မိုးကုတ်မြို့အဝင်အထွက်ကို TNLA ပိတ်ဆို့ထားသော်လည်း စစ်တပ်ယာဉ်တန်း မြို့ထဲဝင်ရန် လမ်းဖွင့်ပေး

သျှမ်းပြည်မြောက်ပိုင်းနှင့် မန္တလေးနယ်စပ်ရှိ မိုးကုတ်မြို့ အဝင်အထွက်ကို TNLA ဘက်မှ ပိတ်ဆို့ခဲ့သော်လည်း စစ်ကော်မရှင်တပ် ယာဉ်တန်းများ မြို့ထဲသို့ ဝင်ရောက်နိုင်ရန် လမ်းဖွင့်ပေးခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (နိုဝင်ဘာလ ၂၈ ရက်) နံနက်ပိုင်းမှ စတင်ပြီး TNLA တပ်ဆုတ်ခွာမည်ဟု ကြေညာထားသည့် မိုးကုတ်မြို့တွင် မာရှယ်လော ကြေညာပြီး ပြည်သူများ သွားလာခွင့်ကို ကန့်သတ်ကာ TNLA ဘက်မှ မြို့အဝင်အထွက်ကို ပိတ်ထားခဲ့သည်။

ထိုသို့ ပြည်သူဖြတ်သန်းသွားလာခွင့်ကို ကန့်သတ်ခဲ့သော်လည်း ယမန်နေ့ ညပိုင်းတွင် မိုးကုတ်မြို့သို့ ရောက်ရှိလာသည့် စစ်ကော်မရှင်တပ် ယာဉ်တန်းကို မြို့ထဲဝင်ရောက်ရန် TNLA ဘက်မှ လမ်းဖွင့်ပေးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“မနေ့ကတော့ မနက် ၆ နာရီကနေ ည ၆ နာရီအထိပဲ သွားလာလို့ရတယ်ဆိုပြီး မာရှယ်လော ကြေညာတယ်။ မြို့အဝင်အထွက်ကိုလည်း TNLA က ပိတ်လိုက်တာ၊ လမ်းတွေကို ပလောင်စစ်သားတွေက ဝါးလုံးနဲ့ တားထားပြီး ပေးမဖြတ်တော့ဘူး။ ညဘက်ရောက်တော့ မြို့ထဲဝင်လာတဲ့ စစ်တပ် ယာဉ်တန်းကို လမ်းဖွင့်ပေးတယ်၊ အခုက လိုင်းပိတ်ထားတော့ သတင်းသိရဖို့ နည်းနည်းခက်နေတယ်”ဟု မိုးကုတ်မြို့နယ်မှ စစ်ရေးသတင်းရင်းမြစ် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မိုးကုတ်မြို့ထဲသို့ ယမန်နေ့ ညပိုင်းတွင် စစ်ကော်မရှင်တပ်ဘက်မှ ကားအစီးရေ ၁၀၀ ဝန်းကျင်ခန့် အင်အားအလုံးအရင်းဖြင့် ဝင်ရောက်ခဲ့ကြောင်း မန္တလေး-PDF တပ်ဖွဲ့မှ တာဝန်ရှိသူ ကိုအော်စမွန်က ယနေ့ထုတ် DVB သတင်းတစ်ပုဒ်တွင် အတည်ပြု ဖြေကြားထားသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ ရက်မှ စ၍ မိုးကုတ်မြို့သိမ်းတိုက်ပွဲတွင် အတူပါဝင် တိုက်ခိုက်ခဲ့ကြသည့် တော်လှန်ရေးအင်အားစု PDF တပ်ဖွဲ့များမှာ မြို့ပြင်ဘက်သို့ ဆုတ်ခွာထားရပြီး မြို့အနီးတဝိုက်တွင် TNLA ဘက်မှ စစ်အင်အား ဖြန့်ကြက်ချထားကာ စစ်ကော်မရှင်တပ်များ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် လုံခြုံရေး ယူပေးနေကြောင်း ဒေသခံများက ပြောဆိုသည်။

လက်ရှိတွင် TNLA ဘက်မှ မြို့အဝင်အထွက် ပိတ်ဆို့ထားသည့်အပြင် Starlink အင်တာနက်များကိုပါ ပိတ်သိမ်းထားခြင်းကြောင့် သတင်းအချက်အလက် သိရှိနိုင်ရန် ခက်ခဲပြီး ဆက်သွယ်ရေး ပြတ်တောက်နေကြောင်း မိုးကုတ်စစ်ဘေးရှောင်များထံမှ သိရသည်။

မိုးကုတ်မြို့သို့ ဝင်ရောက်လာသည့် စစ်ကော်မရှင်တပ်များသည် ပြင်ဦးလွင်-နောင်ချို-ကျောက်မဲ-မိုးကုတ်လမ်းမကြီးအတိုင်း ဝင်ရောက်လာကြောင်း ပြောဆိုမှုများ ရှိနေပြီး သျှမ်းသံတော်ဆင့်အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

အလားတူ စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် သပိတ်ကျင်းမြို့ရှိ အမှတ်(၁၃) တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်းတွင် အင်အားစုဖွဲ့ထားပြီး မိုးမိတ်မြို့သို့ ပြန်လည်ဝင်ရောက်မည့် စစ်ကော်မရှင်တပ်သားများကို နိုဝင်ဘာလ (၂၆) ရက်တွင် TNLA လုံခြုံရေးဖြင့် ခေါ်သွင်းလာခဲ့ကြောင်း ဒေသခံများက ပြောသည်။

“မိုးမိတ်ကို စစ်တပ်က အရပ်ဝတ်နဲ့ ကားနှစ်စီးစာလောက် ရောက်နေတာ တစ်ပတ်လောက် ရှိပြီ။ TNLA က သူတို့ကို တင်လာပြီး အရင်စစ်တပ်ဟောင်းမှာ သွားချပေးခဲ့တာ။ အဲ့ဒီလာပို့တဲ့ကား စစ်တပ်ထဲက ပြန်ထွက်လာတာ မတွေ့တဲ့အကြောင်း KIA နဲ့ PDF ဘက်က သိတော့ ကြားထဲမှာ ကတောက်ကဆ ဖြစ်သေးတယ်။ တချို့လည်း အရပ်ဝတ်နဲ့ လာတယ်ပြောတယ်၊ တချို့လည်း ပလောင်ဝတ်စုံနဲ့ ဝင်လာတယ်ပြောတယ်” ဟု မိုးမိတ်မြို့နယ်မှ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မိုးကုတ်နှင့် မိုးမိတ် နှစ်မြို့လုံးတွင် TNLA နှင့် စစ်ကော်မရှင်ကြား ဆက်ဆံရေးရုံး ဖွင့်လှစ်ထားကြောင်း သိရပြီး နိုဝင်ဘာလ ၂၅ ရက် နောက်ဆုံးထား၍ TNLA လက်အောက်ခံ ရဲတပ်ဖွဲ့နှင့် အခြားရုံး ဝန်ထမ်းများ မြို့ထဲမှ ဆုတ်ခွာသွားကြောင်း မိုးမိတ်ဒေသခံများက ပြောသည်။

လက်ရှိ မိုးကုတ်နှင့် မိုးမိတ်မြို့များတွင် စစ်ကော်မရှင်တပ် ပြန်လည်ဝင်ရောက်လာသည့် အခြေအနေနှင့် ပတ်သက်၍ TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦး ထံ မေးမြန်းနိုင်ရန် သျှမ်းသံတော်ဆင့်မှ အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ယခင်က လက်ခံဖြေကြားခဲ့သည့် ဖုန်းနံပါတ်မှာ “တပ်ဆင်ထားခြင်းမရှိပါ” ဖြုတ်ချထားသည်။

TNLA နှင့် စစ်ကော်မရှင် ကိုယ်စားလှယ်များသည် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၂ ရက်နေ့တွင် လားရှိုးမြို့ပေါ်၌ ထပ်မံတွေ့ဆုံခဲ့ကာ မိုးကုတ်နှင့် မိုးမိတ်မြို့တို့မှ တပ်ဆုတ်မည့် အစီအစဉ်များ ဆွေးနွေးခဲ့ပြီး လက်ရှိတွင် အဆိုပါ မြို့များသို့ စစ်ကော်မရှင်တပ် ပြန်လည်ဝင်ရောက် လာသော်လည်း နှစ်ဘက်စလုံးမှ တစုံတရာ ထုတ်ပြန်ခြင်း မရှိသေးပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ PNO နှင့် စစ်တပ် အဆမတန် ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်ကော်မရှင်တပ်တို့သည့် ဒေသခံများထံ အဆမတန် ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသည်။ လက်ရှိ နောင်ကားကျေးရွာအုပ်စုတွင် PNO၏ စစ်အသုံးစရိတ်နှင့် စစ်ကော်မရှင် အတွက် စစ်မှုထမ်းကြေး တအိမ်လျှင် တိကြိမ် ငွေကျပ် ငါးသောင်းပေးဆောင်ရကြောင်း...

ရွာငံမြို့နယ် အတွင်းရှိ ကျေးရွာများကို စစ်တပ်က ၃ရက်အတွင်း အပြီးပြောင်းရွှေ့ခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြိုင်ကျေးရွာ အုပ်စုရှိ ကျေးရွာများကို စစ်တပ်မှ သုံးရက်အတွင်း ပြောင်းရွှေ့ရန် အမိန့်ထုတ်ထားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၆ ရက်မှ စပြီး ရွာငံမြို့နယ် မြိုင်ကျေးရွာ အုပ်စုအပါဝင် ရွာငံတောင်ပိုင်းမှ ကျေးရွာ အများစုကို စစ်တပ်မှ ပြောင်းရွှေ့ရန် အမိန့်ပေးထားပြီးနောက် ဒေသခံများ...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

မိုးမိတ်မြို့အနီး ၂ ရက်ဆက် တိုက်ပွဲပြန်ဖြစ်၊ စစ်ရေးဆက်လက်တင်းမာနေ

0
သျှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့အနီးတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နင့် စစ်ကော်မရှင်တပ် တို့ အကြား တိုက်ပွဲပြန်လည်ဖြစ်ပွားနေပြီး စစ်ရေး ဆက်လက်တင်းမာနေကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (ဩဂုတ်လ ၁၁ ရက်) မွန်းလွဲ ၁ နာရီခန့်မှစတင်ကာ မိုးမိတ်မြို့နှင့် ၂ မိုင်ခန့်အကွာရှိ ညောင်နီကျေးရွာ အနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ ယမန်နေ့(...

၁၀၅မိုင် ကုန်သွယ်ရေးနေရာ ပြန်ပြင်ဆင်ရန် စစ်တပ်က ကားသမားများထံ ငွေကြေးကောက်ခံနေ

0
အာဏာသိမ်းသမ္မတ ဉီးမင်းအောင်လှိုင်သည် ဇွန်လလယ်တွင် တရုတ်နိုင်ငံခရီးစဉ်ကိုထွက်ခွာခဲ့ပြီး တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင် နှင့်တွေ့ဆုံးခဲ့ကာ တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးကိစ္စကို ဆွေးနွေးခဲ့သည်။ အာဏာသိမ်းသမ္မတဉီးမင်းအောင်လှိုင် တရုတ်ခရီးစဉ်အပြီး သျှမ်းပြည်မြောက်ပိုင်း “၁၀၂၇ စစ်ဆင်ရေး” ဖော်ဆောင်ရာတွင် ပါဝင်ခဲ့သည့် တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် ( TNLA) ကလည်း နေပြည်တော်သို့ချီတက်ခဲ့ပြီး စစ်ကော်မရှင်၏ အမျိုးသားစည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေး...