မန္တလေး-မိုးကုတ်လမ်းပိုင်းရှိ စစ်ကော်မရှင်ဂိတ်များတွင် စစ်ဆေးမှုတင်းကြပ်ပြီး ငွေညှစ်တောင်း

မန္တလေး-မိုးကုတ် လမ်းပိုင်းရှိ စစ်ကော်မရှင် စစ်ဆေးရေဂိတ်များတွင် စစ်ဆေးတင်းကြပ်ပြီး ခရီးသွားများထံ ငွေညှစ်တောင်းခံနေကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ လဆန်းပိုင်းမှ စတင်ပြီး မန္တလေး- မိုးကုတ် လမ်းပိုင်းရှိ ပြင်ဦးလွင်မြို့နယ် ဝက်ဝံကျေးရွာအနီး စစ်ကော်မရှင် စစ်ဆေးရေးဂိတ်နှင့် မန္တလေးမြို့အဝင် (၁၆) မိုင်ဂိတ်တို့တွင် စစ်ဆေးမှုများ တင်းကြပ်နေကြောင်း မန္တလေး-မိုးကုတ် ခရီးစဉ် ပြေးဆွဲနေသည့် ကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ခရီးသည်တွေရဲ့ မှတ်ပုံတင်ကို လူမျိုးကြည့်ပြီး တောင်းတာ။ ၅ ထောင်ကျပ်ကနေ ၃ သောင်းအထိ တောင်းတယ်၊ ဝက်ဝံဂိတ်နဲ့ (၁၆) မိုင်ဂိတ်မှာ တောင်းတာ။ ကားသမားတွေကတော့ ဂိတ်တိုင်းကို ပေးရတယ်။ ကားမှာ ပါလာတဲ့ ပစ္စည်းတွေက ဆေး၊ တားမြစ်ထားတဲ့ စားသောက်ကုန်၊ ဆိုလာပြား အဲ့တာတွေကိုလည်း ပေးမတင်ဘူး”ဟု မိုးကုတ်မြို့နယ်မှ ကားသမားတစ်ဦးက ပြောသည်။

ဒီဇင်ဘာလဆန်းပိုင်းတွင် TNLA တပ်ဆုတ်ခွာပြီး စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် မိုးကုတ်မြို့မှ မန္တလေးမြို့ကြား လမ်းခရီးတလျှောက် စစ်ဆေးရေးဂိတ်ပေါင်း ၁၀ ဂိတ် ဝန်းကျင်ရှိပြီး ခရီးတစ်ခေါက်သွားလျှင် လမ်းတလျှောက်ပေးရသည့် ဂိတ်ကြေးမှာ (၈) သောင်းဝန်းကျင်အထိ ကုန်ကျကြောင်း ၎င်းကားသမားက ဆက်ပြောသည်။

“ကားတိုင်းကို ဘယ်သွားမလဲ မေးတယ်၊ မိုးမိတ် မိုးကုတ်လို့ ဖြေမိလိုက်တာနဲ့ တစ်စီးလုံး စစ်တာပဲ။ တစ်လမ်းလုံး ဂိတ်က ၁၀ ဂိတ်လောက်ရှိတယ် တစ်ဂိတ်ကို အနည်းဆုံး ၅ ထောင်လောက် ပေးရတော့ တစ်ခါသွားရင် ဂိတ်ကြေး ပေးရတာက ၈ သောင်းလောက်ထိ ရှိတယ်”ဟု မိုးကုတ်မြို့နယ်မှာ အဆိုပါကားသမားက ထပ်လောင်းပြောသည်။

လက်ရှိတွင် မိုးကုတ်မြို့မှ မန္တလေးမြို့အထိ တစ်ဦးလျှင် ကားခ ကျပ် (၃) သိန်းကျော် ပေးရပြီး ယခင်က တစ်ဦးလျှင် ကျပ် (၁) သိန်းခွဲဝန်းကျင်သာ ရှိခြင်းကြောင့် ကားခ နှစ်ဆ တက်သွားကြောင်း မိုးကုတ်မြို့နယ် ကားသမားတစ်ဦးက ဆက်ပြောသည်။

“အရင်တုန်းက ကားခ အဲ့လောက်ဈေးမကြီးဘူး၊ စစ်ကော်မရှင်တွေ မြို့ထဲမဝင်ခင် တစ်လ အလိုလောက်ကတည်းက ဈေးတဖြေးဖြေး တက်ပြီး အခုထိ ပြန်မကျသေးတာ။ ခုက တစ်ယောက်ကို ၃ သိန်း၊ ၃ သိန်းခွဲထိ ပေးရတယ်။ အဲ့ကြောင့် တချို့ မန္တလေးကို ရောက်နေတဲ့ လူတွေကလည်း ပြန်ဖို့ အခက်အခဲဖြစ်နေတာ၊ ကားခ ဈေးပြန်မကျသေးလို့”ဟု ၎င်းကားသမားက ပြောသည်။

ထို့အပြင် ခရီးသွားများ၏ နိုင်ငံသားမှတ်ပုံတင်တွင် ၁၃ မျဉ်းစောင်း၊ တအာင်း(ပလောင်) လူမျိုးဖြစ်နေလျှင် စစ်ကော်မရှင် စစ်ဆေးရေးဂိတ်များတွင် ငွေ (၃) သောင်းမှ (၃) သိန်းအထိ ငွေညှစ်တောင်းခံပြီး စစ်ဆေးမှု တင်းကြပ်နေကြောင်း သိရသည်။

သျှမ်းပြည်မြောက်ပိုင်းနှင့် မန္တလေးနယ်စပ်ရှိ မိုးကုတ်မြို့မှ TNLA တပ်ဆုတ်ခွာပြီးနောက် စစ်ကော်မရှင်တပ်ဖွဲ့က ပြီးခဲ့သည့် နိုဝင်ဘာလ နောက်ဆုံးပတ်တွင် ပြန်လည် ဝင်ရောက် ထိန်းချုပ်ခဲ့သည်။

မိုးကုတ်မြို့နယ်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA အပြင် ကချင်လွတ်လပ်ရေးတပ် (KIA) ၊ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များလည်း သွားလာလှုပ်ရှားနေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ အရေးပေါ်ကာလ အမေ့ခံအမျိုးသမီးများ ဘဝ”

0
လူခန္ဓာကိုယ် ရေထဲမျောပါလုနီးပါး ဖြစ်သည့်အထိ ရေစီးအားပြင်းထန်နေသော်လည်း ဒေါ်လှတင်တို့အဖွဲ့ ရေကြီးမှုထဲ ပိတ်မိနေသည့် မွေးကင်းစကလေးငယ်နှင့် မိခင်ကို ကယ်တင်ရန် လှေတစီးကိုပါဆွဲသွားကြသည်။ ထို့နောက် လှေထဲကို မိခင်နှင့် မွေးကင်းစ ကလေးကို ရေစီးအားပြင်းထန်သည့်ကြား ရအောင် အသက်ကယ်ခဲ့ကြသည်။ ထိုဖြစ်ရပ် လွန်ခဲ့သည့် ၂၀၂၅ခုနစ် ဇူလိုင်လ အတွင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ...

“နိုင်ငံကူးပတ်စ်ပို့ဂယက် ကြားက သောက”

0
ယခုရက်ပိုင်း မြန်မာနိုင်ငံကူးလက်မှတ် (Passport) ကို ကိုင်ဆောင်ပြီး ပြည်ပမှာ ရွှေ့ပြောင်းနေထိုင် နေကြတဲ့သူတွေ ကြားမှာ စိတ်မအီမသာ ဖြစ်နေကြမယ်လို့ ထင်ပါတယ်။ အဲ့ဒီ စိတ်မအီမသာမှုကို ကျနော်ကိုယ်တိုင်လည်း ခံစားနေရပါတယ်။ မြန်မာနိုင်ငံမှာ “နိုင်ငံကူးလက်မှတ်” ကို ခရီးသွားရည်ရွယ်ချက်နဲ့ သွားရောက်လုပ်ကိုင်မယ့် အခြေအနေပေါ်မူတည်ပြီး အမျိုးအစားခွဲခြားထားပါတယ်။ မြန်မာနိုင်ငံရဲ့ Passport စာအုပ်က ကာဗာအနီရောင်ဖြစ်ပြီး အမျိုးအစားတွေကတော့ -• အလည်အပတ်ဆိုရင် Passport for Visit...

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...

ရွာငံမြို့နယ် နေရပ်ပြန် စစ်ရှောင်များ နေထိုင်ပြန်သော်လည်း နေထိုင်စရာခက်ခဲ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မင်းပလောင်ကျေးရွာမှ နေရပ်ပြန် စစ်ဘေးရှောင်များသည် နေအိမ်များ ပြန်လည်မဆောက်နိုင်သေးပဲ မိုးကာတဲများဖြင့် နေထိုင်နေရကြောင်း သတင်းရရှိသည်။ မင်းပလောင်ကျေးရွာကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၂)ရက်တွင် စစ်ကောင်စီမှ စစ်ကြောင်း ထိုးဝင်ရောက်ပြီး ရွာလုံးကျွတ်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထိုသို့ မီးရှို့ခံရသောကြောင့် မင်းပလောင် ကျေးရွာမှ စစ်ဘေးရှောင်...

မြန်မာပြည်မှာ မီးမလာလည်း အာကာသမှာ မီးလင်းစေရမယ်

0
မြန်မာပြည်သူတွေ လျှပ်စစ်မီးမှန်မှန်မရလို့ ဖယောင်းတိုင် တွန်းနေရတဲ့ဒုက္ခကို အသုံးသတ်ဖို့အတွက် အစိုးရက အဖြေရှာလိုက်ပါပြီ။ အဲ့ဒါကတော့ မြေကြီးပေါ်မှာ မီးမပေးနိုင်ရင် အာကာသထဲကို သွားကြည့်ဖို့ပါပဲ။ လာမယ့် ၂၀၂၈ ခုနှစ်မှာ မြန်မာအာကာသယာဉ်မှူးတစ်ယောက်ကို အာကာသထဲ လွှတ်တင်တော့မယ်လို့ သမ္မတရုံး ပြောခွင့်ရ ဒေါက်တာခိုင်ခိုင်စိုးက သတင်းကောင်း ပါးလိုက်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၁၇ ရက်ကနေ...