TNLA ဆုတ်ခွာမည့် မိုးကုတ်မြို့တွင် စစ်အာဏာရှင်လက်မခံကြောင်း သံပုံးတီးဆန္ဒပြ

သျှမ်းပြည်နှင့် မန္တလေးနယ်စပ် TNLA ဆုတ်ခွာမည်ဟုဆိုထားသည့် မိုးကုတ်မြို့တွင် တော်လှန်ရေးအင်အားစုများနှင့် ဒေသခံပြည်သူများမှ စစ်အာဏာရှင်ဆန့်ကျင်ရေး သံပုံးတီးဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (နိုဝင်ဘာလ ၆ ရက်) ည ၈ နာရီမှ စတင်ကာ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တပ်ဆုတ်ခွာမည်ဟု ကြေညာထားသည့် မိုးကုတ်မြို့တွင် တော်လှန်ရေးအင်အားစုများ၊ ဒေသခံပြည်သူများမှ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးနှင့် စစ်ကောင်စီဘက်မှ မြို့ထဲသို့ ပြန်လည်ဝင်ရောက်လာမည်ကို လုံးဝ လက်မခံရေး အတွက် သံပုံးတီး ဆန္ဒပြခဲ့ကြောင်း ဒေသခံများက ပြောသည်။

“မနေ့ကတော့ မိုးကုတ်မှာ စကစကို သပိတ်မှောက် ဆန္ဒပြတယ်၊ သီချင်းတွေလည်း ဖွင့်တယ်။ ၁၀ မိနစ်လောက်ပေါ့။ တော်လှန်ရေးဘက်ကရော၊ ဒေသခံ ပြည်သူတွေကရော တစ်မြို့လုံးနီးပါး ပဲ။ အဓိက တော့ စကစကို မိုးကုတ်၊ မိုးမိတ်ကို ပေးလိုက်တာမို့၊ ဒီမြို့တွေကို စကစ မပေးဖို့ သပိတ်မှောက် ဆန္ဒပြတာပေါ့” – ဟု မိုးကုတ်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

မိုးကုတ်ပြည်သူများသည် စစ်အာဏာရှင်စနစ်ကို အလိုမရှိကြောင်း၊ အကြမ်းဖက်စစ်အုပ်စုက မိုးကုတ်မြို့ ထဲသို့ ပြန်လည်ဝင်ရောက်လာမည်ကို လုံးဝလက်မခံနိုင်ကြောင်း ယခု လူထုလှုပ်ရှား မှုမှတစ်ဆင့် ဖော်ထုတ်ပြသခဲ့ခြင်းဖြစ်သည်ဟု အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) မှ ထုတ်ပြန်ထားသည်။

၂၀၂၄ ဇူလိုင်လ မိုးကုတ်မြို့သိမ်းတိုက်ပွဲအတွင်း အတူတွေ့ရသည့် TNLA နှင့် MDY-PDF ခေါင်းဆောင်များ(ဓာတ်ပုံ-TNLA)

မိုးကုတ်မြို့ကို “၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်းအဖြစ် ယမန်နှစ် ၂၀၂၄ ဇူလိုင်လအတွင်း TNLA နှင့် PDF ပူးပေါင်းတပ်များက တိုက်ခိုက်ထိန်းချုပ်နိုင်ခဲ့ပြီး အုပ်ချုပ်ရေးယန္တရားကို TNLA ဘက်မှ ဦးဆောင် လည်ပတ်ခဲ့သည်။

သို့သော် အောက်တိုဘာလ ၂၇-၂၈ ရက်နေ့များတွင် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုကြောင့် TNLA နှင့် စစ်ကောင်စီ ကိုယ်စားလှယ်တို့ တရုတ်နိုင်ငံ ကူမင်းမြို့၌ (၉) ကြိမ်မြောက် တွေ့ဆုံဆွေးနွေးခဲ့ပြီး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးခဲ့သည်။

သဘောတူ သတ်မှတ်ထားသည့် ကာလတွင် မိုးကုတ်နှင့် မိုးမိတ်မြို့နယ်များမှ TNLA တပ်ဆုတ်ခွာပေးမည် ဖြစ်ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနမှ အောက်တိုဘာလ ၂၉ ရက်နေ့တွင် တရားဝင် ထုတ်ပြန် ထားသည်။

ထို့နောက်တွင် မိုးကုတ်မြို့သိမ်း တိုက်ပွဲအတွင်း TNLA နှင့်အတူ ပါဝင်ခဲ့ကြသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေး- PDF ၊ မိုးကုတ်ဗျူဟာ၊ မိုးကုတ်နှင့် ပြင်ဦးလွင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့က ထိန်းချုပ်နယ်မြေကို ကာကွယ်ရန် မိတ်ဖက်တော်လှန်ရေး အင်အားစုများနှင့် လက်တွဲ၍ အစွမ်းကုန် ခုခံကာကွယ်သွားမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။

“အခု မြို့ကနေ ဆုတ်ခွာသွားတဲ့သူတွေလည်းရှိတယ်။ စကစဘက်က မိုးကုတ်နဲ့ မိုးမိတ်ကို စစ်ကြောင်း ထိုးလာရင်တော့ တိုက်ပွဲကတော့ ဖြစ်မှာပဲ” – ဟု မိုးကုတ်ဒေသခံ ၎င်းအမျိုးသားက ဆက်ပြောသည်။

TNLA အနေဖြင့် မိုးကုတ်မြို့မှ နိုဝင်ဘာလ ၂၀ ရက်နောက်ဆုံးထား တပ်ဆုတ်ခွာရမည်ဟု သတင်းထွက်ပေါ်နေပြီး၊ လက်ရှိအချိန်ထိ စစ်ကောင်စီတပ်ဘက်မှ မိုးကုတ်မြို့ထဲ မည်သို့ ဝင်ရောက်လာမည်ကို မသိရသေးဘဲ လုံခြုံရေးစိုးရိမ်မှုကြောင့် ဒေသခံအချို့ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...

နမ့်ခမ်းမြို့အနီး ပေါက်ကွဲမှုကြီး ဖြစ်ပွား၊ သေဆုံးသူ ၂၀ ကျော်အထိရှိလာ၊ ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်ရှိ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း၌ ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုအတွင်း ၂၀ ဦးကျော် သေဆုံးကြောင်း ကနဦး သိရှိရပြီး ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်နှင့် ပိတ်မိနေသူများကိုလည်း ဆက်လက် ကယ်ထုတ်နေဆဲ ဖြစ်ကြောင်း နမ့်ခမ်းမြို့ခံတစ်ဦးက ပြောသည်။ “သေတဲ့လူကတော့ ၂၀...