မှုရအောင် တရုတ်က ဖိအားပေးလိုက်တာ ဖြစ်မယ်”ဟု သျှမ်းပြည်မြောက်ပိုင်း စစ်ရေးလေ့လာသူတစ်ဦးက သုံးသပ်ပြောဆိုသည်။

ထို့အပြင် စစ်ကော်မရှင်တပ်မှ TNLA ထိန်းချုပ်ဒေသအတွင်း လေယာဉ်ဗုံးကြဲခြင်း၊ ထိုးစစ်ဆင် တိုက်ခိုက်ခြင်းများ မပြုလုပ်ဘဲ ယနေ့ (အောက်တိုဘာ ၂၉ ရက်) မှ စတင်၍ နှစ်ဘက်ရောက်ရှိသည့် နေရာတွင် တပ်များရပ်တန့်ကာ အပြန်အလှန် အပစ်အခတ် ရပ်စဲရေးအတွက် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

TNLA ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား

ယခု အောက်တိုဘာလအတွင်း စစ်ကော်မရှင်တပ်မှ TNLA ထိန်းချုပ်ခဲ့သည့် ကျောက်မဲမြို့နှင့် သီပေါမြို့တို့ကို ပြန်လည်ထိန်းချုပ်ခဲ့ပြီးနောက် နမ္မတူမြို့ဘက် မြေပြင်ထိုးစစ်ဆင် တိုက်ခိုက်နေစဉ် နှစ်ဘက်တပ်ဖွဲ့ကြား အပစ်ရပ် သဘောတူညီချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

လက်ရှိ TNLA လက်အောက်တွင် နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ ကွတ်ခိုင်နှင့် နမ့်ခမ်း (၅) မြို့နယ် ကျန်ရှိနေပြီး အုပ်ချုပ်ရေးယန္တရားများ လည်ပတ်လျက်ရှိသည်။

အလားတူ တရုတ်နိုင်ငံ၏ ကြားဝင်စွက်ဖက်မှုဖြင့် ယခုနှစ် ၂၀၂၅ ဧပြီလထဲတွင် စစ်ကော်မရှင်တပ်က လားရှိုးမြို့ကို ကိုးကန့်တပ်ဖွဲ့ MNDAA လက်ထဲမှ ပြန်လည်ရယူခဲ့ပြီး လေကြောင်းပစ်ကူ၊ မြေပြင်စစ်ကြောင်း အင်အားအများအပြားဖြင့် TNLA လက်အောက်ရှိ နောင်ချိုမြို့ကို ၂၀၂၅ ဇူလိုင် ၁၅ ရက်တွင် ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။

ညီနောင်မဟာမိတ်တပ်များနှင့် စစ်ကော်မရှင်တပ်အကြား “၁၀၂၇ စစ်ဆင်ရေး” ၂ နှစ်တာ တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ တန်ပြန်ထိုးစစ်များမှာ လေကြောင်းဖြင့် နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အရပ်သားသေဆုံးမှု တစ်ထောင်ကျော် ရှိခဲ့ပြီး တစ်ထောင်ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သျှမ်းသံတော်ဆင့်မှ ကောက်ယူထားသော မှတ်တမ်းများအရ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...

နမ့်ခမ်းမြို့အနီး ပေါက်ကွဲမှုကြီး ဖြစ်ပွား၊ သေဆုံးသူ ၂၀ ကျော်အထိရှိလာ၊ ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်ရှိ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း၌ ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုအတွင်း ၂၀ ဦးကျော် သေဆုံးကြောင်း ကနဦး သိရှိရပြီး ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်နှင့် ပိတ်မိနေသူများကိုလည်း ဆက်လက် ကယ်ထုတ်နေဆဲ ဖြစ်ကြောင်း နမ့်ခမ်းမြို့ခံတစ်ဦးက ပြောသည်။ “သေတဲ့လူကတော့ ၂၀...